Pages

Monday, March 4, 2013

နိုင်ငံခြားသား ဧည့်သည်များအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်စာအုပ် အခမဲ့ပေးမည်

ပြည်ပခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံအတွင်း လည်ပတ်သွားလာပါက လုပ်ဆောင်သင့်သည့် အချက်များနှင့် မလုပ်ဆောင်သင့်သည့် အချက်များကို သိရှိစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ ပါဝင်သည့် စာအုပ်ကို အခမဲ့ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဂျာမနီအခြေစိုက် Hanns seidel foundation မှ အဆိုပါစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လ ၁ ရက်က ပြုလုပ်ခဲ့သည်။ “နိုင်ငံခြားသားတွေက ဒီနိုင်ငံမှာ ဘာေ တွ လုပ်သင့်သလဲ၊ ဘာတွေလုပ်ခွင့် မရှိဘူးလဲ ဆိုတာတွေကို မသိနိုင်ပါဘူး။ သူတို့သိသင့် သိထိုက်တာတွေကို သိရအောင်နဲ့ ရှောင်သင့်တာ ရှောင်ရအောင် ရည်ရွယ်ပြီး ဒီစာအုပ်ထုတ်ဖြစ်တာပါ” ဟု Hanns seidal foundation မှ ဒါရိုက်တာ Dr.Andrea Valentin က ပြောကြားခဲ့သည်။ အဆိုပါ စာအုပ်တွင် ကာတွန်းများဖြင့် ရှောင်ရန်၊ ဆောင်ရန် အချက်များကို ပုံဖော်ထားပြီး ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနရုံးခွဲ၌ နိုင်ငံခြားသားများကို အခမဲ့ပေးအပ်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၆ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်