Pages

Saturday, March 9, 2013

ပြည်သူများမစိုးရိမ်ရန် ငွေစက္ကူတုကိစ္စ ဗဟိုဘဏ် ပညာပေးမည်

ငါးထောင်ကျပ်တန် ငွေစက္ကူအတုများ ပေါ်ထွက်နေသည့် သတင်းများကြောင့် အများပြည်သူ ပူပန်မှု မရှိစေရန် ငွေစက္ကူအတုများနှင့် စပ်လျဉ်း၍ အသိပညာပေးမှုများကို လိုအပ်သည့်အချိန်တွင် သတင်းစာ၊ ဂျာနယ် များမှ တစ်ဆင့် ထုတ်ပြန်သွားမည်စြဖ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူအတုများ မလည်ပတ်နိုင်ရန် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ငွေစက္ကူအတု အစစ်ခွဲခြားသည့် စက်များဖြင့် ကြပ်မတ်နေသော်လည်း ဘဏ်များတွင် ငွေကြေးလည်ပတ်မှု ပမာဏအရ ငွေစက္ကူအတုတွေ လက်ခံရရှိနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင် က ပြည်သူ့လွှတ်တော်တွင် မတ်လ ၇ ရက်နေ့က ရှင်းလင်းပြောဆိုခဲ့ သည်။

သို့သော်လည်း လှည့်လည်သုံးစွဲနိုင်သည့် ပမာဏမရှိကြောင်း ဒုတိယဝန်ကြီးက မိုးမောက်မြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထွန်း၏ ငါးထောင်တန် အတုများနှင့် စပ်လျဉ်း သည့် မေး ခွန်း ကို ပြန်လည်ဖြေကြားခဲ့သည်။ ကျပ်ငွေ ငါးထောင်တန်များကို စစ်ဆေးလက်ခံလျက်ရှိပြီး အတုအစစ် ခွဲခြားသိနိုင်ရန် လက်ဖြင့် ရေတွက်လေ့ရှိကြောင်း ဘဏ်အချို့ထံမှ သိရသည်။ “အရွက်ရေ များရင်တော့ စက်ဖြင့်ရေပြီး နောက်မှ လက်နဲ့ပြန်စစ်ပါတယ်။ အထူးသဖြင့် ငါးထောင်တန်နဲ့ တစ်သောင်းတန်တွေကိုပါ” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာဦးသန်းချိုက ပြောကြားခဲ့သည်။

ငါးထောင်တန်အတုများမှာ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် မလည်ပတ်နိုင်သော်လည်း စီးပွားရေးလောကတွင် လည်ပတ်နေနိုင်သဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေကြေးလုပ်ငန်း စီမံခန့်ခွဲမှုဌာန၏ ငွေကြေးဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၁ ပါ ပြဋ္ဌာန်းချက်များအတိုင်း အတုအစစ် ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြား အရေးယူခြင်း၊ အတုအစစ် ခွဲခြားသည့်စက်များ အသုံးပြုခြင်း စသည်ဖြင့် ထိန်းချုပ်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်