Pages

Monday, February 11, 2013

NLD ပါတီဝင်များ သည် အလိုလိုက် အကြိုက်ဆောင် ခိုင်းတာလုပ် အရည်အချင်း မရှိသောသူများသာ ဖြစ်ကြောင်း ဦးဝင်းတင် မှ သွယ်ဝိုက်၍ ပြော

ဟံသာဝတီ ဦးဝင်းတင် က ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနား တွင် "ကျနော်တို့  ပါတီမှာလုပ်တယ် ဆိုတာ နွားလိုလုပ် တယ်၊ နွား လို ပဲ နောက်ေ နပြီးေ တာ့ ဖြောင့်ဖြောင့် လိုက်တယ်၊ ဒါ ကျနော်တို့ စိတ်ကူးပဲ၊သို့သော် ကျနော်တို့ ဟာ နွား မဟုတ် ဘူး၊ နွားလို ကျင့်ဖို့မလိုဘူး " ဟု ဦးဝင်းတင် ကဆိုသည်။

အဆိုပါ စကားအရ NLD ပါတီဝင်များ သည် ဒေါ်စု၏ စကား ကိုသာ နားထောင်ပြီး ခိုင်းတာသာ လုပ် တ တ်ေ သာ ၊ မည့်သည့် အကြံဥာဏ် ခံယူချက် စဉ်းစားတတ်သော ဦးနှောက် မရှိသော၊ အလိုလိုက် အကြို က်ေ ဆာင် ခိုင်းတာလုပ် အရည်အချင်း မရှိသောသူများ ဖြစ်ကြောင်း သွယ်ဝိုက်၍ ပြော သကဲ့ သို့ ဖြစ်နို င်ပြီး နောက်တစ်ချက် မှာ ဒေါ်စု၏ ငါတကောကော လုပ်ဆောင်မှူများ ကို အမြင်မကြည် လင်တော့ေ သာေ ကြာင့်  ငေါ့တော့တော့ ပြောခြင်းလား ဟု သုံးသပ် ရပါ သည် ။

ထို့အပြင် ပါတီတွင်း အမှန်တကယ် အနစ်နာခံ ဆောင်ရွက်ခဲ့သူ သက်ကြားအိုနိုင်ငံရေး သမားကြီးများ နှင့် အစေးမကပ် တော့ဘဲ နောက်ပေါက် နုနယ်ပျိုမြစ်သော လူငယ်ခြေသွက် လက်သွက် ကလေးများ အား ဦးစားပေး အလေးထား နေခြင်း ၊ နိုင်ငံရေး ကိစ္စများတွင် မျှော်လင့်ထား သလောက် ဖြစ်မလာခြင်း ၊ ရခိုင် ပြဿနာနှင့် ကချင် အရေး ကိစ္စများတွင် လက်ရှောင်ခဲ့ သောကြောင့် ပါတီအား လူထု ယုံကြည် အားကိုးမှု ကျဆင်းလာခြင်း ၊ နိုင်ငံတွင်း ကိစ္စများတွင် ပါတီမှ ၀ါရင့်နိုင်ငံရေး သမားများ မှ ကျဆင်းနေသော လူထုထောက်ခံမှု ပြန်လည်ရယူနိုင်ရန် နိုင်ငံရေး အရ အမြတ်ထုတ် ဆောင်ရွက်စေလိုေ သာ် လဲ ဆောင်ရွက်နိုင်မှု စွမ်းရည် မရှိဘဲ နိုင်ငံခြား တိုင်းပြည်များ သို့သာ အပျော်ခရီး သွားရောက် လည်ပတ်နေခြင်း ၊ တောင်ကိုရီးယား တွင် တောင်ကိုရီးယား အလိုကျ ခြေလွတ်လက်လွတ် မဆင်မခြင် ပြောခဲ့သော " ဂျပန်နိုင်ငံမှ ဒုတိယ ကမ္ဘာစစ်လုပ်ရပ်များ အတွက် လူသိရှင်ကြား တောင်းပန် သင့် သည် " ဆိုသည့် စည်းမရှိ ဘောင်မရှိသော ၊ မိမိစကား ဘယ်ရောက် လို့ ဘယ်ရောက်မှန်းမသိ သော စကားကြောင့် NLD အပေါ် ဂျပန်နိုင်ငံ နှင့် ဂျပန်လူမျိုးများ ၏ အထင်အမြင် သေး ခံနေရခြင်း တို့ကြောင့် ပါတီတွင်း ပါတီဝင် ၀ါရင့် သက်ကြီးပိုင်း နိုင်ငံရေး သမားအိုကြီးများ ၊ ဦးဝင်းတင် နှင့် ဒေါ်စု တို့ အကြား မကျေလည်မှူ များ ရှိနေပြီး အချိန်မရွေး ပေါက်ကွဲ သွားနိုင်သော အခြေအနေတွင် ရှိနေကြောင်း လဲ ပါတီတွင်း အတွင်း စကားများ အရ သိရှိရပါသည်။

စော သီဟ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်