Pages

Tuesday, March 26, 2013

ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ အချို့အား ဖော်ထုတ်ဖမ်းဆီး အရေးယူထား

မိတ္ထီလာမြို့၊ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာ၊ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါးသာ စည် ကျေးရွာ တို့၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူအချို့အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။ 

မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ သန်းဝင်း (၁၈) နှစ်၊ သန်းထွန်းအောင် (၃၀) နှစ်၊ သန်းထိုက်စိုး (၃၈) နှစ်၊ ကျော်စွာလှိုင် (၃၂)နှစ်၊ အောင်မျိုး (၂၅) နှစ်၊ ညီညီကျော် (၂၇) နှစ်၊ မောင်ညို (၅၀) နှစ်၊ အောင်နိုင်ဝင်း (၁၈) နှစ်၊ စိုးသူအောင် (၁၈) နှစ်၊ တင်အောင် (၃၂) နှစ်၊ ဝင်းဇော် (၃၆) နှစ် ၊ လှထွန်းမြင့် (၂၉) နှစ်၊ စံလင်း (၂၀) နှစ်တို့ (၁၃) ဦးအား မိတ္ထီလာမြို့နယ် မြို့မရဲစခန်း၌ မတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ တုတ်၊ ဓားလက်နက် ကိုင်ဆောင်သွားလာခဲ့သူ အခြား (၅၂) ဦးအား ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 


ထို့အတူ လယ်ဝေးမြို့နယ် ရုံးပင်ရွာ၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ဝင်းလှိုင် (၄၉) နှစ်၊ အောင်ဆန်းဦး (၄၈) နှစ်၊ လှိုင်ဝင်း (၄၆) နှစ်၊ ကျော်စိုး (၃၅) နှစ်၊ တင်ယုလှိုင် (၃၅) နှစ်တို့ (၅) ဦးအား မတ် ၂၃ ရက် နံနက်ပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။ 

အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သတင်းရရှိသည့် အောင်နိုင်ဆွေ၊ အေးလွင်၊ စိုးလွင်၊ အောင်လှိုင်၊ ကိုရဲ၊ မောင်ထွေး၊ ကိုပြုံး၊ နိုင်စိုးအောင်၊ အောင်နိုင်နှင့် သန်းထွန်းတို့ (၁၀) ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အလားတူ ရမည်သင်းမြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါးသာစည် ကျေးရွာတို့၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ နိုင်ထွန်း (၂၂) နှစ်၊ အောင်မျိုးလွင် (၂၂) နှစ်၊ မှိုင်းကြီး (၂၂) နှစ်၊ ဖိုးဇော် (၃၅) နှစ်၊ ဝင်းမိုး (၂၅) နှစ်၊ အောင်နန်းတင် (၂၃) နှစ်၊ မိုးကောင်း (၂၃) နှစ်၊ မြင့်သိန်း (၄၀) နှစ်၊ နိုင်လင်း (၁၈) နှစ်၊ မျိုးမြင့်အောင် (၂၉) နှစ်၊ ဘိုရှိုင်း (၁၅) နှစ်၊ လှဦး (၄၀) နှစ်၊ တင်အောင် (၄၅) နှစ်၊ မျိုးဇော်ထွန်း (၂၁) နှစ်၊ ဇေယျာမောင်မောင် (၁၈) နှစ်၊ သန်းဇော် (၃၉) နှစ်၊ နန်းမျိုးအောင် (၁၈) နှစ်တို့ (၁၇) ဦးအား မတ် ၂၄ ရက် နံနက် ၂ နာရီခွဲတွင် ရမည်းသင်းရဲစခန်း၌ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။ 

တရားဥပဒေ စိုးမိုးရေးအတွက် အဆိုပါ ထိန်းသိမ်းထားသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်