Pages

Wednesday, April 3, 2013

ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူအား ဖမ်းဆီးအရေးယူ

၃၁-၃-၂၀၁၃ ရက်နေ့ ၁၂၃၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၂) ရပ်ကွက်၊ မျက်သွယ် ခေါင်ရည်ဆိုင်တွင် ရဲတပ်ကြပ်အဆင့်ယူနီဖောင်းဝတ်ထားသည့် မသင်္ကာဖွယ် လူတစ်ဦးရောက် ရှိနေကြောင်း သတင်း အရ မတ္တရာရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းရာ အဆိုပါလူသည် အမှတ်( ၂) ရပ်ကွက်လမ်းမပေါ်ရှိဆိုင်ကယ် ကယ်ရီ မောင်းသူများအား““မင်းတို့ဆိုင်ကယ်တွေ လိုင်စင်မရှိရင် ဖမ်းပစ်မယ် ”” ဟု ခြိမ်းခြောက်ပြောဆို၍ အနီးရှိဆိုင်တွင် ခေါင်ရည်ေ သာက်ပြီးပြန် ထွက်သွားကြောင်း သိရှိရသဖြင့်လိုက်လံရှာဖွေခဲ့သည်။ထိုသို့ရှာဖွေခဲ့ရာအဆိုပါမသင်္ကာ ဖွယ်လူအား မြို့သစ် (၂)ရပ်ကွက် လမ်းပေါ်တွင် တွေ့ရှိရသဖြင့်စစ်မေးရာ မတ္တရာမြို့၊ မြို့သစ်(၁)ရပ်ကွက်နေအောင် ကျော်မိုး (ခ)မိုးမိုး (၃၂)နှစ်ဖြစ်ပြီး ၎င်းင်းဝတ်ဆင်လာသောယူနီဖောင်းမှာ ဦးလေးဖြစ်သူ၏ ယူနီဖောင်းအား ခိုးယူဝတ် ဆင် လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်ကျော်မိုး(ခ)မိုးမိုးအား မတ္တရာရဲစခန်း (ပ)၁၁၃/ ၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်