Pages

Saturday, March 9, 2013

အတိုက်အခံသာ လုပ်တတ်သော လွှတ်တော် အမတ် နိုင်ငံခြား ခရီးစဉ်များ နှင့် ကွာခြားချက် အနေဖြင့် အမှန်တကယ် တိုင်းပြည် အတွက် အလုပ် လုပ်သော သမ္မတ ၏ ဥရောပခရီးစဉ် ကြောင့် မြန်မာ့ ပို့ကုန်များ ဈေးကွက်ပိုမို ရရှိလာမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး ဥရောပငါးနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဆွေးနွေးမှုရလဒ် အချို့အရ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ခြင်းနှင့်အတူ အခွန်သက်သာခွင့်များ ရရှိလာသောကြောင့် အထည်ချုပ်၊ ရေထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးပို့ကုန်များ ဈေးကွက်ပိုမိုရရှိလာ မည်ဖြစ်ေ ကြာင်း မြန်မာ့ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမိုးမြင့်ကျော် က ပြောကြားခဲ့သည်။ 

ဥရောပနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများကို အထူးအခွန်ကင်းလွတ်ခွင့် ဖြစ်သည့် (Generalized System of Preference-GSP) ကို မြန်မာနိုင်ငံက ယခင်နှစ်ကတည်းက ခံစားခွင့်ရရှိထားပြီး ဖြစ်သော်လည်း လက်တွေ့မခံစားရသေးဘဲ သမ္မတခရီးစဉ်တွင် အဆိုပါ GSP ကို လက်တွေ့ရရှိရန် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းကဆက်လက် ပြောကြားသည်။ 


ဥရောပနိုင်ငံများက မြန်မာမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို အခွန်သက်သာခွင့် ပေးသောကြောင့် ဥရောပသို့ ကုန်ပစ္စည်းတင်ပို့မည့် နိုင်ငံခြား ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကာ ပစ္စည်းများ ထုတ်လုပ်လာနိုင်ကြောင်း ဦးမိုးမြင့်ကျော်က သုံးသပ်ပြောကြားခဲ့သည်။ မြန်မာ့ပို့ကုန်များမှာ ဥရောပဈေးကွက်သို့ တင်ပို့ရန် အရည်အသွေး မီသော်လည်း ယင်းနိုင်ငံများက တန်ဖိုးမြှင့်ထားသော ထုတ်ကုန်များကို ပိုမိုနှစ်သက်သည်။ 

“ဥရောပကို ဆန်တင်ပို့ရတာ အနည်းဆုံးပါ။ ဒါပေမယ့် GSP ရတဲ့အတွက် Market (ဈေးကွက်) တိုးမြှင့်အောင် လုပ်ဖို့ရှိပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။ အခြေခံ လူတန်းစားများအတွက် အဓိက အလုပ်အကိုင် အခွင့်အလမ်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းသည်လည်း GSP ခံစားခွင့်ရရှိသောကြောင့် ပြန်လည်ဦးမော့လာနိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။ 

အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများက အခွန်သုညရာခိုင်နှုန်းနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို တင်ပို့ခွင့်ရရှိထားပြီး မြန်မာနိုင်ငံလည်း ရရှိလာလျှင် ပြောင်းလဲမှုများ ရှိလာနိုင်ကြောင်း လှိုင်သာယာစက်မှုဇုန်မှ အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ နိုင်ငံခြားကုမ္ပဏီက အရင်းအနှီး စိုက်ထုတ်ပြီး ထုတ်ပိုးတင်ပို့သည့် (Cutting, Making, Packing-CMP) အထည်ချုပ်လုပ်ငန်းသည် အခြေခံလူတန်းစားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် အရေးပါကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်