Pages

Monday, February 11, 2013

လိုင်ဇာအထိ လမ်းလျှောက်မယ့် လမ်းလျှောက်သူတွေ သဘောထား ကွဲကုန်ပြီ

 
ကချင်ပြည်နယ်လိုင်ဇာမြို့အထိလမ်းလျှောက်ထွက်ခွာလာသော ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှေ ခါင်းေ ဆာင် ရန်နိုင်ထွန်း အပါအ၀င် (၅)ယောက်သည် အတူလိုက်ပါလာသော ကားများအား မလိုပါဟုပြော ဆိုနေပြီး ၊ကူညီသူများမှာ ပေါ်ပင်များဖြစ်ကြောင်း မိမိတို့ကို အသုံးချနေကြောင်းခံစားလာရကြောင်း အသံများထွက်လာပါသည် ။အဆိုပါသူတို့ကြောင့် မိမိတို့ လမ်းလျှောက်သည့်ရည်ရွှယ်ချက်ကို ထိခိုက် လာကြောင်း ယခင်ရက်များက ပေါက်ကြားခဲ့သော လမ်းလျှောက်သူများ ကားခိုးစီးကြ ကာ မြို့တွင်း များ လူနေ ရာ အရပ်များတွင်သာ လမ်းဆင်းလျှောက်ပြကြသည့် ဓါတ်ပုံများကြောင့် အရှက်ကွဲမှူ များဖြစ်လာ ပါသည် ။ထို့အပြင်  ရန်ကုန်မှအတူလိုက်ပါလာသောဦးအောင်မြင့် (ဘိုကလေး) သည် ငြိမ်း ချမ်းရေး အတွက်လမ်းလျှောက်ခြင်းမဟုတ်ပဲ ယခုအခါ  ပြည်တွင်းစစ် လုံးဝရပ်စဲရေး နှင့်နိုင် ငံရေး အကျဉ်း သားလွတ်မြောက်ရေး ဟု ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးစွက်ဖွက် အသုံးချ မှူ ပြု လုပ် လာပြီး ငြိမ်း ချမ်းရေးလမ်းလျှောက်သူများနှင့် ခေါင်းဆောင်နေရာယူလာခြင်းများ နိုင်ငံရေး စကား များပြောဟော လာမှုများ အပြင် ၄င်းတို့ဘာသာ မကျန်းမာမသန်မာပဲ ခလုတ်တိုက်လဲသဖြင့် ခြေခေါက်သည်ကို လမ်းမေ ကာင်းခြင်းကြောင်း ဆိုပြီး အစိုးရကို အပြစ်တင်သလိုလိုနိုင်ငံရေး ဆန်ဆန် ပြောစကားများဖြစ် လာခြင်းကြောင့် လမ်းတလျောက်တွင် လမ်းလျှောက်ရန် စီစဉ်သူ လူငယ်များကလည်း မလေးမစား မိုက်ရိုင်း စွာပြော ဆိုဆက်ဆံမှူများ ရှိလာပြီဖြစ်ပါသည် ။ကျွန်တော်တို့သွားမှာ တိုက်ပွဲတွေ မိုင်းတွေ ရှိတဲ့ တိုက်ပွဲနေရာတွေကို ဖြတ်ပြီး သွားမှာအခု ပေတရာ ကတ္တရာလမ်း မှာတောင် ခလုတ်တိုက်ပြီး အကြောလွဲတာကို နိုင်ငံသိအောင် အော်ပြသည်းပြနေတာ ကျွန်တော်တို့အဖွဲ့အတွက် အရှက်ရပါတယ် လို့ လူငယ်တွေက သတင်းယူသော သတင်းထောက်များ နှင့် ကားဆိုင်ကယ်စီစဉ်ပေးသူများ အားပြော ကြားေ သာ် လည်း မည်သည့်သတင်းမှဖော်ပြခဲ့ခြင်းမရှိပါ ။




ထိုအခါ ဦးအောင်မြင့်နောက်ကွယ်မှ နိုင်ငံရေးသမားများနှင့် ၈၈ ကျောင်းသားမျိုးဆက်အဖွဲ့နှင့် ချိတ် ဆက်ေ ဆာင် ရွှက်နေသူ နေမျိုးဇင်တို့လက်ချက်ဖြင့် “ အာဏာပိုင်များမှ တာဆီးခြင်းမရှိသော နိုင်ငံေ ရး အကျဉ်း သား လွတ်မြောက်ရေး ဆောင်ရွက်နေ မှု အပေါ်ကန့်ကွက်နေခြင်း၊ မိမိထက်အသက် ကြီး သူများအား ရိုင်းပြစွာ ဆက်ဆံပြီး ၊ကူညီသူများအား နာမည်လိုချင်သူများဟု စွတ်စွဲနေသည်ဟု အကြောင်းပြပြီး လမ်းေ လျှာက် ရန် စီစဉ်သူမူလလူငယ်များအား  6.2.13 နေ့တွင်မိတ္တီလာမြို့ပွင့်လင်းလူ့ အဖွဲ့အစည်း မှ ပေး ပို့သောသ၀ဏ်လွှာနှင့် ဦးဂမ္ဘီရပေးပို့သော ငြိမ်းချမ်းရေးအလံအား ပြန်ပေးကာပြန်ပေးကာ ကြိုတင် လက် ဦး မှူ ယူ အပုတ်ချသည့်နည်းဖြင့် အဖွဲ့များကွဲလာရပါသည် ။

လူငယ်များက ငြိမ်းချမ်းရေးအတွက် အဖမ်းခံရမည်လား တားဆီးကြမည်လား မသိခင်ကတည်းက လမ်းေ လျှာက် ရန်စီစဉ်ခဲ့ကြပြီး အနှောင့်မယှက်မရှိမှ နောက်မှ ပူးပေါင်းလာသူများအား အမြင်မကြည်သလိုနိုင်ငံေ ရး သမားများမှ အစားအသောက် ကား စသည်တို့ဖြင့် ငွေအားပူပေါင်းကာ ကူညီသယောင်ယောင်နှင့်နိုင်ငံေ ရး အကျဉ်းသားလွတ်မြောက်ရေးဟု ခေါင်းစဉ်တစ်ခုတပ်လာခြင်းကြောင့် ထိုနိုင်ငံရေးသမားများအား မိုက် ရိုင်းစွာ ဆဲဆိုလာမှုများ နှင့် မိမိတို့အကြံကို သိရှိသွားသောကြောင့် အဆိုပါ မူလစီစဉ်သူလူငယ်များ ဆီက အသံထွက်မလာခင် ၄င်းတို့ဘက်မှ ကြိုတင်စီစဉ်ကာ  လူငယ်များမှ မိမိတို့နိုင်ငံရေးသမားများ အလှူရှင် များအား စော်ကားလာပြီဟုသဘောဖြင့် “ရန်နိုင်ထွန်း မိုက်ရိုင်းရမ်းကားနေမှုနှင့် စပ်လျဉ်းပြီး တာဝန်ရှိသူများထိန်းသိမ်းပေးကြပါရန်နှင့် ရန်နိုင်ထွန်းအား ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည် ၊ ခေါင်းဆော င်နေ ရာနှင့် မထိုက်တန်ပါ အင်မတန်မိုက်ရိုင်းပါသည် ၊ ဦးအောင်မြင့် (ဘိုကလေး) သည်လည်းမကြာမီ လမ်း ခွဲပြီး လိုက်ပါစောင့်ရှောက်မှု အားရပ်ဆိုင်းပါမည် ၊ အရေးပေါ် အခြေ အနေတွင်သုံးရန် ကားများ အား လည်း အလှုရှင်များမှ ပြန်လည်သိမ်းဆည်းပါမည်“အပုတ်ချသည့်အနေဖြင့် သတင်းများလျှောက်ရေး လိုက်ကြပြီဖြစ်ပါသည် ။

                               
  ငြိမ်းချမ်းရေးလမ်းလျှောက်သူများ လူလစ်သည်နှင့်ကား/ဆိုင်ကယ်များ ခိုးစီးကြကာ  လူမြင်သူမြင်အရပ်များမှသာ လမ်းလျှောက်ကြသည်ကို အောက်ပါပုံများတွင် ကြည့်ပါ







(ဓါတ်ပုံများကို This's Call's Myanmar ၏ facebook မှရယူပါသည်)
 
မောင်ကျောက်ခဲ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်