စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်မုံရွာမြို့ဘုရားကြီးရပ်ကွက် အပိုင်ချင်းတွင်းမြစ်ကြောင်းအတွင်း တွင် တရားမ၀င် သစ်တောထွက် ပစ္စည်းများ ဖြစ်သည့် သစ်ခွအိတ် (၆၇)အိတ် တင်ဆောင်လာသော ရတ နာဖြိုးရေယာဉ်ကို သက်ဆိုင် ရာက ဖမ်းဆီးလိုက်ကြောင်း သိရ သည်။
ဖေဖော်ဝါရီလ(၁)ရက်က မုံရွာမြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများသည် ဘုရားကြီး ရပ်ကွက် အပိုင် ချင်းတွင်းမြစ် အတွင်းရွှေနဒီဇေယျာရေယာဉ် ဂိတ်အနီးတွင် သတင်းပေးတိုင်တန်း ချက်များအရ တရား မ၀င်သစ်တော ထွက်များဖြစ်သည့် သစ်ခွအိတ် များကို လိုက်လံရှာဖွေခဲ့ရာ ကလေး ခရိုင် မင်း ကင်းမြို့နယ်နေ ဦးအောင် မျိုးမင်းမောင်းနှင်လာသော ရတနာ ဖြိုးအမြန်ရေယာဉ်ပေါ်မှ သစ်ခွအစို (၆၇) အိတ် (၁၁၆၂.၉၄)ပိသာကို တွေ့ရှိခဲ့သည်။ အဆိုပါ သစ်ခွ အစိုအိတ်များ၏ ပိုင်ရှင်မှာ ခန်္တီး ခရိုင် လေရှီးမြို့နယ်ခွဲဆွပ္ပရာမြို့မှ ကုန်သည်ဦးရိသူးပေါဆိုသူ၏ ပစ္စည်းများဖြစ်ကြောင်း သက် ဆိုင်ရာ တာဝန်ရှိ တစ်ဦးထံမှ သိရသည်။