Pages

Tuesday, April 2, 2013

မေတ္တာ အရင်းခံ ကိုယ်ချင်းစာ တရား လက်ကိုင်ထား အမြင်ကျယ်ကျယ် သတိ ကြီးကြီးဖြင့် ပူးပေါင်း ဆောင်ရွက်

လောက နီတိကျမ်းတွင် အားကိုးရာ လေးမျိုးပြဆို ထားရာ ကောင်းကင်သည် ငှက်တို့၏ အားကိုးရာ၊ ရေသည် ငါးတို့၏ အားကိုးရာ၊ မင်းစိုးရာဇာသည် အရှိန်အဝါ မရှိသူတို့၏ အားကိုးရာ၊ငိုခြင်းသည် ကလေး သူငယ် တို့၏ အားကိုးရာဟူ၍ ဖြစ်သည်။ လောကနီတိ ဟူသည်မှာ ပါဠိစကား ဖြစ်၍ မြန်မာ ဘာသာနှင့် ဆိုသော် လူ့ဘောင် လောက၏ ရှေ့ဆောင် လမ်းပြဟု ဆိုရမည် ဖြစ်သည်။
 
လောက နီတိကျမ်း ပြုစုခဲ့သော ပုဂ္ဂိုလ်မှာ ပင်းယခေတ်က စတုရင်္ဂ ဗလဘွဲ့မည်ရသော စွယ်စုံ ပညာရှင်ကြီးဖြစ်ပြီး ခေတ်အဆက်ဆက် မြန်မာတို့ ရင်းနှီး ကျွမ်းဝင်ခဲ့သော ကျမ်းတစ်စောင် ဖြစ်သည်။
 
သို့သော် ထိုခေတ် အခြေအနေဖြင့် ရေးသား ပြုစုခဲ့သော လောက နီတိကျမ်း ထဲတွင် ယခုခေတ် အမြင်၊ ယခုခေတ် အခြေအနေ များနှင့် အံမဝင် တော့သည့် အချက် အနည်းငယ် ရှိကြောင်း လေ့လာ တွေ့ရှိရသည်။ ဥပမာ- မင်းစိုးရာဇာသည် အရှိန်အဝါ မရှိသူတို့၏ အားကိုးရာ ဖြစ်၏ ဆိုသည်မှာ ပြည်သူ့အတွက် ပြည်သူက ရွေးကောက် တင်မြှောက်သော ပြည်သူ့ အစိုးရက နိုင်ငံတော် တာဝန် အရပ်ရပ်ကို ထမ်းဆောင်နေသော ယခုခေတ်နှင့် မကိုက်ညီတော့ပါ။ ဤသို့ ဆိုရသော်လည်း အစိုးရဟူသည် တိုင်းနိုင်ငံကို အုပ်ချုပ်သော အဖွဲ့ အစည်းဟု မြန်မာ အဘိဓာန်က အဓိပ္ပာယ် ဖွင့်ထားရာ အစိုးရသည် ပြည်သူတို့၏ အားထား ရာပင် ဖြစ်သည်။
 

လူအများကြီးဖြင့်လုပ်တိုင်း၊ ပြောဆိုတိုင်း ဒီမိုကရေစီ ဟုပြော၍ မရကြောင်း ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌပြော



မကြာသေးမီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော မိတီ်္ထလာမြို့မှ စတင်ခဲ့သည့် ပဋိပက္ခ ဆူပူမှုများ နှင့်ပတ်သက်၍ ယင်းမှာ လုံးဝ မဖြစ်သင့်သော အရာတစ်ခုဖြစ် ပြီး ပြည်သူအများမှာလည်း စိုးရိမ် ကြောင့်ကြ စွာဖြင့် နေရလျက်ရှိ သောကြောင့် မဖြစ်သင့်သော ကိစ္စရပ်များ၌ လူအများကြီးပါဝင် ပြီး ဒီမိုကရေစီဟု ပြောမည်ဆိုပါ က ဒီမိုကရေစီအား အလွဲသုံးစား လုပ်သလိုဖြစ်နေမည်ဖြစ်ကြောင်း လူအများကြီးနှင့်လုပ်တိုင်း ဒီမိုက ရေစီဟုခေါ်ဆို၍မရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ သီရိ ပျံချီဦးဌေးဦးက Hot News သို့ မတ်လ(၃)ရက်က ပြောကြား သွားခဲ့သည်။

““ကျွန်တော့်အမြင်ပြောရရင် လူအများကြီးနဲ့လုပ်တိုင်း ပြော ဆိုတိုင်း ဒီမိုကရေစီလို့ ပြောလို့ မရပါဘူး။ ဒီမိုကရေစီဆိုတာ မှန် ကန်တဲ့လမ်းကြောင်းတစ်ခုအပေါ် ဦးတည်ချက်ကောင်းကောင်းနဲ့ အားလုံးက သွေးစည်းညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်မှရမှာပါ။ ဒါမှပဲ ဒီမိုကရေစီဆိုတာရှင်သန် မှာ။ မဖြစ်သင့်တဲ့ကိစ္စတွေ၊ ပြဿနာတွေကို လူတွေအများကြီးနဲ့ လုပ်ပြီး ဒီမိုကရေစီပါဆိုပြီး ပြော မယ်ဆိုရင်တော့ ဒါဟာ ဒီမိုက ရေစီကို အလွဲသုံးစာလုပ်သလို ဖြစ်နေမလားလို့ထင်တယ်။ ခု မိတီ်္ထလာကိစ္စဆိုလည်း ဒါလုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ လုံးဝကြည့် မကောင်းစရာဘဲ ပြောရရင် တစ်နိုင်ငံထဲသားတွေပဲ အားလုံး ကလည်း နှစ်ပေါင်းများစွာ အတူ ယှဉ်တွဲပြီး နေလာခဲ့တဲ့သူတွေကြီး ပဲ။ ခုကြတော့ အနိဌာရုံတွေ လွှမ်းမိုးသွားတယ်။ အဲဒီမှာဖြစ် တဲ့ ဖြစ်စဉ်တွေရဲ့ မြစ်ဖြားခံရာက စပြီး ပတ်သက်သူတွေတင်မက ဘဲ တစ်မြို့လုံးအတွက်လည်း နစ် နာစေတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း လူမျိုးဘာသာ မခွဲခြားဘဲ ဒုက္ခရောက်နေသူတွေ ရဲ့ စားဝတ်နေရေးကိစ္စတွေကို အကူအညီပေး သွားမှာပါ””ဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌနှင့် ပြည် သူ့လွှတ်တော် လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌဦးဌေးဦးမှ Hot News သတင်းထောက်၏ ဆက် သွယ်မေးမြန်းချက် အားပြန် လည် ပြောကြားသွားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦးမှလည်း အခင်း ဖြစ်ပွားပြီးနောက် မိတီ်္ထလာမြို့သို့ ကိုယ်တိုင် သွားရောက်ကာ ပဋိပက္ခကြောင့် နေရပ်စွန့်လာသော ဒုက္ခသည်ပြည်သူများအား ပြည် ခိုင်ဖြိုးပါတီ၊ ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စေတနာရှင်မိဘပြည်သူများ စုပေါင်းလှူဒါန်းကူညီေ သာ ထောက်ပံ့ပစ္စည်း ကျပ်သိန်း ၄၅၀ ကျော်အား မန္တလေးတိုင်းဒေသ ကြီး ၀န်ကြီးချုပ်မှတဆင့် လှူဒါန်း ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌမှ လုံခြုံရေးတာဝန်ယူထားသော တပ်မတော်သားများအတွက် ငွေ ကျပ် သိန်း ၃၀ လှူဒါန်းခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိ ယဗိုလ်ချုပ်ကြီးမြင့်စိုးက အလှူ ငွေများအား လက်ခံခဲ့သည်။

Hot News

မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွား




၂-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်ရာသို့ အမှတ်(၂)တိုင်းမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃၁၃ အချိန် မီးငြိမ်းသွား ခဲ့ကြောင်း မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀)ဦးရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးနေပြီး (၄)ဦးမှာ ပျောက်ဆုံးနေကြောင်း ဗလီမှာ စာသင်ကျောင်းနှင့်တွဲဖက် ထား ရှိကြောင်းနှင့် အခင်းဖြစ်အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်းဒေ သ ကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက် ရှိကြောင်း ကနဦးသတင်းရရှိသည်။

မီးလောင်မှုမှာ ပျောက်ဆုံးနေတဲ့ လေးဦးကို ပြန်လည်တွေ့ ရှိပြီဖြစ်ကြောင်း ရဲချုပ်ရုံးက နေ သိရှိရပါတယ်။

စင်္ကာပူ သမ္မတ နှင့် ဇနီး နေပြည်တော်သို့ရောက်ရှိ

 



 
စင်္ကာပူ နိုင်ငံ ၏ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း သည် ဧပြီ ၁ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မြန် မာနိုင်ငံ(နေပြည်တော် လေဆိပ်)သို့ ၄င်း၏ ဇနီးနှင့် အတူ ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏ မောင်လွင် မှ သွားရောက် ကြိုဆိုခဲ့ကြောင်းသိရသည်။ ဒေါက်တာ တိုနီတန်ကင်ယမ်း သည် မနက်ဖြန်မနက်ပိုင်းတွင် မန္တလေး မြို့သို့ ၄င်း စီးနင်းလာသော လေယာဉ် ဖြင့် သွားရောက်လည် ပတ်မည် ဖြစ်ကြောင်းသိရသည်။ ဒေါက်တာ တိုနီတန်ကင်ယမ်း သည် ၄င်း ၏ ဇနီးနှင့် အတူ အဖွဲ့ဝင် ၃၀ ဦးခန့် ခေါ်ဆောင်လာကြောင်းသိရသည်။

အဝေးပြေးယာဉ်လိုင်းများ သင်္ကြန်ကာလတွင် လက်မှတ်ဈေး တိုးမြှင့်ရောင်းပါက တိုင်ကြားနိုင်

သင်္ကြန်ကာလများအတွင်း အဝေးပြေးယာဉ်လိုင်းများ လက်မှတ်ဈေးနှုန်းများကို သတ်မှတ်နှုန်းထား များထက် ဈေးမြှင့်ရောင်းချ ပါက တိုင်ကြားနိုင်ကြောင်း မထသ အဝေးပြေး ပို့ဆောင်ရေးဌာနမှ သိရသည်။ မထသ အဝေးပြေး ပို့ဆောင်ရေးဌာနမှ သတ်မှတ်ထားသည့် ဈေးနှုန်းများထက် ပိုရောင်းချသည့် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများကို ကျပ်တစ်သိန်းအထိ အရေးယူသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ယာဉ်လိုင်းများကိုသာ တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရသည်။

မထသ (အဝေးပြေး)မှ ဒုတိယဌာနမှူး ဦးမျိုးဝင်းက “သင်္ကြန်ကာလမှာ ပုံမှန်ပြေးဆွဲမယ့် ယာဉ်လိုင်းတွေက လက်မှတ်ဈေးနှုန်းကို မြှင့်ရောင်းရင် တိုင်ကြားနိုင်ပါတယ်။ ခရီးသွားပြည်သူက တိုင်ကြားလာရင် အရေးယူသွားမှာပါ။ ရန်ကုန်က ဂိတ်တွေအတွက်ပဲ ဖြေရှင်းပေးမှာပါ” ဟု ပြောသည်။ ယင်းအပြင် လက်မှတ် ဝယ်ယူမည့် ခရီးသည်များ အနေဖြင့် မိမိဝယ်ယူမည့် ယာဉ်လိုင်းများကို တိုက်ရိုက်ဆက်သွယ် ဝယ်ယူရန် လိုအပ်ကြောင်း အဆိုပါ ဒုဌာနမှူးက ပြောသည်။

ရွှေစင်စကြာ ယာဉ်လိုင်းမှ ဂိတ်တာဝန်ရှိသူတစ်ဦးက “အရေးယူမှုတွေကို တိုင်ရင် ပထမ ငါးသောင်း၊ ဒုတိယ တစ်သိန်းဆိုပြီး သတ်မှတ်ထားတယ်။ ကျွန်တော်တို့ ဂိတ်ကတော့ ပိုမရောင်းပါဘူး။ မထသ သတ်မှတ်ကြေးရဲ့အောက် ကျပ် ၂၀၀၀ လျှော့ပြီး ခရီးစဉ်အားလုံးအတွက် ရောင်းချပေးထားတယ်။ သင်္ကြန်အတွင်းမှာလဲ ဒီဈေးနှုန်းအတိုင်း ဆက်ရောင်းပေးတယ်” ဟု ပြောသည်။ ယင်းကဲ့သို့သော အရေးယူမှုများ ပြုလုပ်မည်ဟု ပြောကြားခြင်းများ ရှိသော်လည်း ကြိုတင်လက်မှတ်ကို မည်သည့်အချိန်မှ စရောင်းရမည် ဟူသော ညွှန်ကြားချက်များ မရှိကြောင်း အဝေးပြေး ယာဉ်လိုင်းများ၏ ပြောကြားချက်အရ သိရသည်။

နေပြည်တော်လေဆိပ်တွင် နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်နိုင်ပြီ

နိုင်ငံတကာ လေကြောင်းလိုင်းများ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီ ၁ ရက်မှ စတင်ကာ တိုက်ရိုက် ဆင်းသက်နိုင်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ နေပြည်တော်နှင့် နိုင်ငံတကာ ခရီးစဉ်များကို တိုက်ရိုက်ပျံသန်းနိုင်ရန်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက “နေပြည်တော် လေဆိပ်က နိုင်ငံတကာ လေကြောင်းလိုင်းတွေ ဆင်းသက်ဖို့အတွက် လက်ခံနိုင်ပါပြီ။ တိုက်ရိုက်ဆင်းချင်တဲ့ လေကြောင်းလိုင်းတွေ အနေနဲ့ ဆင်းမယ်ဆိုရင် ဆင်းလို့ရပါပြီ” ဟု ပြောသည်။

နှစ်ပေါင်း ၃၀ ခန့် ပျောက်ကွယ်ခဲ့သည့် ‘အ’သုံးလုံး ပညာရေးစနစ် ပြန်လည်အကောင်အထည် ဖော်တော့မည်

နှစ်ပေါင်း ၃၀ နီးပါး ပျောက်ကွယ်နေခဲ့သည့် ‘အ’သုံးလုံး ပညာရေးစနစ်ကို ပညာရေးဝန်ကြီးဌာန က ပြန်လည် အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပြန်လည် အကောင်အထည်ဖော်နိုင်ရန် အတွက် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်သုံးခု၊ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်နှစ်ခု၊ မွန်ပြည်နယ်ရှိ မြို့နယ်နှစ်ခု၊ ကရင်ပြည်နယ်ရှိ မြို့နယ်တစ်ခုနှင့် ချင်းပြည်နယ်ရှိ မြို့နယ်တစ်ခုတို့တွင် အဆိုပါ ‘အ’သုံးလုံး သင်တန်းများ ပို့ချပေးသွားရန်ရှိကြောင်း မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက ပြောသည်။

“ဒီအစီအစဉ်ကို လာမယ့် ဧပြီမှာ စမှာပါ။ လောလောဆယ်မှာတော့ ပညာရေးဝန်ကြီးဌာနက စီမံချက်ချပေးတဲ့ မြို့နယ်တွေမှာပဲ အရင်ဦးဆုံး လုပ်မယ်။ အဲဒီကရလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဆက်လုပ်ရမှာတွေကို ရေးဆွဲသွားမယ်။ နှစ်တိုင်းတော့ ဒီလို လုပ်အားပေး အဖွဲ့တွေ လွှတ်ပေးနေတယ်။ ဒီကိုးမြို့နယ်က ရလဒ်အပေါ် မူတည်ပြီး လာမယ့်နှစ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာပါ” ဟု ယင်းက ထပ်မံပြောသည်။

ယင်းမြို့နယ် ကိုးခုတို့တွင် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိ စာမတတ်သူများအား လုပ်အားပေး သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ သွားရောက် လုပ်အားပေးမည့် ကျောင်းသားများမှာ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့မှ ကျောင်းသားများ ဖြစ်ကြပြီး ကျောင်းသားပေါင်း ၂၀၀၀ ကျော်ခန့်ရှိကြောင်း၊ ယင်းအစီအစဉ်တွင် ပါဝင်လို၍ ထပ်မံ ဆန္ဒပြုထားသော ကျောင်းသားများ ရှိသေးကြောင်း၊ ကုန်ကျစရိတ်များအား နိုင်ငံတော်၏ ဘတ်ဂျက်ထဲမှ အသုံးပြုမည် ဖြစ်ကြောင်း ဦးခင်မောင်ထွေးက ဆက်လက်ပြောသည်။

အစိုးရဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အစိုးရဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း၊ အမိန့်ကြော်ငြာစာ အမှတ် (၅၄၄/၂ဝ၁၃) နေပြည်တော်ကို ၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် (၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်) နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြော်ငြာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် နိုင် ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်အလေးထား ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများ သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်ရာ နိုင် ငံတော် အစိုးရသည် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံတော်တာဝန် ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်၊ စားဝတ်နေရေးနှင့် လူနေမှု အဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့ပါ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင် နေကြသည့် အစိုးရဝန်ထမ်းများ၏ လက်ရှိလစာနှုန်းထားများကို ၂၀၀၀၀ ကျပ် ထပ်မံ၍ တိုးမြှင့်ခံစားခွင့် ပြုလိုက်သည်။ နှစ်တိုးများကို (၂)နှစ်လျှင် တစ်ကြိမ် ခံစားခွင့်ပြုရန်။ လက်ရှိလစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲသွားသည့်အခါ နှစ်တိုးများကို လက်ရှိ လစာနှုန်းအရ နှစ်တိုး ကာလ များအတိုင်း ဆက်လက်ခံစားခွင့်ပြုရန် ဖြစ်ပါသည်။ တိုးမြှင့် လစာနှုန်း သို့ ပြောင်း လဲ မှုကြောင့် နှစ် တိုးကျရောက်သည့် နေ့များ ပြောင်းလဲသွားခြင်း မရှိစေရ။ လက်ရှိခံစားခွင့် ပြုထားသော အပိုထောက် ပံ့ကြေးကိုလည်း ဆက်လက်ခံစားခွင့်ပြုရန် ဖြစ်ပါသည်။

ပုဂ္ဂလိက သတင်းစာလေးစောင် ဧပြီ ၁ ရက်နေ့တွင် စတင်ထွက်ရှိ

၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိကသတင်းစာ လေးစောင် ဧပြီ ၁ ရက်နေ့တွင် စတင်ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့နှင့် မတ်လ ၂၅ ရက်နေ့တွင် ယာယီထုတ်ဝေခွင့် ရရှိခဲ့သည့် ပုဂ္ဂလိက နေ့စဉ်သတင်းစာ ၁၆ စောင်အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စုနေ့စဉ်၊ ရွှေနိုင်ငံမီဒီယာမှ ရွှေနိုင်ငံသစ်၊ Living Color မီဒီယာမှ The Voice Daily၊ Three Friends Construction Co.,Ltd မှ စံတော်ချိန်စသည့် နေ့စဉ်သတင်းစာများသည် ဧပြီလ ၁ ရက်မှ စတင်ထွက်ရှိမည် ဖြစ်ကာ အဆိုပါ သတင်းစာ လေးစောင်စလုံး၏ ပျမ်းမျှဈေးနှုန်းမှာ တစ်စောင် ၁၅၀ ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က “၁၉၆၄ မှာ ဂါးဒီးယန်း၊ ဗိုလ်တထောင်၊ ကြေးမုံ စတဲ့ သတင်းစာတွေကို ပြည်သူပိုင် သိမ်းလိုက်တဲ့အခါ ပုဂ္ဂလိက သတင်းစာ သိပ်မကျန်တော့ဘူး ဖြစ်သွားတယ်။ မကျန်တော့ဘူး ဆိုပေမယ့် ၁၉၆၈ လောက်အထိတော့ မြန်မာ့အလင်း၊ ဟံသာဝတီ စတဲ့ သတင်းစာတွေကို မြင်တွေ့ခဲ့ရသေးတယ်။ အဲဒီနောက်ပိုင်း ပုဂ္ဂလိက သတင်းစာရယ်လို့ မရှိခဲ့တာ နှစ်ပေါင်းလေးဆယ် ဝန်းကျင်လောက် ရှိပြီ။ အစိုးရသတင်းစာ ဆိုတာကလည်း ဒီမိုကရေစီ အစိုးရမဟုတ်ဘဲ အာဏာရှင်အစိုးရရဲ့ သတင်းစာဖြစ်နေတော့ အမိန့်အတိုင်း ရေးသားခဲ့ရတော့ လွတ်လပ်စွာ ရေးသားခွင့် ဘာတစ်ခုမှမရှိဘဲ နေခဲ့ရတယ်။ အခုလို ပုဂ္ဂလိက သတင်းစာတွေ ထွက်လာတာကိုတော့ အရမ်းဝမ်းသာမိပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် The Daily Elven၊ ရွှေနိုင်ငံသစ်၊ ခေတ်မိုး၊ ပြည်ထောင်စုနေ့စဉ်၊ အင်ပါယာ၊ The Messenger၊ နောက်ဆုံးရနေ့စဉ်၊ မြန်မာနယူးဝိခ်နေ့စဉ်၊ မဇ္ဈိမ၊ ဒီလှိုင်း၊ စံတော်ချိန်၊ ခေတ်သစ်နေ့စဉ်၊ ရန်ကုန်တိုင်း(မ်)၊ မြန်မာဓိက၊ The Voice Daily၊ ၇ ရက်နေ့စဉ် စသည့် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ရရှိထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် သွေးထိုးလှုံ့ဆော်မှုများရှိနေကြောင်း နိုင်ငံတော် သမ္မတ ပြောကြား



ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးချမ်းအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် နောက် ကွယ် မှ သွေးထိုးလှုံ့ဆော်မှုများ၊ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြောင်း မတ်လ ၃၁ ရက် ည ၇ နာရီ က နိုင်ငံတော် သမ္မတ၏ စတုတ္ထအကြိမ်မြောက် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြော ကြားခဲ့သည်။

ထို့ပြင် ပြည်သူများ အနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်း ကူညီကြရန်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံခဲ့ သည်။ ပြည်သူ အချို့သည် ပြဿနာတစ်ရပ် ကြုံတွေ့တိုင်း တရားဥပဒေ နည်းလမ်းနှင့် မဖြေရှင်းဘဲ လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ်မှု၊ မီးရှို့မှုများ ကျူးလွန်နေကြသောကြောင့် တိုင်းပြည်အနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရသည်ဟု နိုင်ငံတော်သမ္မတ က ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

Sunday, March 31, 2013

အဆဲခံပြီး ရေးလိုက်သည်၊ ကိုဉာဏ် (ပန်းလောင်မြေ)

(က)
 
အစိုးရကလည်း ပြောချင်တာလေးရှိရင် ထုတ်နုတ်ကိုးကားတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
မြန်မာ့တပ်မတော်ကလည်း လိုချင်တာလေးတွေကို ထုတ်နုတ်ကိုးကားတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
နိုင်ငံရေးသမားတွေကလည်း ကိုယ်ပြောချင်တာတွေကို ဟိုတစ်စဒီတစ်စ ထုတ်နုတ်ကိုးကားပြောကြတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
လမ်းဘေးကကောင်ကလည်း သူသောက်တလွဲလုပ်သမျှ အမှန်ဖြစ်ကြောင်း အကိုးအကားလေးနဲ့ ပြောရှာတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
အခုနောက်ဆုံး... စတုတ္ထမဏ္ဍိုင်ဆိုတာကြီးတွေကပါ ကျန်တဲ့မဏ္ဍိုင်တွေကို တစ်ခုခုဝေဖန်ချင်ရင် ထုတ်နုတ်ကိုးကားလေးနဲ့ သာသာနဲ့နာနာ နှက်ကြတယ်...
ဒါပေမယ့် အပြည့်အစုံတော့ မပြောကြဘူး။
ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေဖြစ်တော့လည်း အကိုးကားခံရပြန်တာပဲ...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
...............................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
.......................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
................................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။

...............................................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။ 

တောက်... တော်သေးတာပေါ့ကွာ...
 
ငါတို့ဗိုလ်ချုပ်၊ ငါတို့အောင်ဆန်း၊ ငါတို့တေဇ၊ ငါတို့ထိန်လင်း အသက် ၃၂ နှစ်မှာ သေသွားရှာလို့။ အခုခေတ်လူတွေ ကိုယ်လုပ်ချင်ရာလုပ်ဖို့အတွက် ဗိုလ်ချုပ် ပြောခဲ့တဲ့စကား ကိုးကားလိုက်ပုံများ ဘုရားရှင် ဟောပြောခဲ့တဲ့ တရားဓမ္မတွေကိုတောင် ဘေးဖယ်ထားတဲ့အထိ။ မသိရင် အောင်ဆန်းဆိုတဲ့ လူကပဲ ဟိုလိုတစ်မျိုး၊ ဒီလိုတစ်မျိုး အမျိုးမျိုး ပြောခဲ့သလို ဖြစ်ဦးမယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်္ချာတွက်တာကို ပြန်သတိရမိတယ်။ မေးထားတဲ့သင်္ချာပုစ္ဆာက အဖြေဘယ်လောက်ဆိုတာ သိနေတဲ့ အချိန်မျိုးပေါ့။ လူတိုင်း မဟုတ်ပေမယ့် ကျွန်တော့်လိုမျိုး အချို့အချို့သော လူလည်ကျောင်းသားများက သင်္ချာကို ပြောင်းပြန်တွက်ကြတယ်။ သူ့အဆင့်နဲ့သူ အဆင့်ဆင့် တွက်လာလို့ရှိရင် သိနေတဲ့အဖြေ မရမှာစိုးတဲ့အတွက် သိထားတဲ့အဖြေကနေ နောက်ပြန် ပြန်တွက်တာမျိုးပါ။ အကြောင်းတိုက်ဆိုင်တဲ့လူတွေ ကျွန်တော်ပြောချင်တာကို နားလည်ပါလိမ့်မယ်။ အခုလည်း ကျွန်တော်ငယ်ငယ်ကလိုမျိုး လူစားတွေ အများကြီးပါလားဆိုတာ တစ်နေ့တစ်ခြား သိလာရတယ်။ သွယ်ဝိုက်မပြောတော့ဘူး.... တဲ့ထိုးပြောမယ်။ ဗိုလ်ချုပ်က ဒီလိုပြောခဲ့လို့၊ ဒီလိုလမ်းညွှန်ခဲ့လို့ လုပ်နေကြတဲ့လူတွေ ရှိကောင်းရှိနိုင်တယ်... ဒါပေမယ့် သိပ်ရှားတယ်။ အားလုံးနီးပါးဟာ ကိုယ်လုပ်ချင်ရာလုပ်ဖို့အတွက် ဗိုလ်ချုပ်ပြောတဲ့ဟာတွေကို ပြန်ကိုးကားပြီး တရားခံရှာနေကြတယ်။ ဗိုလ်ချုပ်ပြောတဲ့အတိုင်း လုပ်ကြတာမဟုတ်၊ ကိုယ်လုပ်ချင်တာကို ဗိုလ်ချုပ်စကားနဲ့ ကာဗာလုပ်ကြတာပါ။ မျက်နှာဘေးကဖြတ်သွားတဲ့ ခဲလုံးကိုမြင်ပြီး အား..... ဟု အော်မည့်သူများ၊ ဆွာရက်ဇ်ကဲ့သို့ အခြားကစားသမား၏ ခြေထောက်မြင်လိုက်ရုံနှင့် လဲကျမည့်သူများ၊ လက်နှင့်တောင် မတို့ရသေးဘဲ ဟီးခနဲ ငိုချင်နေသည့် ကလေးစိတ်မကုန်သေးသူများ အားလုံးအားလုံး ပေါက်ကွဲနိုင်ကြပါပြီ။ ကျွန်တော်ရေးခဲ့သည်များကြောင့် တည့်တည့်တကယ်ထိမှန်၍ နာသွားသောသူများကိုမူ အားနာပါကြောင်း ပြောပါရစေ။
 

ရုပ်ရှင် အစည်းအရုံးမှ မိတ္ထီလာရှိ ဒုက္ခသည်များသို့ သွားရောက် ကူညီမည်

 
ရုပ်ရှင်အစည်းအရုံးအဖွဲ့ အနုပညာရှင်များသည် မိတ္ထီလာမြို့ရှိ ဒုက္ခသည်များအား ဧပြီလ ၁ရက်နေ့တွင် သွားရောက်ကူညီ ရန် အစီအစဉ်ရှိကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး အဖွဲ့အပါအဝင် ပွင့်လင်းအဖွဲ့အစည်းနဲ့ အမျိုးသမီးရေးရာ အဖွဲ့တို့ ပေါင်းပြီး ဧပြီလ ၁ရက်နေ့မှာ မိတ္ထီလာကို သွားမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ အတွက်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေကလည်း ပူးပေါင်းဖို့အသင့်ပါပဲ” ဟု မတ်လ ၃၀ရက်နေ့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်းတို့၏ ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ကမ္ဘာကျော် Michael Learns to Rock အဖွဲ့သည် လေးဆူး ဓါတ်ပုံ မြတ်ရွှေတိဂုံ စေတီတော်သို့လာရောက် ဖူးမြော်ကြည်ညိုပြီး ဗုဒ္ဓမြတ်စွာဘုရား ၏ မေတ္တာရိပ်ကို လာရောက် ခိုလှုံစဉ်



နောက်ကွယ်က လူတွေကို စုံစမ်းစစ်ဆေးနေပြီ ပြောပေမယ့် မဖေါ်ထုတ်ဘူးဆိုရင် နောက်ထပ် အရေးအခင်းတွေကို ဖိတ်ခေါ်သလို ဖြစ်သွားမှာပေါ့ ဆိုသည့် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် နှင့်တွေ့ဆုံခြင်း

လတ်တလော ဖြစ်ပွားနေသော ဘာသာရေး လူမျိုးရေး အကြောင်းပြ၍ ပဋိပက္ခများ အဓိကရုဏ်း များ ဖြစ်ပေါ်နေခြင်းများနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အား တွေ့ ဆုံမေးမြန်း မှုများအား ဖေါ်ပြလိုက်ပါသည်။

မေး။ ။အခု အဓိကရုဏ်းတွေ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အဘ ဘယ်လိုမြင်မိလဲ

ပဋိပက္ခက မိတ္ထီလာ ရွှေဆိုင်တစ်ဆိုင်ကနေ စတယ်။ အဲ့ဒီမှာ ခံရတဲ့ဘက်က ဗုဒ္ဒဘာသာတွေက ရပ်တယ် အဲ့ဒီအပြင် သံဃာတစ်ပါးနဲ့ ပတ်သက်ပြီး တစ်ဖက်က ကိုင်တွယ်မှုအပေါ်မှာ ကိုင်တယ်မှုအပေါ်မှာ ခံပြင်းရာကနေ သာမန် ခိုက်ရန်ဖြစ်ပွားမှုက စပြီး ဘာသရေးအဓိကရုဏ်း ဘာသာရေးအုပ်စု မတူခြားတဲ့ အသွင်း အဓိကရုဏ်းဖြစ်ပြီး ခု အပြစ်မဲ့တဲ့သူတွေပါ သေရတာပေါ့ မီးလောင်ပြီးတော့ အိုးအိမ်တွေ ဆုံးရှုံးရတာပေါ့။ ဒါတွေက မလိုလားအပ်တဲ့ ဖြစ်ရပ်တွေပါ။ ဒီဖြစ်ရပ်တွေကို ကြည့်တဲ့အခါမှာ အခုလက်ငင်းပေါ်ပေါက်တဲ့အကြောင်းတွေ ကြည့်လို့မရဘူး အရင်းအခံအကြောင်းကို ကြည့်ရမယ်။ အရင်းခံအကြောင်းတွေထဲမှာ ဘာလဲ ဆိုတော့ ဧည့်နိုင်ငံသားလို့ နိုင်ငံသားပြုခွင့်ရတဲ့သူတွေ၊ ဧည့်သည်တွေက အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ကလည်း ဧည့်သည်ရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရမယ်။ အဲ့ဒါက နှစ်ရှည်လများ ဧည့်သည်က အိမ်ရှင်အပေါ်မှာ စီးပွားရေး မညီမျှမှုတွေ ၊ လူမှုရေး မမျှတမှုတွေ လုပ်လာတဲ့ အခါကြတော့ လူ့အဖွဲ့အစည်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ခံပြင်းတဲ့ နာကျည်းမှုတွေရှိလာတာပေါ့။ ခုလို ပုဂ္ဂိုလ်ရေးဆိုင်ရာ ပေါ်ပေါက်လာတဲ့ အရေးအခင်းတွေက စပြီးတော့ ဆိုးရွားတဲ့ အခြေအနေတွေဖြစ်လာတာ။ ဒါကတော့ သာမန်လူထုဟာပေါ့ နောက်တစ်ခုက နိုင်ငံအရေးရ စဉ်းစားရမှာက ခေတ်ဟောင်းမှာ အခွင့်အရေးရပြီးတော့ အဏာကိုအကြောင်းပြပြီး စည်းစိမ်းဥစ္စာကို ရှာနိုင်ခဲ့တဲ့ အင်အားစုပေါ့ ဒီအင်အားစု တွေကလည်း သူတို့ရဲအခွင့်အဏာတွေဟာ ပြောင်းလဲရေးလုပ်လာရင် လျော့နည်းတော့မှာကိုး၊ ဆုံးရှုံးတော့မှာကိုး၊ အဲ့တော့ သူတို့မှာ ရှိတဲ့ ငွေကြေးနဲ့ သူတို့သြဇာကို သုံးပြီးတော့ သူတို့ အားကောင်းတဲ့ နေရာတွေမှာ မိတ္တီလာတို့လို မြင်းခြံတို့လို နေရာတွေမှာ အားစမ်းတာ မျိုး လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ နှစ်ပေါင်း၂၀ လုံးမှာ သပိတ်စုံ သူပုန်ထ လာခဲ့ပြီးတော့ လမ်းပေါ်ထွက် လမ်းပေါ်က နိုင်ငံရေးကိုပဲ လုပ်တတ်ကိုင်တတ်တဲ့ သူတွေကလည်း ခုလို အခွင့်အရေးအခါအခွင့်ပေါ်လာတဲ့ အခါမှာ နဂိုအခံနဲ့ ၀င်လုပ်တာလည်း ရှိတာပေါ့ ဒါတွေနဲ့တ်စက်ပြီး ကော်မရှင်က သတိပေးတာ ရှိတယ် နိုင်ငံရေးပါတီတွေ မပါဝင်ဖို့၊ ။ ဇီးကုန်းဘက်သတင်းကို ကြားရတဲ့အခါ နိုင်ငံရေးပါတီအချို့ က မေးမြန်းစုံစမ်းခံရမယ်ဆိုတဲ့အဆင့်ရောက်နေတဲ့ သတင်းတွေကြားရတယ်။ အဲ့တော့ အခုအရေးအခင်းက ရိုးရိုးပြောလိုက်ရင် တိုင်းပြည်ရဲ့ မတည်ငြိမ်မှုကို ဖန်းတီးပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု နှေးကွေးအောင်လုပ်ချင်တဲ့အင်အားစုနဲ့ မိမိရဲ့ ပုဂ္ဂိုလ်ရေးအဏာ အတွက် တိုင်ပြည်မတည်ငြိမ်မှ အလုပ်ဖြစ်မယ်ထင်တဲ့ နိုင်ငံရေးအတွေးအခေါ်မျိုးနဲ့ ၀င်ရောက်လုပ်နေတဲ့ အင်အားစုတွေပေါ့ အားလုံး လာပြီး ပေါင်းစပ် မိတယ်လို့ ပြောရမယ်။ တိုင်းပြည်က လူမျိုးရေး စစ်ပွဲ၊ ဘာသာရေး ဂိုဏ်းဂဏ စစ်ပွဲတွေကြောင့် ခေတ်နောက်ကျခဲ့ပြီ အဲ့ဒီအခြေအနေဆိုး တွေကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ အခု ဘာသာရေး အဓိကရုဏ်းဖြစ်တာ မလိုလားဘူး။ အဲ့တော့ တရားဥပဒေစိုးမိုးရေးကို တို့ပါတီအနေနဲ့ အဏာပိုင်တွေက ဖိတ်ခေါ်ရင် တို့ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်ပေးမယ်။ မဖိတ်ခေါ်ရင်လည်း လူထုအသိပေးတဲ့ စည်းရုံးလှုံဆော်တဲ့ နည်းနဲ့ လုပ်သွားမှာပဲ။

စိုးသူ ဖျော်ဖြေပွဲမှမြင်ကွင်းများ




ဆက်သွားချင်သေးတယ် ဆိုရင်