Pages

Monday, March 4, 2013

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း မင်းရဲကျော်စွာလမ်းကို ယာယီပြောင်းရွှေ့


ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းကို ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်း မှာ ယာယီစခန်းအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောင်းရွှေ့ဖွင့်လှစ် လိုက်ပါတယ်။အခုလို ယာယီပြောင်းရွှေ့ပေးထားပေမဲ့ အဲ့ဒီနေရာကို သေချာတဲ့ စီမံချက်နေရာ တစ် ခုဖြစ်စေချင်တယ်လို့ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးကော်မတီ ဥက္ကဌ ဦးမင်းကိုမြင့်က RFA ကို ပြောပါတယ်။

" ယာယီဆိုတဲ့အခါကျတော့ အဲ့ဒီကနေတစ်ခါ ဘယ်ကိုပြောင်းရမှာလဲ၊ ပြောင်းရွှေ့သွားတဲ့နေရာကို ဘယ် လို ပုံစံမျိုးနဲ့ ပြန်ပေးမှာလဲ၊ သေချာတဲ့ အစီအစဉ်တွေနဲ့ ပြောင်းပေးပါ၊ ကျွန်တော်တို့ ကတိကဝတ်တွေနဲ့ လိုချင်တာပါ၊ မင်းရဲကျော်စွာဆိုရင်တော့ ကောင်းမွန်တဲ့အစီအမံတွေနဲ့ ဆိုရင်တော့ ကျွန်တော်တို့ ကန့်ကွက်စရာအကြောင်းမရှိပါဘူး"

မူလက အဲဒီကားဝင်းကို အလုံမြို့နယ် သီရိမင်္ဂလာဈေးဟောင်းနေရာကို ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေ က စီစဉ်ထားပေမဲ့ ကားဝင်းကို အမှီပြုပြီး စီးပွားရေးလုပ်ကိုင်နေကြတဲ့ ကားပွဲစားတွေ၊ ဈေးသည်တွေ၊ ကားရေဆေးသမားတွေက သဘောမတူဘဲ ကန့်ကွက် ဆန္ဒပြခဲ့ကြတာကြောင့် အခု မင်းရဲကျော်စွာ လမ်းမှာ ယာယီယာဉ်ရောင်းဝယ်ရေးစခန်းအဖြစ် လုပ်ကိုင်ခွင့်ရခဲ့တာလို့ ကားပွဲစားတွေက ပြော ပါတယ်။

 www.MyanmarExpress.net

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်