Pages

Monday, February 11, 2013

နိုင်ငံ့ ဂုဏ်ဆောင် အားကစား သမားဟောင်းများ အားကစား ဝန်ကြီးဌာနသို့ ဆက်သွယ် ဆောင်ရွက် ကြပါရန် ဖိတ်ကြား

 
အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ ကြ သည့် အောင်မြင်မှု (ရွှေ၊ ငွေ၊ ကြေး) ဆုတံဆိပ် ရရှိခဲ့ကြသူများကို အားကစားဝန်ကြီးဌာနက ဂုဏ်ပြုနိုင်ရေး အတွက် လည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် တစ်တပ် တစ် အား ပါဝင်ကူညီ ဆောင်ရွက်နိုင်စေရေး အတွက် လည်းကောင်း အဆိုပါ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ် ရရှိခဲ့ကြသူများသည် မိမိအမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ရယူခဲ့သည့် ဆုတံဆိပ် အမျိုး အစား၊ အားကစားနည်း၊ ပြိုင်ပွဲခုနှစ်၊ အားကစားပြိုင်ပွဲ အမည်တို့ကို ဖော်ပြ၍ နေပြည်တော် အားက စားလေ့ကျင့်ရေးစခန်း Gold Camp ၊ ဖုန်း-၀၆၇-၄၂၂၁၃၆၊ ၀၆၇-၄၂၂၆၁၈ နှင့် ဖက်စ်-၀၆၇ -၄၂၂၁၃၇ တို့သို့ ဆက်သွယ်စာရင်း ပေးပို့ကြပါရန်နှင့် အားကစားဝန်ကြီးဌာနမှ ဆက်သွယ်ခေါ်ယူပါက လာရောက် ကြပါရန် ဖိတ်ကြားထားကြောင်း သိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်