Pages

Monday, March 4, 2013

ကျည်ကာကားငါးစီး အပါအဝင် နောက်ဆုံးပေါ်ကားများ ဝယ်ယူရန် ပြည်ထောင်စုအစိုးရ ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် အသုံးပြုမည်

ပြည်ထောင်စုအစိုးရမှ ကျည်ကာကားငါးစီး အပါအ၀င် နောက်ဆုံးပေါ်ကားများ ၀ယ်ယူရန်အတွက် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် အသုံးပြုရန် လျာထားတောင်းခံမှုအား မတ်လ ၁ ရက်နေ့ တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါကားများ ၀ယ်ယူရန်အတွက် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုး တက်မှု ၀န်ကြီးဌာနက ကျပ်သန်းပေါင်း ၁၈၄၇၀ ဒသမ ၅၀၄ လျာထား တောင်းခံခဲ့ခြင်းကို ၅၀ ရာခိုင်နှု န်း လျော့ချရန် ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ဆွေးနွေးခဲ့ပြီး မတ်လ ၁ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်၍ မူလတောင်းခံ ထားသည့်အတိုင်း လွှတ်တော်က အတည်ပြုပေး ခဲ့ခြင်း ဖြစ်သည်။ 


အဆိုပါ ၀ယ်ယူမည့် ကားများမှာ B6 Armored sedan based on Mercedes S500L (V221) (Bullet Proof) ငါးစီး၊Toyota Carmy XLE Model 2012 အစီး ၅၀၊ Mercedes Pullman Model 2012 နှစ်စီး၊ Mercedes S350 Bluetec Model 2012 အစီး ၄၀၊ Audi A-6 Model 2012 အစီး ၃၀ တို့ဖြစ်သည်။ ထိုသို့ ၀ယ်ယူရခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် မျက်မှောက်ကာလတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး တိုးတက်ကောင်းမွန် လာသည်နှင့်အမျှ နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး တိုးတက် ကောင်း မွန်လာကြောင်း၊ ၂၀၁၄ ခုနှစ်တွင်လည်း အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရ မည် ဖြစ်ကာ ဒေသဆိုင်ရာ အဆင့်၊ အာဆီယံအဆင့်၊ နိုင်ငံအကြီးအကဲအဆင့်၊ ၀န်ကြီးအဆင့်၊ စီးပွားရေး ဆိုင် ရာ အဖွဲ့အစည်း အကြီးအကဲများအဆင့် အစည်းအဝေးများတွင် အိမ်ရှင်အဖြစ် တာဝန် ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် အချို့နိုင်ငံ အကြီးအကဲများမှာ Bullet Proof ကား စီးချင်ေ သာ် လည်း မြန်မာနိုင်ငံတွင် မရှိသည့်အတွက် သယ်ဆောင်လာမှုများ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသို့ လာရောက် မည့် ဧည့်သည်တော်များ ကြိုဆိုရေးအတွက် လိုအပ်သည့် အတွက်သာ ၀ယ်ယူခြင်းဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင် စုဝန် ကြီး ဒေါက်တာ ကံဇော်က ဆွေးနွေးတင်ပြသည်။ 

လက်ရှိ ၀ယ်ယူမည့် ကားများတွင် ကျည်ကာကား ငါးစီးမှအပ ကျန်ကားအားလုံးမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၀ယ်ယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားခဲ့ခြင်း ဖြစ်ကာ နိုင်ငံခြားသို့ ကားမှာယူရာတွင် သတ်မှတ်ချိန်တွင် ရောက်ရှိလာခြင်း မရှိသည့်အတွက် ယခင်ခွင့်ပြုထားပြီးဖြစ်ေ သာ ငွေလုံးငွေရင်း စာရင်းအား ပြန်လည်ပေးသွင်းကာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် ပြန်လည် ထည့်သွင်း တောင်းခံခြင်းဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၆ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်