Pages

Monday, February 11, 2013

တရားစီရင်ရေး မဏ္ဍိုင်အား အဖြောင့်မှန်ဆုံး ဖြစ်စေရန် မြို့နယ် တရားရုံး များတွင် သတင်းထောက်များ စောင့်ကြည့်နိုင်ရန် စီစဉ်သွားမည်

ယိမ်းယိုင်စပြုနေသည့် တရားစီရင်ရေး မဏ္ဍိုင်အား ရာနှုန်းပြည့် မဟုတ်လျှင်ပင် အဖြောင့်မှန်ဆုံး ဖြစ်စေရန် မြို့နယ်တရားရုံးများတွင် တရားရုံး သတင်းထောက်များဖြင့် စောင့်ကြည့်နိုင်ရန် စီစဉ် သွားမည်ဖြစ်ေ ကြာင်း ပြည် သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္က သူရဦးေ အာင်ကိုက ပြော သည်။ “ရာနှုန်းပြည့် မဟုတ်တောင် အမှန်ကန်ဆုံဖြစ်စေဖို့အတွက် စတုတ္ထမဏ္ဍိုင် ရဲ့ အကူအညီ ရယူသွား ပါမယ်” ဟု သူရဦးအောင်ကိုက ဆက်လက်ပြောသည်။

ထိုသို့ မြို့နယ်တရားရုံးများတွင် တရားစီရင်ရေးအား စောင့်ကြည့်မည့် သတင်းထောက်များ ဖွဲ့စည်းရာတွင် တရားစီရင်ရေးအား မထိခိုက်နိုင်သည့် လွတ်လပ်သော လှုပ်ရှားမှုများ အားလုံးအား လုပ်ကိုင်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ဆက်လက်ပြောကြားခဲ့ပါသည်။ “မြို့နယ်တစ်ခုမှာ နှစ်ယောက်၊ သုံးယောက်လော က် အထိ ခန့် ထား မယ်” ဟု ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောပါသည်။ လက်ရှိကာလတွင် တရား စီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေသည်ဟုဆိုခြင်းမှာ အုပ်ချုပ်ရေးမဏ္ဍိုင်မှ တရားစီရင်ရေး အပေါ် လွှမ်းမိုးမှု များပြားခြင်းကြောင့်သာ ဖြစ်ကြောင်းလည်း သူရဦးအောင်ကိုက ဆိုပါသည်။

ပြည်သူများမှ နစ်နာသည်ဟုဆိုကာ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသို့ ဆက် လက်စုံစမ်း ပေးနိုင်ရေးအတွက် တိုင်ကြားထားသော အမှုပေါင်း ၂၀၀၀ ခန့်အား သက်ဆိုင်ရာ ရုံးအ ဆင့်ဆင့်သို့ပင် ဆက်လက်တင်ပို့ခဲ့သော်လည်း ဝတ္တရားကျေ စုံစမ်းမှုသာ ပြုလုပ်ကြောင်းလည်း ယင်း က ပြောပါသည်။ ယင်းအပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေးများနှင့် ပတ်သက်၍ လွှတ်တော်တွင်း တင်ပြဆွေးနွေးခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်းလည်း ယင်း၏အဆိုအရ သိရှိရပါသည်။ “တရားစီရင်ရေးမဏ္ဍိုင် မရွှေ့သေးပါဘူး။ ပေးထားတဲ့ အခွင့်အရေးတွေကို By Law နဲ့ ပြန်ထိန်း ချုပ် ထား လို့ပါ” ဟု ယင်းကဆိုပါသည်။ “ဒီခေတ်ကျမှ နာမည်ပျက်နေတဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို အမြန် ဆုံး ပြုပြ င်ရမယ်” ဟု ရှေ့နေများကွန်ယက်မှ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ေ ဖေ ဖာ် ဝါရီလ ၁၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်