Pages

Monday, March 4, 2013

Myanmar Express ကို ဦးတည် တိုက်ခိုက်ရာမှ အပုပ်ချ မီဒီယာများ လမ်းကြောင်း ပြောင်းလာ


ပြီးခဲ့သည့် လပိုင်းအတွင်း Eleven မီဒီယာ အပါအ၀င် ပြည်တွင်း အပုပ်ချ မီဒီယာများသည် Myanmar Express နှင့် ဒေါက်တာ ဆိတ်ဖွားတို့အား ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ ယခုအခါတွင်တော့ Myanmar Express မှ ပြန်လည်တုန့်ပြန်မှု များလာသဖြင့် အခြားစာမျက်နှာများ ဖြစ်သောOpposit-eyes၊ ပလေတို ဒီမို၊ We Love True၊ Jing Hpaw Land၊ Nay Min၊ Ko John နှင့် Golden Land Myanmar အစရှိသည့် Facebook စာမျက်နှာများအား အခြေအမြစ် မရှိ ပုတ်ခတ်စွပ်စွဲကာ Facebook သည် ၀ါဒဖြန့်ချီရေး ပစ် မှတ် ဖြစ်လာကြောင်း သတင်းရေးသား ဖော်ပြခဲ့သည်။
 
အဆိုပါ စာမျက်နှာများကို ရေးသားသူများ၊ အဆိုပါ ပေ့ခ်ျများမှ Admin များတွင် အသက် ၁၇ နှစ် အရွယ် လူငယ်များ ပါဝင်သော်လည်း ၄င်းတို့ကို စံထား၍ ဝေဖန်သူများမှာ Eleven Media Group အကြီးအကဲ၊ နိုင်ငံရေး ကျွမ်းကျင်သူများ၊ ကိုယ်စားလှယ်ကြီးများ၊ တရားလွှတ်တော် ရှေ့နေ ကြီးများ ဖြစ်ေ နသည့် အတွက် အင်တာနက် သုံးသူများအကြား ရယ်စရာ တစ်ခု ဖြစ်နေကြောင်း သိရသည်။ 
 
ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် နိုင်ငံသားတစ်ယောက်၏ အခွင့်အရေး ဘာဆိုသည်ကို ထိုဆောင်းပါးတွင် ပါသူ များ နည်းနည်းမှ ဖတ်ကြည့်ပုံမရဘဲ OE ရေးသားမှုများသည် အစိုးရနှင့် တပ်မေ တာ် ကို ကာကွယ် ပေး ခြင်းကြောင့် အာဏာရှင် စနစ်ကို အသက်သွင်းခြင်း ဖြစ်ကြောင်း၊  ကိုယ်မဲေ ပးခဲ့တဲ့ အစိုးရကို ကိုယ်မ ကာကွယ် ဘယ်သူ ကာ ကွယ်မလဲ ဆိုတာကို မစဉ်းစား၊ အစိုးရကို အပုပ်ချဖို့ေ လာက်သာ တွေးနေတဲ့ ဂျာနယ်များက အသွင် မတူသဖြင့် အစိမ်းများဟု ပုတ်ခတ်ကြခြင်းသာ ဖြစ်ကြောင်း သိရသည်။ 

ထိုသို့ စာမျက်နှာ နာမည်များဖြင့် ပုတ်ခတ်ခြင်း ခံရသူ အားလုံးမှာ အစိုးရနှင့် လွှတ်တော် ကိုယ်စား လှယ်များ၊ ရဲနှင့် နိုင်ငံ့ဝန်ထမ်းများကို ထိခိုက်လာပါက ပြင်းထန်စွာ ရေးသား တုန့်ပြန်တတ်သူများ ဖြစ်ပြီး မီဒီယာများ၏ လိမ်ကွက်၊ ညာကွက်၊ အပုပ်ချကွက်၊ အသုံးမကျကွက်များကို ရှင်းလင်း သိသာစေသည့် အသုံး အနှုံးများဖြင့် ရေးသားကြသူများ ဖြစ်ကာ အင်တာနက် ပရိသတ်များ အခိုင်အမာ ရရှိထားသူများ ဖြစ်ကြသည်။
 
ထို ဖော်ပြသည့် Eleven မီဒီယာသည် သတင်းစာထုတ်ဝေခွင့် တစ်ခုအား အခြားမီဒီယာများထက် ဦးေ အာင် လျှောက်ထားခဲ့သော်လည်း အသုံးမကျမှုကြောင့် ထုတ်ဝေခွင့်ပြုခဲ့သည့် သတင်းစာ စာရင်းတွင် မပါ ခဲ့ကြောင်း၊ ထိုမျှသာမက သတင်းလိမ်များ ရေးသား ထုတ်ပြန်သည့်အတွက် အင်တာနက် သုံးသူများ အကြား အ လွန် မုန်းတီးစ က်ဆုပ်ခြင်း ခံရသော မီဒီယာဖြစ်ကြောင်း၊ မယုံလျှင် Eleven facebook တွင် မဘမ်းပဲ comment များ ပေးခိုင်းကြည့်သင့်ကြောင်း Star Land အင်တာနက်ဆိုင်မှ ကို ကျော်ကျော်က ပြောခဲ့သည်။
 
အဆိုပါ ဆောင်းပါးအား Eleven မီဒီယာမှ ၄င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခြင်း မဟုတ်ဘဲ၊ အခြား အမည်မသိ များ၊ ခွန်ဒီးယမ်းကဲ့သို့ သမ္မတကြီးကို တိုက်ရိုက်စော်ကားသူများ ထံမှ တစ်ဆင့် အင်တာနက်တွင် ကြိုတင် ဖြန့်ဝေခဲ့ခြင်း ဖြစ်ပြီး ထို့နောက်တွင်မှ ဂျာနယ်တွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
 
Oppositeyes အပါအ၀င် အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ပလေတိုဒီမို၊ We Love True၊ Jing Hpaw Land၊ Nay Min၊ Ko John၊ Golden Land Myanmar အစရှိသဖြင့် ၀ါဒဖြန့်ချိရေး ရေးသားသူ အများ စုသည် အာဏာရှင်စနစ် တစ်ကျော့ပြန်ရောက်ရှိစေရန် နှပ်ကြောင်းပေးမှုများ ရှိသည့်နည်းတူ ရိုဟင် ဂျာ အရေးကို အကြောင်းပြုပြီး မွတ်စလင်ဆန့် ကျင်ရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန်ကိုပါ လှုံ့ဆော်ေ နကြောင်း သိရသည်။ ဆိုသည့် စာသားများဖြင့် ဘာသာရေးနှင့် ရောချထားသည်ကို လည်းတွေ့ရသည်။ သို့သော် အဆိုပါ စာမျက်နှာများသည် ဘာသာရေး ဆိုင်ရာ ပေါက်ကွဲမှု ပြင်းထန်သည့် စာမျက်နှာများ မဟုတ်သည်ကို အင်တာနက် သုံးသူများ အကြား သိထားပြီး ဖြစ်သည်။ 
 
အင်တာနက်တွင် မီဒီယာများကို နာမည်တပ်၍ စိန်ခေါ်လေ့ရှိသူ အမျိုးသမီးတစ်ဦးမှ Eleven Media သည် မြန်မာနိုင်ငံတွင် အရှက်မရှိဆုံး မီဒီယာဖြစ်ကြောင်း၊ တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင်၊ အစိုးရ၊ တပ်မတော်နဲ့ ပြည်သူကြား ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေသည့် ထိုမီဒီယာများမှ မည်သို့ အရှက်ကင်းမဲ့စွာဖြင့် Facebook မှ စာမျက်နှာများကို စွပ်စွဲရေးသားသည်ကို နားမလည်နိုင်တော့ကြောင်း၊  လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များကို စော်ကားရေးသားသည် ဆိုရအောင်လည်း ထိုဂျာနယ်တွင် ဖတ် ကြည့်လျှင် အစိုးရနှင့်တပ်မတော်ကို မပုတ်ခတ်သည့် စာမျက်နှာ မပါသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုအထဲတွင်မှ  ကိုယ့်မပြော သကဲ့သို့ ထုံပေပေကြောင်တောင်တောင်ဖြင့် OE အပါ စာမျက်နှာများကို ပြန်လည် တုန့်ပြန် တိုက်ခိုက်နေသူ များကိုလည်း အံ့သြမိကြောင်းတို့ကို ပြောပြခဲ့သည်။
 
အဆိုပါ ဆောင်းပါးတွင် ရေးသားချက်များအရ အာဏာရှင်စနစ်ကြောင့် မြန်မာနိုင်ငံသည် ဆိုမာလီ၊ ဆီးရီး ယား ကဲ့သို့ ဖြစ်သွားနိုင်ကြောင်း သုံးသပ်ပြောဆိုချက်များမှာ အင်္ဂလိပ် တစ်ပိုင်း၊ မြန်မာ တစ်ပိုင်း ခေါင်းစဉ် နှင့် ထင်ရာ ပြောနေခြင်း ဖြစ်ကြောင်း၊ ဒေါက်တာ ဆိတ်ဖွား ဘာရေးသည်ဆိုသည်ကို မဖတ်ဖူးပဲ ဒေါက်တာ ဆိတ်ဖွားကို ဖမ်းဖို့ ကိစ္စကို ထောက်ခံသူများကဲ့သို့ ဖြစ်နေကြောင်း ၊ ဆောင်းပါးပါ ဝေဖန်သူများ၏ ပြောဆို ဟန်သည် OE ၏ အာဏာရှင်စနစ် မရှိမဖြစ် လိုသော တိုင်းပြည် ဆောင်းပါးကို ဖတ်ဖူးပုံ မရကြောင်း၊ ထိုသူ များ၏ ဆွေးနွေးပြောဆိုချက် များသည် လိုရာဆွဲတွေးပြီး လိုချင်သည့် ပုံဖော်သည့် ပြောနည်းများ ဖြစ်ေ ကြာင်း၊ ထိုသို့ ပြောဆိုပါက လမ်းဘေးက တောင်းစားသူကို ပြောခိုင်းပြီး အင်္ဂလိပ် စကားလုံး လိုက်ထည့်ပေး ပါက ရမည် ဖြစ်ကြောင်း ဝေဖန်ဆရာ တစ်ဦးမှ ခတ်ဆတ်ဆတ် ဝေဖန်ပေးခဲ့ပါသည်။
 
 
အင်တာနက် သုံးသူများအကြား ဝေဖန်ချက်(၅)
 
Facebook Page တစ်ခုတွင် Admin ၁၀ ယောက်မက ထားနိုင်သည်။ ရေးချင်သည့်သူက ရေးချင်သည့် အ ကြောင်း အရာကိုေ ရးနိုင်သည်။ စစ်သားဖြစ်ချင်လည်း ဖြစ်မည်။  အရပ်သား ဖြစ်ချင်လည်း ဖြစ်မည်။ နိုင်ငံ သားတိုင်း သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိသည်။ အသုံးမကျသည့် အပုပ်ချ မီဒီယာများ၊ အပုပ်ချ ဖက်တီး အပါအ၀င် အလွယ်တကူ စုံစမ်းရနိုင်သည့် အပုပ်ချ သီးသန့် ရေးသည့် စာမျက်နှာများ၊ အစိုးရနှင့် တပ်မတော် အပေါ် ပုတ်ခတ်သည့် မီဒီယာများကို အရေးယူမှု မရှိမချင်း OE ကို တိုက်ခိုက်ဖို့ မစဉ်းစားလေနှင့်။ ခွေးလေ ခွေးလွင့် ပုံပြင်သစ်များတွင် နာမည်နှင့် တပ်၍ စာရင်းသွင်းခံရမည်ဟု သတိပေးလိုက်ပါကြောင်းကိုလည်း ပုံပြင် ဆရာ OE တစ်ဦးမှ ပြောဆိုခဲ့ပါသည်။
ဤသို့ဖြင့် ဦးနှောက် မရှိသူ များ ကြောက်လန့်နေသည့် အာဏာရှင် စနစ်ဆိုတာ ဘယ်လိုလဲ ဆိုတာကို မ စဉ်း စားသည့် ပညာတတ် အမည်ခံများသည် ယခင် ME ကို တိုက်ခိုက်ရာမှ ယခုအခါ OE နှင့် Facebook စာ မျက်နှာ များသို့ လမ်းကြောင်း ပြောင်း တိုက်ခိုက်လာခြင်းသည် ၂၀၁၃ ခုနှစ် မတ်လအတွင်း ထူးခြား ဖြစ် စဉ် ဖြစ်လာလေတော့သည်။
 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်