Pages

Tuesday, January 29, 2013

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်


မိုဘိုင်းဖုန်းများကို လက်ရှိ ဈေးနှုန်းထက် များစွာ သက်သာသာ ဈေးနှုန်း များဖြင့် ရောင်း ချ ပေးသွား မ ည် ဖြ စ်ကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ယနေ့ ကျင်းပသော အမျိုး သား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေး (န၀မနေ့)တွင် ဖြေကြားခဲ့သည်။ 

ငြိမ်းချမ်းရေး အတွက် တဲ့ ပူတာအို မှာ ဆန္ဒပြ ပြန်ပြီ


ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို ဒေသခံတိုင်းရင်းသား ရပ်မိရပ်ဖအဖွဲ့များက ဦးဆောင်၍ ပူတာအိုမြို့တွင် ယနေ့ (ဇန်န၀ါရီ ၂၉) နံနက် ၁၀ နာရီမှ စတင်ပြုလုပ်နေကြောင်း သတင်း ရရှိ သည်။

တာဝန်ကျေပွန်ပြီး စစ်ရေးစွမ်းရည် ထူးချွန်မှုများကြောင့် စစ်မြေပြင်တွင် အဆင့်တိုးမြှင့်ကြသူများ


ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သည့် အချိန်မှ စ၍ အကန့်အသတ်ဖြင့် ဆင်နွှဲခဲ့ရသော စစ်ပွဲ အတွင်း တာဝန်ကျေပွန်ပြီး စစ်ရေးစွမ်းရည် ထူးချွန်သည့် အရာရှိ၊ စစ်သည်များအား တစ်ဆင့်မြင့်ရာထူး (Jump promotion) စစ်မြေပြင် အဆင့်တိုးပေးခဲ့သည်ဟု သိရသည်။

စစ်မြေပြင် အဆင့်တိုးမြှင့်ခြင်း ခံရသည့် အရာရှိ၊ စစ်သည်မှာ ဆုံးဖြတ်ချက် မှန်ကန်ခြင်း၊ ရဲရင့်မှု ရှိခြင်း၊ ကာကွယ်မှုနှင့် လုံခြုံမှု ရှိခြင်း၊ တာဝန်ကျေ ပွန်ခြင်း ၊ စစ်ရေးစွမ်းရည် ထက်မြက်ခြင်း စသည့် အချက်များ အပေါ် မူတည်၍ အထူးကိစ္စ တစ်ရပ်အနေဖြင့် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။


ငြိမ်းချမ်းရေး အလှမ်းမဝေးပါ


ကျွန်တော့စားပွဲပေါ်က အယ်လ်ဘမ်အဟောင်းလေးထဲမှာ ဓာတ်ပုံတစ်ပုံရှိသည်။ ဓာတ်ပုံက အခမ်း အနားေ တွ အပြီးမှာ ရိုက် လေ့ရှိသည့် စုပေါင်းဓာတ်ပုံ Group Photo ဖြစ်သည်။ ပုံထဲမှာ စစ်ဝတ်စုံဝတ်ထားသူတွေ ပါသ လို အရပ်ဝတ် အရပ်စား နဲ့သူတွေလည်းပါသည်။တစ်ချို့ကထိုင်၍တစ်ချို့က ရပ် လျှက် ။ နှစ်နှစ်ဆယ်နီးပါးကြာခဲ့ပြီဖြစ်သည့်အတွက် ဓာတ်ပုံ က အရောင် ပျက်ချင်ချင်၊ အရွယ် အစား ကလ ည်း ဟိုတုံးကအသုံးများသည့်ပို့စ်စကဒ်ဆိုက်ဆိုတော့မျက်နှာတွေကမထင်ရှား။ တကယ် လို့ ပုံကြီးချဲ့ ကြည့် လိုက် မယ်ဆိုရင်တော့ ပုံထဲကလူတွေအားလုံးရဲ့ မျက်ဝန်းတွေထဲမှာ ကြီးမားသည့် လုပ်ငန်း တာဝန် တစ် ခုကို  အောင်မြင်အောင် ဆောင်ရွက်နိုင်သူတွေဆီမှာ တွေ့ရမြဲဖြစ်သည့် ကျေနပ်ခြင်း၊ ဂုဏ်ယူခြင်း အရိပ် လက္ခ ဏာတွေကို တွေ့ရမည်မှာ သေချာပါသည်။


၁၉၉၄ ခုနှစ်  ဖေဖော်ဝါရီလ ၂၂  ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမှတ်တရ ဓါတ်ပုံ

KIA အဖွဲ့ ရတနာတောင်တန်း ကုမ္ပဏီအား မိးရှို့ဖျက်ဆီး



ကိုယ်ပိုင်မီဒီယာကို ကိုယ်ကျိုးစီးပွားအတွက်အသုံးချနေသော 11 MEDIA GROUP



နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအဖြစ် လက်ရှိအစိုးရလက်ထက်တွင် သတင်းမီဒီယာများကို အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာရေးသားထုတ်ဝေမှုများ ခွင့်ပြုခဲ့သော်လည်း အချို့မီဒီယာများအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် ကိုယ်ပိုင်သတင်းဌာနများကို အသုံးချနေကြောင်း လေ့လာသူများက ဝေဖန်လိုက်သည်။ သတင်းစာနယ်ဇင်းကျင့်ဝတ်တွင် သတင်းဌာနများ ဂျာနယ်များအနေဖြင့် အများပြည်သူ အကျိုးစီးပွား ဗဟုသုတရရှိစေရန် ပွင့်လင်းလွတ်လပ်စွာ ဝေဖန်အကြံပေး ရေးသားနိုင်ခွင့်ရှိသော်လည်း အချို့မီဒီယာများအနေဖြင့် မိမိတို့၏ ညီနောင်စီးပွားရေးလုပ်ငန်းများအတွက် မီဒီယာလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်းအသုံးချလျက်ရှိကြောင်း၊ စတုတ္ထမဏ္ဍိုင်အဖြစ်ရပ်တည်နေသည့် သတင်းမီဒီယာများအနေဖြင့် ထိုသို့သောရေးသားဖော်ပြမှုများကြောင့် ပြည်သူလူထု၏ ရေရှည်ယုံကြည်ကိုးစားမှုများ လျော့ပါးလာနိုင်ကြောင်း မီဒီယာလောကတွင် တီးတိုးပြောကြားလျက်ရှိသည်။ 


ကာကွယ်ရေး ဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်
 
 
 
၁။ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအချို့ သံဃာအချို့နှင့် စာနယ်ဇင်းအချို့တို့မှ မမှန်မကန်သတင်း များနှင့် အစိုးရနှင့်တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေမည့် သတင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။

Monday, January 28, 2013

ကေအိုင်အေ နှင့် တိုက်ပွဲ ဆင်နွှဲနေသော တပ်မတော် သားများအား စစ်မြေပြင် အဆင့်တိုး (Jump Promotion) များ ချီးမြှင့် ဂုဏ်ပြု


မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ကေအိုင်အေနှင့် တိုက်ပွဲဆင်နွှဲနေ သည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအား အပင်ပန်း အဆင်းရဲ ခံပြီး တာဝန်ကျေပွန်မှုများကြောင့် စစ်မြေပြင် အဆင့်တိုး( Jump Promotion) ပေးအပ် ချီးမြှင့်သွား မည် ဖြစ်ကြောင်း သိရသည်။ 

တိုင်းပြည် ငြိမ်းချမ်းရေးအတွက် ပေးအပ်သည့် တာဝန်ကို အသက်စွန့်ထမ်းဆောင်သည့် အတွက် အဆိုပါ တိုက်ပွဲ ၀င် တပ်မတော်သားများအား လေးစား ဂုဏ်ယူစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။ 
 

အစိုးရ နှင့် KIO အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲကို ၀ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA က ကြားဝင် ဆောင်ရွက် ပေးမည်ဟု ဖိတ်ခေါ်



အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ၀ပြည်သွေးစည်း ညီ ညွတ်ေ ရး အဖွဲ့ UWSA က ကြားဝင်ဆောင်ရွက်ပေးမယ် လို့ ဖိတ်ခေါ်ထားကြောင်း ၀ပြည်သွေးစည်း ညီ ညွှတ်ေ ရး အဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။

နှစ်ဖက် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ ဆွေးနွေး ဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
 

တရုတ် - အမေရိကန် နိုင်ငံခြားရေး ပေါ်လစီ ကစားပွဲ ကြားက မြန်မာ နိုင်ငံသစ်


ပြီးခဲ့တဲ့ ၂၀၁၁ မှာ အာဏာရရှိလာပြီးကတည်းက သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာအစိုးရဟာ ၎င်းရဲ့စွမ်းအား တွေကို ပြည်တွင်းရေး ကိစ္စတွေအပေါ်ကို အထူးအာရုံစိုက် လာခဲ့တာ   တွေ့ နေရ ပါ တယ်။ မြန်မာ အစိုးရဟာ စီးပွားရေးကို ပြန်လည်အသက်ဝင်အောင်လုပ်ဆောင်တာ ၊ နိုင်ငံရေး ကိုဖြေ   လျှော့ပေး တာ၊ တိုင်းပြည်ရဲ့ အစွန်အဖျားမှာ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ ဆယ်စုနှစ်များစွာ တည်ရှိ လာတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပဋိပက္ခကို အဆုံးသတ်သွား ဖို့ ကြိုးစားလာ တာ တွေ ကို တွေ့  ရပါ တယ်။ ဒါက အစိုးရသစ်ရဲ့ လုပ်ဆောင်မှုစာရင်း အာဂျင်ဒါ agen da ပါ။ ဒါပေမယ့် ဒီလိုမျိုး ပြုပြင်ပြောင်း လဲ မှု တွေကို စီတန်းလုပ်ဆောင်ခဲ့ပေမယ့် နေပြည်တော်အစိုးရဟာ ၎င်းရဲ့နိုင်ငံခြား ဆက်ဆံရေးတွေ ကို လည်း ပြန်လည်ချိန်ညှိဖို့ နည်းလမ်းသစ်တွေ ရှာဖွေလာခဲ့တာလည်းတွေ့ ရပါတယ်။

ဒီမိုကရေစီ နိုင်ငံလည်း ခရိုနီ ဆိုတာ ရှိဦးမှာပဲ ဟု ဦးတင်ဦး ပြော



လက်ရှိနိုင်ငံတော်သမ္မတ အနေဖြင့်ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းနေသော်လည်း ဒီမိုကရေစီကို အခွင့်ကောင်းယူ ကာ အစိုးရနှင့်ပူးပေါင်း၍ ကိုယ်ကျိုးစီးပွားအတွက် စီးပွားရှာနေ မည့် ခရိုနီများလည်း ဆက်ရှိနေ မည်ဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ နာယက ဦးတင်ဦးက ဇန်န၀ါရီလ ၂၂ရက် တွင် Hot News Journal သို့ပြောသည်။

ကျောင်းသားဘ၀မှ မတက်သည့် ကျောင်းသားအိုများသို့



ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ မြန်မာနိုင်ငံလုံး ဆိုင် ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး၊ အထက် ဗမာပြည် ကျောင်းသား၊ အောက် ဗမာပြ ည် ကျောင်း သား၊ မြောက်ပိုင်း ကျောင်းသား၊ တောင်ပိုင်းကျောင်းသား များပြားလိုက် တဲ့ မြန် မာ ကျောင်း သား အ ဖွဲ့များ ပါပေ။ သို့ သော် ထိုကျောင်းသား အားလုံးသည် စာအုပ်နှင့် ဘောပင်ကို ကိုင်ပြီး စာ ကြည့် တိုက် တွင် ကိုယ့် ဘ ၀ တိုးတက် ရေး ကြိုးစားကြသည့် ကျောင်းသားများတော့ မဟုတ် ကြ။
 

ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်


ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား လစ်လပ်လျက်ရှိသော သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ (ဇန်န၀ါရီ ၂၈ ရက်) တွင် ဇန်န၀ါရီ ၂၂ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းရ ရှိသည်။
 

ကချင်ဒေသတွင်း ခံစစ်စခန်းများ ဆုံးရှုံး ခဲ့သော်လည်း လက်နက် သစ်များ ထပ်မံ ရရှိနေသော ကေအိုင်အေနှင့် နောက် ကွယ်မှ အထောက် အပံ့များ





၂၀၁၃ ဇန်န၀ါရီလ ၂၆ ရက်နေ့၌ ကေအိုင်အေတို့၏ ကချင်ဒေသ အတွင်း နောက်ဆုံး ခံစစ်စခန်းဟု ဆိုနိုင် သည့် ခယာဘွမ် တောင်ကုန်းအား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လ ည်း ကေအိုင်အေ အဖွဲ့များ သို့ ချပ် ၀တ် ကျည်ကာ ၀တ်စုံများ၊ ပေါက်ကွဲအား ပြင်းထန် သော လက်နက်များ၊ လေယာဉ်ပစ် ဒုံးလက် နက် သစ် များ ထပ်မံ ရောက်ရှိနေကြောင်း စုံစမ်းသိရှိခဲ့ရသည်။ ယခင်က ABSDF မြောက်ပိုင်း အဖွဲ့များ သာ ၀တ် ဆင် ခဲ့သည့် ကျည်ကာ ၀တ်စုံနှင့် ကျည်ကာ ဦးထုပ် များကို ယခု ကေအိုင်အေ အဖွဲ့များတွင်ပါ တွေ့မြင် လာရသည့် အပြင် လက်နက်သစ် များကိုလည်း ရွှေ့ပြောင်း မှုများ ပြုလုပ်နေသည့် သတင်းများ ရရှိေ နကြောင်းလည်း သတင်းများ အရ သိရှိရပါသည်။
 

ဗိုလ်ကြီး" ဟောင်း " နေမျိုးဇင်မှ အုပ်ချုပ်ရေး အဖွဲ့ အား စော်ကားလိုက်ပြီ



 
၁ ။ ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်ပြီး နာမည် တွင်ဖို့ ကြိုးစားနေသလော ။ မြို့ နယ်အုပ်ချုပ်ရေး အဖွဲ့ နှင့် မြို့ ခံ များအား ၊ ရန်တိုက်ပေးပြီး ။ ပြဿနာများ ဖြစ်ပွါးအောင် ငြိမ်းချမ်းရေးဆိုတဲ့ ပန်း ကို ခေါင်းမှာပန်ပြိး ဆူပူ မှုဖြစ်အောင် ဖန်တီးနေသည် ။

ဆက်သွားချင်သေးတယ် ဆိုရင်