Pages

Saturday, March 9, 2013

ဖြေလျော့မှု တခု အနေဖြင့် တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များ အားလုံး စလစ်မလိုဘဲ တင်သွင်းခွင့်ပြု

၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များ အားလုံးကို လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ကာ တင်သွင်းခွင့်ပြုသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ယင်းသို့ ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များ အားလုံးကို လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်လိုက်သဖြင့် Hilux, Extra Cab စသည့် တံခါးနှစ်ပေါက် ပစ်ကပ်ယာဉ်များကို လုပ်ငန်းသုံးယာဉ်များ အခွန်ဆောင်ရသည့် နှုန်းအတိုင်း ကုန်သွယ်ခွန်နှင့် က.ည.န အခွန် စုစုပေါင်း တင်သွင်းလာသောကား CIF တန်ဖိုး၏ ၈ ရာခိုင်နှုန်းသာ အခွန်ဆောင်ရမည်ဖြစ်သည်။ ယခင်က Light Truck ယာဉ်များနှင့် အခြားလုပ်ငန်းသုံး ယာဉ်များကိုသာ လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ကာ Hilux ကားများကိုမူ ယာဉ်အိုဟောင်း အပ်နှံစနစ်ဖြင့် တင်သွင်းခဲ့ရခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် မေလတွင် ၂၀၀၇ ခုနှစ်အထက် အိမ်စီးယာဉ်များကိုသာ နိုင်ငံခြားငွေ စာရင်းဖွင့်လှစ်၍ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် စလစ်မလိုဘဲ တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်