Pages

Tuesday, March 26, 2013

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ပြောကြား





မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က မတ်လ ၂၄ ရက်နေ့နံနက် ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်များနှင့် လုံးဝမတူဘဲ ပြသာနာကြီးထွားအောင် ဖန်တီးပြုလုပ်ခဲ့သည်ဟု ထင်မြင်ယူဆချက်များ ရှိနေမှုကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အား အမြန်ဆုံးဖွဲ့စည်းပြီး စစ်ဆေးရခြင်း ဖြစ်ကြောင်း သိရှိရသည်။
 
ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က “အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က သာမန်ဖြစ်နိုင်တဲ့ ဖြစ်စဉ်လေး တစ်ခုကနေပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာထိ ရိုက်ခတ်ခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြီး သုံးသပ်ရမယ်ဆိုရင် မဖြစ်နိုင်တဲ့ အခြေအနေတွေကို ရအောင်ဖန်တီးပြီးတော့ အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ဒီနောက်ကွယ်မှာ ပြဿနာ မကြီး ကြီးအောင် ကြိုးကိုင်ပြီးတော့ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာ ငြင်းစရာ အကြောင်းမရှိဘူး။ ရှိနေတယ်ဆိုတာ လုံးဝသေချာတယ်။ ဒါတွေကို ကျွန်တော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း နောက်ကွယ်က ကျူးလွန်ခဲ့တဲ့သူတွေကို ခြေရာခံမိထားပြီး ပါပြီ။ ဒါကိုအမြန်ဆုံး စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “မိတ္ထီလာဖြစ်စဉ် ဖြစ်ပွားပြီး နောက်မှာပဲ နေရာတော်တော်များများမှာ အခုဖြစ်စဉ်နဲ့ အလားသဏ္ဍန်တူ ပဋိပက္ခမျိုးတွေ ဖြစ်ပွားနိုင်တဲ့ ကောလဟာလသတင်းတွေ အများကြီးထွက်ပေါ်ခဲ့တယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေထပ် ပြီးတော့ ပြည်နယ်နဲ့တိုင်း ဒေသတွေမှာ ထပ်မံမဖြစ်ပွားအောင် ကြိုတင်စီမံ ကာ ကွယ် ထား မှုတွေ ပြုလုပ်ဖို့ ညွှန်ကြား ထားပြီးဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတအနေနဲ့ အခုလက်ရှိ အချိန် မှာ အေးအေးချမ်းချမ်း ပြန်လည်ဖြစ်အောင် နေ့ရောညပါ စဉ်းစားပြီး ဆောင်ရွက်နေ တယ်။ ဒီဖြစ်စဉ် ကို ဥပမာယူပြီး တော့နောင်အခုလိုပြဿနာမျိုးတွေ ထပ်မံမဖြစ် ပွားေ အာင် ဖော်ထုတ်အရေး ယူသွားမယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

မတ်လ ၂၀ ရက်နေ့က နယူးဝိန့်စိန်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းခဲ့ရပြီး မတ်လ ၂၂ ရက်နေ့တွင်မူ အရေးပေါ် အခြေအနေကြေညာကာ တပ်မတော်မှ ၀င်ရောက်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။

www.MyanmarExpress.net

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်