Pages

Monday, February 11, 2013

နှစ် ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ် အရန်တပ်ရင်း မော်လမြိုင် တက္ကသိုလ်တွင် ပြန်လည်ဖွဲ့စည်း


နှစ်ပေါင်း ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်း အား ပြန်လည် ဖွဲ့စည်းခဲ့ ရာ မော် လမြိုင်တက္ကသိုလ်မှ ကျောင်းသား ၁၁ဝ ဦးတက်ရော က်ပြီး အခြေခံစစ်ပညာ သင်ကြားခဲ့ကြောင်း ၄င်းတ က္က သိုလ် မှ သိရသည်။ ပညာရေး ဝန်ကြီးဌာန၊ အဆင့် မြင့်ပညာ ဦးစီးဌာန၊ အောက် မြန်မာပြည်၊ ၂ဝ၁၂-
၂ဝ၁၃ ပ ညာ သင်နှစ်၊ တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများအား အခြေခံစစ် ပညာသင်တန်းဖွင့်ပွဲ အခမ်းအ နားကို ဖေဖော်ဝါရီ ၅ ရက် နေ့က မော်လ မြိုင် တက္ကသိုလ် ပင်မဆောင် အခန်း ၁၅ ၌ ပြုလုပ်ကြောင်း သိရသည်။

တက္ကသိုလ် အရန်တပ်ရင်း အမှတ်(၁)ကို ရန်ကုန်၊ အမှတ်(၂) ကို မန္တလေး၊အမှတ်(၃)ကို မော်လမြိုင် တို့တွင် လည်းကောင်း စတင်ဖွဲ့ စည်းခဲ့ကြောင်း၊ ၁၉၈၇ -၁၉၈၈ ခု နှစ်အထိ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း ကာလက စတင်ပြီး အဆက်ပြတ်သွားကြောင်း၊ မော်လမြိုင်အနေဖြင့် တပ်ဖွဲ့ဝင် ၅၁၈၄ ဦးကို အခြေခံစစ်ပညာ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

ပထမအကြိမ် တက်ရောက် သော သင်တန်းသားများမှာ မော် လမြိုင် တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ တတိယနှစ် ကျောင်းသား ၁၁ဝ ဦးဖြစ်ပြီး သင်တန်းကိုဖေဖော် ဝါရီ ၅ ရက်နေ့မှ စတင်ပြီး တစ်ပတ် လျှင် ငါးရက် ၁၆ ပတ် တက်ရောက် ရမည်ဖြစ်ကြောင်း သိရသည်။

ထူးထူး ( မော်လမြိုင် )

Popular Myanmar News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်