Pages

Tuesday, March 26, 2013

ကောလဟာလများ ထွက်ခဲ့သည့် ယနေ့ မဂ်လာတောင်ညွန့်မြို့နယ် မြင်ကွင်းများ



မိတ္ထီလာမြို့ အရေး သမ္မတကြီးဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေါ်စု တို့တွေ့ဆုံ

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပက်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သုံးဦး မနေ့ကတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ သဘောတူညီချက် ၆ ချက် ရရှိခဲ့တယ်လို့သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဝဏ္ဏရွှေက RFA ကိုပြောပါတယ်။

"ဦးသိန်းစိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် ရယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းရယ် သဘောတူထားတဲ့ဟာကို တင်ပြတယ်၊ အဓိက နံပါတ် ၁ အချက်က တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ကိစ္စ ဒီအဖြစ်မျိုးကို နောက်နောင်မဖြစ်အောင် ထိန်းသိမ်းကာကွယ်သွားမယ်ဆိုတဲ့ကိစ္စ"ဒါ့အပြင် ဒုက္ခသည်တွေ အမိုးအကာအောက်ရောက်ရှိစေဖို့နဲ့ အမြန်ဆုံး သူတို့အိမ်သူတို့ ပြန်နိုင်အောင်စီစဉ်ပေးဖို့၊ အစိုးရ၊ ကုလသမဂ္ဂ၊ ဘာသာရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေ ညှိနှိုင်းပြီး ဒုက္ခသည်တွေကို ထောက်ပံ့ဆောင်ရွက်ဖို့နဲ့ လူမှုအဖွဲ့အစည်းနှစ်ခု အကြား ယုံကြည်မှုပြန်လည်ဖြစ်ပေါ်လာအောင် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက် ကြဖို့စသဖြင့် သဘော တူညီခဲ့ကြတယ်လို့ဆိုပါတယ်။
 

ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News Group မည်သူ ဆိုသည်ကို ဖော်ထုတ်လိုက်ပြီ

 
အိုင်တီပညာရှင်များ ပါဝင်သော အထူးအဖွဲ့မှ မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများ လှုံ့ဆော်ဆောင်ရွက်နေသော Freedom News Group အမည်ရှိ facebook page တစ်ခုအား လိုက်လံထောက်လှမ်းရှာဖွေလျက် ရှိရာ ယနေ့ အတိအကျ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်.....

ဂိတ်ဝေး တွင် စိစစ်ချက်အရ FNG ဟူသော ဆူပူအကြမ်းဖက်မှုများ လှုံ့ဆော် လျက်ရှိသည့် အကောင့်မှာ အမေ၇ိကန်အခြေစိုက် သတင်းထောက်တစ်ဦး ပုံစံ ဟန်ဆောင်ထားသော Page တစ်ခု ဖြစ်သော်လည်း ၄င်းမှာ ပြည်တွင်းမှ M3Wi ပိုင်ရှင် မေဇင်အေး-ခွန်ဒီးယမ်-ဒီမိုဖက်တီးဖြစ်ကြောင်း သိရှိရသည်....

၎င်းအပြင် Myanmar World Distribution မှ ခင်အေးဝင်း၊ ခင်စန်းဝင်း ညီအစ်မ(၂)ယောက်သည်လည်း မေဇင်အေးနှင့်အတူ ချိတ်ဆက်ကာ လူပေါင်းများစွာ အသုံးပြုနေသယောင် လှုံ့ဆော်နေကြောင်း၊ ၄င်းနှင့်အတူ အပါတ်စဉ်(၄၈)မှ အရာရှိငယ်တစ်ဦးအား ဖျားယောင်းသွေးဆောင်ကာ ဒီမိုကရေစီအမည်ခံထားသော ခင်ကလျာစိုးသည်လည်း အွန်လိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် အုပ်စုဖွဲ့ တိုက်ခိုက်မှုများ ဖြစ်လာစေရန် အကောင့် အမည် အမျိုးမျိုးဖြင့် သွေးထိုးပေးလျက် ရှိကြောင်း သိရှိရသည်..
 

ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ အချို့အား ဖော်ထုတ်ဖမ်းဆီး အရေးယူထား

မိတ္ထီလာမြို့၊ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာ၊ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါးသာ စည် ကျေးရွာ တို့၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူအချို့အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။ 

မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ သန်းဝင်း (၁၈) နှစ်၊ သန်းထွန်းအောင် (၃၀) နှစ်၊ သန်းထိုက်စိုး (၃၈) နှစ်၊ ကျော်စွာလှိုင် (၃၂)နှစ်၊ အောင်မျိုး (၂၅) နှစ်၊ ညီညီကျော် (၂၇) နှစ်၊ မောင်ညို (၅၀) နှစ်၊ အောင်နိုင်ဝင်း (၁၈) နှစ်၊ စိုးသူအောင် (၁၈) နှစ်၊ တင်အောင် (၃၂) နှစ်၊ ဝင်းဇော် (၃၆) နှစ် ၊ လှထွန်းမြင့် (၂၉) နှစ်၊ စံလင်း (၂၀) နှစ်တို့ (၁၃) ဦးအား မိတ္ထီလာမြို့နယ် မြို့မရဲစခန်း၌ မတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ တုတ်၊ ဓားလက်နက် ကိုင်ဆောင်သွားလာခဲ့သူ အခြား (၅၂) ဦးအား ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

Google ဝက်ဘ်ဆိုက်ကို မြန်မာဒိုမိန်းဖြင့် အသုံးပြုလာနိုင်ပြီး Google Play လည်း စတင်အသုံးပြုနိုင်

Google ဝက်ဘ်ဆိုက်မှာ www.google.com.mm ဟူသော မြန်မာဒိုမိန်းဖြင့် စတင်အသုံးပြုလာနိုင်ကြောင်း သိရသည်။ ထို့ပြင် Android ဆော့ဝဲလ်နှင့် ဂိမ်းများကို Download ဆွဲရယူနိုင်မည့် Google Play ကိုလည်း မတ်လ ၂၂ ရက်နေ့တွင် စတင်အသုံးပြုလာနိုင်ကြောင်း သိရသည်။ ယခင်က Google Play ကို အသုံးပြုနိုင်ရန် အတွက် Proxy ကျော်ရခြင်းများရှိပြီး Android Apps များ စုစည်းပေးထားသော ကြားခံဝက်ဘ်ဆိုက်များကို အသုံးပြု၍လည်း Download ဆွဲကြရကြောင်း သိရသည်။ Google Play ကို အသုံးပြုလာနိုင်ခြင်းကြောင့် Android အသုံးပြုသူများ၊ Developer များအတွက် အခွင့်အလမ်းကောင်းများ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ပြောကြား





မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က မတ်လ ၂၄ ရက်နေ့နံနက် ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်များနှင့် လုံးဝမတူဘဲ ပြသာနာကြီးထွားအောင် ဖန်တီးပြုလုပ်ခဲ့သည်ဟု ထင်မြင်ယူဆချက်များ ရှိနေမှုကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အား အမြန်ဆုံးဖွဲ့စည်းပြီး စစ်ဆေးရခြင်း ဖြစ်ကြောင်း သိရှိရသည်။
 

မိတ္ထီလာမြို့တွင် တပ်မတော်မှ ပြည်သူလူထု အေးချမ်း သာယာစေရေး ဆောင်ရွက်နေသော မှတ်တမ်း ဓါတ်ပုံများ


သတင်း ထုတ်ပြန်ချက် ( ၇ / ၂၀၁၃ )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)

၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်

၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်

၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။

၂။ အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှုနှင့် အဓိကရုဏ်းများကြောင့် အိုအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စာဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်။

၃။ လုံခြုံရေးအခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်။

၎။ လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန်အတွက် လူထုအခြေပြု လူ့အဖွဲ့အစည်း များ၊ ပုဂ္ဂလိကများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ ဆောက်ရွက်သွားမည်။

၅။ ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင် မည့် ဆွေးနွေးမှုများနှင့် စိတ်ခံစားချက်များကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

၆။ ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ လုပ်ဆောင်နေသည် ဖြစ်ရာ ယင်းလုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာသာရေး အစွန်းရောက်မှုများကို ရှောင်ရှားကြပါရန် ပြည်သူများကို တိုက်တွန်းအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

Wednesday, March 20, 2013

မိထ္ထီလာတွင် ဖြစ်ပွားသည့် နောက်ဆုံးအခြေအနေ

ဘီဘီစီ၏ ဖွချက်တွင်တော့ မိတ္ထီလာမြို့က ရွှေဆိုင်တဆိုင်မှာ အရောင်းအ၀ယ် ပြဿနာက အစပြုလို့ တိုက် ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ရွှေဆိုင် သုံးဆိုင် ဖျက်စီးခံလိုက်ရပါတယ်။ 
အဲဒီနောက်ပိုင်းမှာတော့ ဗလီတလုံး မီးတင်ရှို့ခံလိုက်ရပြီး၊ မြို့နယ် ပညာရေးမှူးလည်း မီးလောင် သွား တယ် လို့ မိတ္ထီလာ အမှတ် ၂ ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။ 
မီးက ဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး တခြားအိမ်တွေကို ကူးစက် လောင်ကျွမ်းခြင်း မရှိဘူးလို့ သိရပါ တယ်။ 
မိတ္ထီလာမြို့မှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
 

ဘင်္ဂလာဒေခ်ျ့ ရဲ (၃) ဦးကို မြန်မာက ပြန်မလွှတ်သဖြင် နယ်စပ် အခြေအနေတင်းမာ


မြန်မာဘက်မှ ဖမ်းဆီး ခေါ်ဆောင်သွားသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ရဲသား (၃) ဦးနှင့် အရပ်သား တစ်ဦးကို ဖမ်းဆီးပြီး ၄၈ နာရီ အချိန်ကြာမြှင့်လာသော်လည်း ပြန်လည် လွှတ်မပေးသဖြင့် နယ်စပ် အခြေအနေမှာ တင်းမာနေသည်ဟု သတင်း ရရှိသည်။

ဘင်္ဂလာဒေခ်ျ့ ရဲသား သုံးဦးနှင့် အရပ်သား တစ်ဦးတို့သည် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မြန်မာ နယ်စပ် အနီး ခေါင်းတုံး နယ်မြေတွင် မြန်မာ နစက တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် သူတို့အား ပြန်လည် လွှတ်မပေးသဖြင် ဘင်္ဂလာဒေခ်ျ့ဘက်ကမှ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များကို နယ်စပ်တွင် တိုးချကာ ကင်းလှည့်နေပြီး အခြေအနေကို စောင့်ကြည့်လျှက် ရှိကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

မိထ္တီလာမြို့တွင် ( 20.3.2013 ) နေ့ခင်း (11) နာရီ အချိန်ခန့်မှ စတင်ကာ ကုလား - ဗမာ အဓိကရုန်း ဖြစ်ပွားနေ

ဖြစ်ပွားပုံမှာ-မိတ်ထီလာဈေး အတွင်းရှိ ကုလားပိုင်သော (တော်ဝင်)ရွှေဆိုင်တွင် ရွှေလာရောင်းသော အဖွားအို (မြေးအဖွား)နှစ်ဦးအား ယင်းဆိုင်ပိုင်ရှင်မှ အတု-အစစ် စစ်ဆေးရင်း လက်ကောက်မှာ ကျိုး သွားသဖြင် မြေးအဖွားနှစ်ဦးနှင့်ရန်ဖြစ်ရာမှ-ဆိုင်ပိုင်ရှင် ညီအကိုများမှ ၀ိုင်းဝန်း ရိုက်နှက်ကြသဖြင့် အဖွားအိုမှာ သေဆုံးသွားခဲ့ပြီး၊ မြေးမလေးမှာ ဆေးရုံတွင်ပို့ ထားရကြောင်း သိရပါသည်။
လူထု မောင်ကာဠု


နှစ်ပေါင်းများစွာ ခွင့်ပြုချက်မဲ့ခဲ့သော ရခိုင်စာပေ တရားဝင် သင်ခွင့်ရတော့မည်

သမိုင်းစဉ်တစ်လျှောက် ခွင့်ပြုချက်မရခဲ့သော ရခိုင်စာပေကို လာမည့် ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအောက် အဆင့်၌ တရားဝင် သင်ကြားခွင့်ပေးလိုက်ပြီ ဖြစ်သည်။ ရခိုင်ပြည်နယ်မှ ဥပဒေချုပ် ဦးလှသိန်း၊ စက်မှုဝန်ကြီး ဦးသာလူချေနှင့် စစ်တွေတက္ကသိုလ်မှ ပညာရှင်များ၊ အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်သည့် ၂၇ ဦးအဖွဲ့ကို ပြည်နယ်အစိုးရက မတ်လ ၅ ရက်နေ့တွင် ရခိုင်စာပေကို သင်ရိုးညွှန်းတမ်း ရေးဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပြီး မတ်လ ၉ ရက်နေ့ ညနေတွင် ရခိုင်သင်ပုန်းကြီး ဖတ်စာကို ပထမအဆင့် အနေဖြင့် ရေးဆွဲမှု ပြီးစီးသွားခဲ့ကြောင်း အဖွဲ့ဝင်အဖြစ် ပါဝင်သူ ဦးကျော်ရွှေမောင်က ပြောသည်။ 

“အပြောကို အခြေခံပြီး ရေးဆွဲထားပါတယ်။ အက္ခရာနဲ့ စာကို မသိတဲ့သူတွေ ရှိတယ်။ အခု ရေးဆွဲထားတဲ့ အက္ခရာက မြောက်ဦးခေတ် အဝိုင်းအက္ခရာကို ရခိုင်အက္ခရာအဖြစ် အခြေခံပြီး အသုံးပြုထားတယ်” ဟု ၎င်းက ဆိုသည်။ မတ်လ ၁၆ ရက်နေ့တွင် ပထမတန်း၊ ဒုတိယတန်း အဆင့်များ၌ သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းများ ဆက်လက်ရေးဆွဲခြင်း၊ နွေရာသီ ကျောင်းပိတ်ရက်တွင် ရခိုင်စာပေကို သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား သင်တန်းပေးခြင်းတို့ကိုလည်း ကော်မတီ က ဆောင်ရွက် သွားမည်ဟု သိရသည်။ 

မိုဘိုင်းဖုန်းနှင့် တက်ဘလက်ရှိ အန်းဒရွိုက်စနစ်အား Ubuntu စနစ် ထည့်သွင်းအသုံးပြုရန် ပြည်တွင်းကွန်ပျူတာ ပညာရှင်များ စမ်းသပ်နေ

မိုဘိုင်းဖုန်းနှင့် တက်ဘလက်များကို အန်းဒရွိုက်စနစ်သုံး မောင်းနှင်ရာမှ Ubuntu စနစ်အား ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် ပြည်တွင်းရှိ ကွန်ပျူတာနည်းပညာရှင်များမှ စတင်စမ်းသပ်မှုများ ပြုလုပ်နေ ကြပြီ ဖြ စ်ကြောင်း Ubuntu Myanmmar Loco Team မှ သိရသည်။ 

“အခုတော့ ASUS တက်ဘလက်မှာ စမ်းသပ်ကြည့်နေပါတယ်။ နောက်ပြီးရင်တော့ ပြည်တွင်းမှာ အသုံးများတဲ့ အမှတ်တံဆိပ်တွေကို စမ်းသပ်ထည့်သွင်း ကြည့်မှာပါ” ဟု နည်းပညာကျွမ်းကျင်သူ လူငယ်တစ်ဦးမှ Ubuntu မောင်းနှင်စနစ် ထည့်သွင်း စမ်းသပ်နေမှုအား ပြောကြားသည်။ 

မိုဘိုင်းဖုန်းတွင် ထည့်သွင်းသုံးနိုင်မည့် Ubuntu စနစ်မှာ အန်းဒရွိုက်ဖုန်းများ၌ ပါဝင်သည့် ပုံရိပ်ယောင်ခလုတ် ပုံစံမျိုး ပါဝင်လာတော့မည်မဟုတ်ဘဲ သုံးစွဲသူမှ လိုအပ်သည့်စနစ်သို့ လက်လှုပ်ရှားမှုဖြင့် ရယူနိုင်မည် ဖြစ်သည်။ ထို့ပြင် မော်ဒယ်မြင့် စမတ်ဖုန်းများတွင် ထည့်သွင်း အသုံးပြုပါက မော်နီတာဖြင့် ချိတ်ဆက်၍ ကွန်ပျူတာတစ်လုံးကဲ့သို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ငွေစက္ကူအတုကို အများသိနိုင်ရန် ထုတ်ပြန်ကြေညာသင့်ကြောင်း ပညာရှင်များပြောကြား

ငွေစက္ကူအတုများနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ်က အများပြည်သူ လွယ်ကူစွာ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးသင့်ကြောင်း စီးပွားရေးပညာရှင်များက ပြောကြားသည်။

 ပြည်တွင်း လှည့်လည် သုံးစွဲနေသည့် ငွေကြေးများတွင် ကျပ်တစ်ထောင်နှင့် ကျပ်ငါးထောင်တန် ငွေစက္ကူအတုများ ရောနှော ပါဝင်နေသည့်အတွက် အတုအစစ် ခွဲခြားသည့်ပုံစံကို အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ ဂျာနယ်၊ သတင်းစာများ၊ တီဗီ၊ ရေဒီယိုတို့မှ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာပေးသင့်ကြောင်း ပညာရှင်များက ရှင်းပြသည်။ “ဘဏ်တွေမှာ ငွေစက္ကူအစစ်ရဲ့ စက္ကူသားအခြေအနေ၊ အရောင်၊ လျှို့ဝှက်ပါဝင်မှုကို ငွေစက္ကူ အတုနဲ့ ဘယ်လိုကွာတယ်ဆိုတာ စာတွေကပ်ပြီး သတိပေးမှုတွေ လုပ်သင့်တယ်” ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ဆိုသည်။ 

ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ကျပ် ၂,၈၀၀ ဘီလီယံကျော် ထုတ်လုပ်ထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်က ပြည်သူ့လွှတ်တော် တွင် ပြောကြားခဲ့သည်။ 

FEC ရုပ်လျှင် အချိန်အကန့်အသတ်ဖြင့် ကန်ဒေါ်လာတန်ဖိုးအတိုင်း ငွေပြန်လဲပေးမည်

ကြားခံငွေအဖြစ် သုံးစွဲလျက်ရှိသော FEC အား ရုပ်သိမ်းပါက သုံးစွဲသူများ နစ်နာမှုမရှိစေရန် အချိန်အကန့်အသတ်ဖြင့် ကန်ဒေါ်လာ တန်ဖိုးအတိုင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။ 

ကြားခံငွေအဖြစ် သုံးစွဲလျက်ရှိသော FEC အား ပြန်လည်ရွေးနုတ်ယူမည့် ကြေညာချက် ထုတ်ပြန်ပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီမှု ရယူပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားပြီး သဝဏ်လွှာနှင့် စပ်လျဉ်း၍ မတ်လ ၂၀ ရက်တွင် ပြည်ထောင်စုအဆင့် ရာထူးဝန်အဖွဲ့မှ ဖတ်ကြားရှင်းလင်းကာ လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် စီစဉ်ထားကြောင်း သိရသည်။ 

ဆက်သွားချင်သေးတယ် ဆိုရင်