Pages

Wednesday, April 3, 2013

ရခိုင်ပြည်နယ်ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း ( အမိန့်အမှတ်၊ ၁၃/၂ဝ၁၃ )


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၁၃/၂ဝ၁၃)

၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်

(၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂ ရက်)

ရခိုင်ပြည်နယ်ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မခွဲ (စ)၊ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်စန်ရွှေအား ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်