Pages

Monday, February 11, 2013

ဆင်းကတ် ပျောက်ဆုံးပျက်စီး လျှောက်ထားခြင်း၊ အင်တာနက် လိုင်းဖွင့်ခြင်း လုပ်ငန်းများအား နေ့ချင်းပြီး ဆောင်ရွက်ပေးနေ


မိုဘိုင်းဖုန်းများတွင် ဆင်းမ်ကတ် ပျောက်ဆုံးပျက်စီး လျှောက်ထားခြင်းများနှင့် အင်တာနက်လိုင်းဖွင့်ခြင်း ဝန်ဆောင်မှုများအား နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရပါသည်။ မိုဘိုင်းဖုန်းများတွင် ဆင်းမ်ကတ် ပျက်စီးခြင်းများအတွက် လျှောက်ထားရာတွင် အခမဲ့လဲလှယ်ပေးမည် ဖြစ်ပြီး ပျက်စီးသည့် ကတ်မူရင်း၊ ပျက်စီးကြောင်း ဝန်ခံချက်စာနှင့် ဝယ်ယူခဲ့သည့် စာချုပ်မိတ္တူနှင့် မူရင်း၊ မှတ်ပုံတင်မိတ္တူနှင့် မူရင်းတင်ပြရန် လိုအပ်ကြောင်း သိရှိရပါသည်။

ဆင်းမ်ကတ် ပျောက်ဆုံးခြင်းများအတွက် ကျပ် ၂၀၀၀၀ ပေးသွင်းရန်လိုအပ်ပြီး ပျောက်ဆုံးကြောင်း ဝန်ခံချက်စာနှင့် ဝယ်ယူခဲ့သည့် စာချုပ်မိတ္တူနှင့် မူရင်း၊ မှတ်ပုံတင်မိတ္တူနှင့် မူရင်းတင်ပြရန် လိုအပ်ကြောင်း သိရှိရပါသည်။ “အရင်တုန်းကလို အကြာကြီး မစောင့်ရတော့ဘူး။ အခု နေ့ချင်းပြီး လုပ်ပေးနေပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် အင်တာနက် လျှောက်ထားရာတွင် ကျပ်တစ်သောင်းအပြင် ဆင်းမ်ကတ် လျှောက်ထားစာနှင့် တစ်ပတ်အထိ ကြာမြင့်ခဲ့သော်လည်း လက်ရှိကာလတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရပါသည်။ “မနက်လာလျှောက်တာနဲ့ ညနေဘက်ဆိုရင် အင်တာနက်လိုင်း ပွင့်ပါပြီ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်