Pages

Monday, February 11, 2013

မန်း ကျုံးရေပြင် လူသေအလောင်းတွေ့ 


မန္တလေးမြို့ ၊ အောင်မြေ သာစံမြို့နယ် ၊ ၆၆ လမ်း ၊ ၁၆x၁၇ လမ်းကြား ကျုံးရေပြင်တွင် ဖေဖော်ဝါရီလ ၉ရက်နေ့က အလောင်း တစ်လောင်း ပေါ်နေကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ အကြောင်းကြားသဖြင့် အမှတ်(၂) ရဲစခန်းမှ တာဝန်ရှိ သူများက သွားရောက် စစ်ဆေးခဲ့သည်။ သေဆုံးနေသူမှာ အမျိုးသား တစ်ဦးဖြစ်ပြီး အမှတ် -၁၊ အမှတ် -၉ရဲစခန်းများသို့လူပျောက် တိုင်ကြားထားရှိသော ကို ထွန်းနောင်လေး (၂၉)နှ စ် မဟာမြိုင် အပိုင်း ၂ တွင်နေသူ ဖြစ်ကြောင်း ၄င်း၏ အစ်ကို တော်သူ က အတည်ပြု ထားပြီး ဖြ စ်ေ ကြာင်း သိရသည်။ အလောင်းအား ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက် စစ်ဆေး ရန်ေ ဆး ရုံပို့ပြီး PR -13ဖြင့် လက်ခံထားရှိပြီး သေမှုသေခင်း အမှတ် 4/2013အရ အမှုဖွင့် ထားကြောင်း အမှတ် (၂)ရဲစခန်းမှ တာဝန်ကျ ရဲမှူးက ပြောသည်။
Popular Myanmar News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်