Pages

Monday, March 4, 2013

မိုဘိုင်းဖုန်း ငွေဖြည့်ကတ်၌ ကုဒ်နံပါတ် ပါဝင်ခြင်း မရှိသည်ကို ကြုံတွေ့ရ

စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်းအတွက် ငွေဖြည့်ကတ်ကို ဝယ်ယူအသုံးပြုစဉ် ငွေဖြည့်ကတ်၏ ခဲသားတည်ရှိရာ နေရာအောက်၌ ကုဒ်နံပါတ်များ ပါဝင်လာခြင်း မရှိသည်ကို ကြုံတွေ့ခဲ့ရသည်ဟု စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ ကိုကိုကြီးက ပြောဆိုသည်။ “ကျွန်တော်ဝယ်လာတဲ့ ဆိုင်ကို သွားပြန်ပြောတယ်။ ခဲခြစ်လိုက်တာ လွန်သွားလို့ နံပါတ်ပျောက်သွားတာပါဆိုပြီး ပြန်ပြောတယ်။ မလဲပေးဘူး။ စဉ်းစားကြည့်ဗျာ။ လက်သည်းနဲ့ ခြစ်လိုက်တာ အထဲက နံပါတ်တွေ ဘယ်လိုလုပ်ပြီး ပျက်ကုန် မှာလဲ။ ဒါဆိုင်က တမင်လုပ်ထားတာလည်း မဖြစ်နိုင်ဘူး။ နဂိုကတည်းက မပါလာတာ ဖြစ်နိုင်တယ်” ဟု ၄င်း က ပြောသည်။ 


၎င်းအနေဖြင့် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်းအတွက် ၅ ထောင်ကျပ်တန် ငွေဖြည့်ကတ်ကို ဝယ်ယူအသုံးပြုစဉ်၌ ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြိး ဝယ်ယူအသုံးပြုသည့် အရောင်းဆိုင်မှ ပြန်လ ည် လဲလှယ်ပေးခဲ့ခြင်း မရှိသည့်အတွက် ကတ်အသစ်တစ်ခုကိုသာ ဝယ်ယူအသုံးပြုခဲ့ရသည်ဟု သိရသည်။ ငွေဖြည့်ကုဒ်နံပါတ် ပါဝင်ခဲ့ခြင်း မရှိသည့် အဆိုပါကတ်၌ Asia Miga Link ဟူသော ကုမ္ပဏီအမှတ်အသားနှင့် မြန်မာ့ဆက်သွယ်ရေး၏ MPT ဟူသော အမှတ်အသားနှစ်ခု ပါဝင်ကြောင်း သိရသည်။ ထို့ပြင် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်း အသုံးပြုသူ မသိမ့်က “၂၄ ရက်နေ့က ၅ ထောင်တန် ငွေဖြည့်ကတ် ထည့်တာ The card you entered is expired ဆိုပြီး ငါးကြိမ်လောက် ပေါ်ပေါ်လာတယ်။ ပိုက်ဆံလည်း မဝင်ဘူး။ နောက်နေ့ မနက်ကြတော့ ၅ ထောင် တန်ကတ် တစ်ကတ် ထပ်ဝယ်ပြီး ငွေစစ်ကြည့်လိုက်တော့မှ တစ်သောင်းကျပ် ဆိုပြီး ပေါ် လာ တယ်။ တော်သေးတာပေါ့။ ပိုက်ဆံတော့ နှစ်ခါကုန်သွားတယ်” ဟု ငွေဖြည့်ကတ် error များနှင့် ပတ်သက်၍ ၄င်းက ပြောပြခဲ့သည်။ 

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ Asia Megia Link ကုမ္ပဏီ Comploain ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ဝယ်တဲ့ဆိုင်ကနေတစ်ဆင့် ကျွန်တော်တို့ဆီကို ရောက်လာရင် စစ်ဆေးပြီး ပြန်လုပ်ပေးပါတယ်။ ကျွန်တော်တို့ဆီကိုတော့ ကတ်တွေ တစ်ခါမှ လာလဲကြတာ မရှိဖူးဘူး” ဟု အထက်ပါဌာနမှ တာဝန်ရှိသူ ကိုထိုက်က ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြ ထား ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်