Pages

Thursday, March 7, 2013

မတ်လ ၁၁ ရက်နေ့ အစိုးရနှင့် KIA ဆွေးနွေးမည်


လာမယ့် မတ်လ ၁၁ ရက်နေ့ကျရင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံကြမယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

ကေအိုင်အိုနဲ့အစိုးရဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ၄ ရက်နေ့ကလည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ စစ်ရေးအရှိန်တွေ လျှော့ချမယ်လို့ ပြောခဲ့ပေမယ့်လည်း တိုက်ပွဲငယ်တွေ ပြန်ဖြစ်နေတာ ၊ အစိုးရတပ်ဘက်က တပ်တွေ နောက်ဆုတ် သွားတာမ၇ှိဘဲ တပ်အလဲအလှယ်လုပ်တာ ၊ စစ်စခန်းတွေ ပြင်ဆင်ဆောက်လုပ်နေတာတွေ တွေ့နေရတဲ့အတွက် စစ်ရေးကိစ္စလည်း ထပ်ဆွေးနွေးဖွယ်ရှိတယ်လို့ သူကဆက်ပြောပါတယ်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဆွေးနွေးနေတဲ့ ဖြစ်စဉ်အကြောင်းတွေနဲ့ပတ်သက်ပြီး ကေအိုင်အို အရာရှိအရာခံတပ်သားတွေကြား ရှင်းလင်းပွဲတရပ်ကိုလည်း ဌာနချုပ်လိုင်ဇာမှာ မတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။

ဆွေးနွေးပွဲမှာ စောင့်ကြည့်အကဲခတ်မယ့် ကြားနေအဖွဲ့အစည်းလိုအပ်ကြောင်းတွေလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတုံးကတော့ တရုတ် အစိုးရက ကြားဝင်စီစဉ်ပေးခဲ့ပြီး ဆွေးနွေးပွဲကို အဆင့်မြင့်သံတမန် ၂ ဦး တက်ရောက်ခဲ့ပါတယ်။
 
 www.MyanmarExpress.net
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်