Pages

Monday, February 11, 2013

တပ်မတော် ( လေ ) ဆိုသည်မှာ

 
လေတပ်ရဲ့ သဘောသဘာဝကို သာမန်လူများ၊ စစ်ရေးအကြောင်း လုံးဝ မသိသူများ၊ လေတပ် ဆိုတာ ဘာတွေ လုပ်ဆောင်ရသလဲ စသဖြင့် မေးခွန်းများစွာ မေးမြန်းသိရှိလိုသူများ အလွယ်တကူ သိရှိနား လည်နို င်စေ ရန် ဖြစ်ပါသည်။


အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံတော် စစ်လေယာဉ်များနှင့်တကွ ယင်းတို့ကိုမောင်းနှင်၍ အချိန်အခါ မရွေး အစဉ်အရန် သင့်ဖြစ်အောင်ထားရှိသော လေတပ်သားများအပါအဝင် ပေါင်းစပ်ထားသော အဖွဲ့ အစည်း ကို လေတပ်ဟုခေါ်သည်။ လေတပ်တွင် တာဝန်ဝတ္တရား အမျိုးမျိုးမြောက်မြားစွာရှိ၏။ တစ်ခါတစ်ရံ သီးခြားေ ဆာင်ရွက်ရ၏။ တစ်ခါ တစ်ရံ ကြည်းတပ်နှင့်ဖြစ်စေ၊ ရေတပ်နှင့်ဖြစ်စေ ပူးတွဲဆောင်ရွက် ရသည်။ လေ တပ်သည် လှည့်လည်ကင်းထောက်ရာ၌ ကြည်းတပ်၊ ရေတပ်တို့၏ မျက်စိ သဖွယ် ဖြစ်သည့် အလျောက် ရန်သူ တို့၏ လှုပ်ရှားမှု၊ စုရုံးမှုများကို ဌာန ချုပ်သို့ အစဉ်သတင်းပေးပို့နေရသည်။
 
ရန်သူ့တိုင်းပြည်မှ စက်မှုလက်မှုလုပ်ငန်းများ ဟန့်တားသွားစေရန် လည်းကောင်း၊ စက်ရုံ အလုပ်ရုံများ၊ သင်္ဘော ဆိပ် လေဆိပ်များ၊ မီးရထား အလုပ်ရုံများကဲ့သို့သော အဆောက်အဦများကို ဖျက်ဆီးပစ်ရန် လည်းေ ကာင်း လေတပ်ကို စစ်ပရိယာယ်တပ်အနေဖြင့် အထူးဖွဲ့စည်းထားလေသည်။ တိုက် စစ်ဆင် ရာ၌ လေတပ် သည် ကြည်းတပ်ကို တိုက်ရိုက်အကူအညီပြု၏။ ကြည်းတပ်မတက်မီ လေတပ် ကကြို တင် ၍ ရန်သူ တပ်များ၏ ခုခံမှုမှန်သမျှ ဗုံးကြဲခြင်း၊ စက်သေနတ်၊ စက်အမြောက်တို့နှင့် ပစ်ခတ်ခြင်း တို့ဖြ င့် ချေမှုန်း ပစ်ရ သည်။ ထို့ပြင် လေတပ်သည် အမြောက်ကြီးတပ်ကဲ့သို့ အရေးကြီး သော လမ်းနှင့်တံ တားများ၊ ရန်သူ့ခံ စစ်ဖြစ်ေ သာ တင့်ကားနှင့် အမြောက် စသည် များကိုလည်း ဖျက်ဆီးချေမှုန်းပစ် ရသ ည်။ လေတပ်သည် ကြည်း တပ်၊ ရေတပ်တို့နှင့် ပူးတွဲဆောင်ရွက်ခြင်း မပြုဘဲ မိမိတစ်ဦးတည်းအနေဖြင့် မြို့ကြီးပြကြီးများ၊ စက် ရုံ အလုပ်ရုံများ နှင့် မီးရထားများကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စစ်အောင်နိုင်သည်ဟု အချို့က ယူဆကြ သည်။ ဤသို့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် လူတို့အား စိတ် ဓာတ်ကျဆင်းစေပြီးလျှင် မိမိတို့အစိုးရအား စစ်ပြေ ငိမ်း ရန် အရေးဆိုကြ သည်ဟုဆိုသည်။ 

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄ဝ ပြည့်နှစ်က ဂျာမန်လေ တပ်သည် ဤနည်းကိုအသုံးပြုခဲ့သော်လည်း ဗြိတိန် ၏ ပြည်စောင့် လေတပ်မတော်က ခုခံကာကွယ်ခဲ့သဖြင့် ဂျာမန်များအရေးရှုံးနိမ့်ခဲ့ရသည်။ ဗြိတိန်၏ ပြည်ေ စာင့် လေတပ်သည် ပြည်ပသို့ထွက်၌ မတိုက်ခိုက်ဘဲ ပြည်တွင်းစောင့် ရှောက်ရန်အတွက် အထူးဖွဲ့ စည်း ထားေ သာ လေတပ်ဖြစ်သည်။ ပထမဆုံးလေယာဉ်များကား မီးပုံးပျံများဖြစ်ကြသည်။ စစ်အတွင်း ရန်သူ များ ကို ကင်းထောက်ရာ၌ မီးပုံးပျံများကို အသုံးပြုခဲ့သော်လည်း ယင်း တို့ကို လေတပ်ဟု မခေါ်နိုင်ေ ပ။ ဗြိတိန်နိုင်ငံတွင် ပထမဆုံးလေတပ်ကို ၁၉၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဘုရင့်အင်ဂျင်နီယာလေတပ် ဖွဲ့ စည်းစဉ် အခါက ဖွဲ့စည်းခဲ့သည်။ ထိုလေတပ်တွင် တပ်ခွဲနှစ်ခုရှိခဲ့၏။ တပ် ခွဲတစ်ခု သည် လေ ယာဉ်ပျံများကို အုပ်ချုပ် ၍ အခြားတပ်ခွဲတစ်ခုသည် လေ သင်္ဘောများကို အုပ်ချုပ်သည်။ ၁၉၁၂ ခုနှစ် ဧပြီလတွင် ထိုလေ တပ်ရင်းကို ရေတပ်ဆိုင်ရာလေတပ်နှင့် ကြည်းတပ်ဆိုင် ရာလေတပ်ဟူ၍ နှစ်ပိုင်းခွဲကာ ဘုရင့်လေ တပ်မတော် ထဲသို့ သွတ်သွင်းလိုက်လေ သည်။ ရေ တပ် ဆိုင်ရာ လေ တပ်ထဲမှ ဘုရင့်ရေတပ် ဆိုင်ရာေ လတပ်ဟု ဖွဲ့စည်းပြီးလျှင် ၁၉၁၈ ခုနှစ်တွင် ထိုလေတပ်ကို ဘုရင့်လေ တပ်မတော်နှင့် ပူးပေါင်း လိုက်လေ သည်။ ထိုအချိန် မှစ၍ ဗြိတိန်နိုင် ငံ သည် လေတပ်ဟူသောအမည်ဖြင့် ပထမဆုံး ဖွဲ့စည်းလိုက် လေသည်။ ဂျာမနီ၊ အီတလီစသော အခြား တိုင်းနိုင်ငံများမှလည်း မိမိတို့၏ သက်ဆိုင်ရာဘာသာအမည်များဖြင့် လေတ ပ်များ ဖွဲ့စည်းလာကြသည်။ 

၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံ ဘုရင့်လေ တပ်မေ တ်ာနှ င့် ပူးတွဲဆောင်ရွက်ခဲ့သော ပိုလန်လေ တပ်၊ ချက်ကိုဆလိုဗက်လေတပ်၊ နော်ဝေးလေတပ် စသည့် အမျိုး သားေ လ တပ်များရှိခဲ့သည်။ ထိုလေတပ်များသည် ယင်းတို့နိုင်ငံများကို ဂျာမန်များ သိမ်းပိုက်ပြီးသ ည့်ေ နာက် ဗြိတိန်နှင့် ဒိုမီနီယန်နိုင်ငံများ၌ လေ့ကျင့်ခဲ့သော လေတပ်များဖြစ်ကြသည်။ ပြင်သစ်ေ လတပ် ကား အစကတည်းကရှိခဲ့သည်။ ဒိုမီနီယန်လေတပ်များတွင် ဘုရင့်ဩစတြေးလီးယန်လေတပ်၊ ဘုရင့် ကနေ ဒီ ယန်လေတပ်၊ ဘုရင့်နယူးဇီလန်လေတပ်နှင့် ဘုရင့်အိန္ဒိယလေတပ်တို့ပါဝင် ကြသည်။ အမေရိ ကန်ပြည်ေ ထာင်စုတွင် ကြည်းတပ်ဆိုင်ရာလေတပ်၊ ရေ တပ်ဆိုင်ရာလေတပ်နှင့် ကမ်းတက်ေ လတပ် ဟူ၍ရှိ သည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အပြီးတွင် သီးခြားလေတပ် များကို လေ တပ် သက်သက်နှင့် ရေတပ်၊ ကမ်းတက်တပ်နှစ်တပ် ကိုပေါင်း၍ ရေ တပ်ဆိုင်ရာလေတပ်ဟူ၍ နှစ် မျိုးသာထားရှိလေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်း၏ ကာကွယ်ရေးစီမံကိန်းများအရ ဖွဲ့ စည်းတည်ထောင်ခဲ့သောလေတပ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့၊ ၁၉၄၇ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ထိုအချိန်က မြန်မာပြည်သည် ဗြိတိသျှတို့၏ လက်အောက်တွင် ရှိနေခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှ တော်ဝင်လေတပ်မတော်မှ လွှဲပြောင်းပေးအပ်သော လူအနည်းငယ်နှင့်အတူ Airspeed Oxfords အစင်း ၄၀၊ de Havilland Tiger Moths အစင်း ၁၆ စင်း၊ Austers ၄ စင်းနှင့် Supermarine Spitfire ၃စင်းတို့ ပါဝင်သည် လေတပ်အသစ်အား လျှင်မြန်စွာ ဖွဲ့စည်းခဲ့ကြသည်။ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ ၏ တပ်မတော်(လေတပ်) အဖြစ်တည်ရှိနေလေသည်။ 


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်