Pages

Monday, March 4, 2013

ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆွမ်လွတ်ဂမ် ထံသို့ KIA မှ သေဒဏ်ချမှတ်ခြင်း ခံရသော အရာရှိတစ်ဦး၏ ဇနီး မှပေးပို့လာသော အသနားခံတိုင်ကြားစာ


 
ယုံကြည်လေးစားရပါသော KIO ဥက္ကဌကြီးရှင့်
 
ကျွန်မနာမည် ခေါနန်မ်ပါရှင်. ကျွန်မမှာ သားတစ်ယောက်၊ သမီး တစ်ယောက်နဲ့ ကလေးနှစ်ယောက်ရှိပြီး ရှဒူစွပ်ရွာမှာ မိဘများနဲ့အတူေ တာင်ယာအလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နေပါ တယ် ရှင်။ ကျွန်မရဲ့ယောက်ျားကတော့ ကချင်ဒေသကြီး လွတ်လပ်ဖို့အတွက် တိုက်ပွဲဝင်မယ်ဆိုပြီး သူ ယုံကြ ည်တဲ့ KIA ထဲကို ဝင်သွားတာ အခုဆိုရင် (၈)နှစ်ကျော်ရှိသွားပါပြီ။ တစ်နှစ်တစ်ခါလောက် ကျွန်မ တို့ရွာကို ပြန်လာပြီး သားသမီးတွေနဲ့ ပျော်ပျော်ပါးပါးနေပါတယ်ရှင်။ 
 
စစ်ဖြစ်နေတဲ့ကာလအတွင်းမှာတောင် ကျွန်မဆီကိုတစ်ခေါက်ရောက်လာ ပါသေးတယ်။ အဲဒီတုန်းကလည်း ဗမာစစ်တပ်ကို သူ.ဘယ်လိုတိုက်ထုတ် ပစ်မယ့်အကြောင်း၊ KIA ခေါင်းဆောင်ကြီးများကို အရမ်းလေးစား ကြောင်း၊ ယုံကြည်ကြောင်း၊ ငါတို့သားသမီးတွေ လွတ်လပ်ဖို့အတွက် ဆက်ပြီး တိုက်ပွဲ ဝင်ရအုံး မယ်ဆိုတဲ့ အကြောင်းေ တွကိုပဲပြောပြီး သူတပ်ရှိရာ ပန်ဆောင်ယန် ကို ပြန်သွားပါတယ်ရှင်။ 
 
အခုကျွန်မနောက်ဆုံး ကြား သိရတာကတော့ ဗမာစစ်တပ်နဲ့ဆက်သွယ်ဖို့ ကြိုးစားတယ်ဆို တဲ့ ကေအိုင်အေစစ်သား (၄၂)ဦးကို လိုင်စင် ပို့မှာ ဖမ်းထားတယ်လို့သိရပြီး အဲဒီလူတွေအကုန်လုံးကို KIA စစ်ဦးစီးချုပ် က သေဒဏ်ပေး မယ် လို့ပြောခဲ့ကြောင်း ကြားသိနေရပါ တယ်ရှင်။ အဖမ်းခံထားရတဲ့ (၄၂)ယောက် ထဲမှာ ကျွန်မယောက်ျား ဇခုန် ချမ်းဘောလည်း ပါတယ်လို့သိရပါတယ်ရှင်။ ကျွန်မယောက်ျား ဟာ KIA တပ်ထဲကို စဝင်ပြီးကတဲက တပ် မဟာ (၁)လက်အောက်က ရင်း(၁၁)မှာ တာဝန်ထမ်းဆောင်ေ နတာ အခုဆိုရင် ဒုဗိုလ်အရာရှိအဆင့်ထိ ရောက်ရှိနေ ပါပြီရှင်။ 
 
တစ်ကြိမ်တစ်ခါမှလည်း KIA အပေါ်မှာ သစ္စာမဲ့တဲ့ အလုပ်မျိုး၊ အပြောအဆိုမျိုးတွေ မမြင် ဘူး၊ မကြားဘူးပါဘူးရှင်။ ဒါကြောင့်မို့ ဒီနေ့ဒီချိန်ထိ သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန် မယော ကျာ်း ရဲ့အသက်ကို ကျွန်မနဲ့အတူ ကလေးနှစ်ယောက်ရဲ့မျက်နှာကို ငဲ့ညာသောအားဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်ကြီးလွတ်လပ်ရေးရဖို့အတွက်သော်လည်းေ ကာင်း ထောက်ထားငဲ့ညာပြီး အပြစ်မှ လွတ်ြေ မာက် ဖို့ ကယ်တင်ပေးလိုေ စကြောင်း တောင်းပန်အပ်ပါတယ်ရှင်။ 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်