Pages

Tuesday, February 12, 2013

ပန်းတနော်တွင် အစိုးရနှင့် KNU ငြိမ်းချမ်းရေး တည်ဆောက်မှု ကြိုဆို ထောက်ခံပွဲ ပြုလုပ်

 
 ပန်းတနော်မြို့တွင် ယနေ့ ပြုလုပ်သည့် ထာဝရငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲ

မြန်မာအစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့၏ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုကို ကြိုဆို ထောက်ခံပွဲ အခမ်းအ နားတခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ရာ လူထုပရိဿတ် ၈ ထောင်နီးပါး တက်ရောက် အားပေးခဲ့ကြသည်။ ယင်းကြိုဆိုေ ထာက် ခံပွဲကို အဆိုပါမြို့ရှိ တိုးချဲ့ရပ်ကွက်နေရာတွင် နံနက် ၈ နာရီမှ စတင်ကျင်းပခဲ့ပြီး အခမ်းအ နား သဘာပတိ အဖြစ် ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ မန်းသိန်းလှက မိန့်ခွန်းပြောကြားသလို KNU ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို တို့ကလည်း မိန့်ခွန်းပြောကြားခဲ့သည်။

အခမ်းအနား တက်ရောက်ခဲ့သူ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ (မဟာရန်ကုန်)မှ အထွေထွေ အတွင်းရေးမှူး စောလှထွန်းက ပဒိုမန်းငြိမ်းမောင် ပြောကြားသွားခဲ့သည့် မိန့်ခွန်းကို ယခုလို ပြန်လည်ပြောပြသည်။

၎င်းက “ပဒိုမန်းငြိမ်းမောင်ပြောတာကတော့ ကေအဲန်ယူက ဘယ်တုန်းက စတင်ဖွဲ့စည်းခဲ့တာတွေနဲ့ ပတ်သက်ပြီးပြောတယ်။ နောက်ပြီး ဒီနေ့ဟာ ကရင်လူမျိုးတို့ရဲ့ ကြွေးကြော်သံ ၄ ရပ်နဲ့ တောင်းဆိုမှုတွေ စတင်ခဲ့တဲ့ ကရင်အမျိုးသားနေ့ဖြစ်ပြီး ဒီနေ့အထိ ကေအဲန်ယူက ကရင်တမျိုးသားလုံး တန်းတူအခွင့်အရေး ရရှိဖို့ ကြိုးပမ်း လုပ်ဆောင်နေတာတွေကို ရှင်းပြခဲ့ပါတယ်” ဟု ပြောသည်။

ကေအဲန်ယူသည် စစ်အစိုးရကို လက်နက်စွဲကိုင် မတော်လှန်ခင် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် “ကရင်ပြည် ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ ပြည်တွင်းစစ် အလိုမရှိ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ” ဟူသော ကြွေး ကြော်သံ ၄ ချက်ပါ ဆိုင်းပုဒ်များကို ကိုင်ဆောင်၍ တစ်ပြည်လုံး အတိုင်းတာဖြင့် နိုင်ငံရေးအရ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နိုင်ငံရေးအရ ယင်းသို့တောင်းဆိုမှုကို အကြမ်းဖက် ဖြိုခွဲခဲ့သဖြင့် ကေအဲန်ယူနှင့် စစ်အစိုးရတို့ နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက် ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လက်ရှိသမ္မတ ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးေ ဆွးနွေးပွဲ တည်ဆောက်နေမှုကို ကြိုဆိုသည့် ယခု အခမ်းအနားတွင် အဆိုပြုထောက်ခံလွှာကို အနောက် ပိုးကရင် ဘာသာဖြင့် နန့်မေစီလျာအေး၊ စကောကရင်ဘာသာဖြင့် နော်ဖူး ဖူးစန်းနှင့် မြန်မာဘာသာဖြ င့် ဒေါက်တာမန်းခင်မောင်စိုးတို့က ဖတ်ကြားခဲ့ကြသည်။

ပန်းတနော် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌလည်းဖြစ်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီဝင် လည်းဖြစ်သူ မန်းသိန်းလှက အစိုးရနှင့် ကေအဲန်ယူတို့ ငြိမ်းချမ်းရေးတည်ဆောက်နေမှုကို ကြိုဆိုထောက်ခံ ပါသလားဟု တက်ရောက်လာသည့် လူထုပရိဿတ်အား သုံးကြိမ်တိုင် မေးမြန်းအ တည်ပြု ခဲ့ပြီး အခမ်းအနား ကို နေ့လည် ၁၁ နာရီတွင် ရုတ်သိမ်းလိုက်သည်။

ငြိမ်းချမ်းရေးကို ကြိုဆိုထောက်ခံမှုနှင့် ပတ်သက်၍ စောလှထွန်းက “ဒါလည်း လုပ်သင့်လုပ်ထိုက်တဲ့ အနေအထားတစ်ခုအနေနဲ့ တော့ လုပ်သင့်တယ်လို့မြင်ပါတယ်။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင် ဒုက္ခရောက်ရသလိုပဲ။ လက်နက်ကိုင်ပဋိပက္ခတွေလည်း အမြန်ချုပ်ငြိမ်းမှသာလျှင် တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရမှသာ အစိုးရပြောသလိုပဲ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်မှာလို့ သာမန်ပြည်သူ တစ်ယောက်အနေနဲ့ပဲ မြင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် ယနေ့အခမ်းအနားကို ကေအဲန်ယူမှ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောသမိန်ထွန်းတို့ ပါဝင်ခဲ့ကြပြီး လက်ရှိအစိုးရနှင့် ကေအဲန်ယူတို့အကြား အကောင်အထည်ဖော်နေသော စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိစေရန် တဖက်တလမ်းမှ တွန်းအားပေး သည့်အနေဖြင့် ထောက်ခံကြိုဆိုပွဲကို ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပန်းတနော်မြို့နယ် အပါအ၀င် ပုသိမ်၊ မြောင်းမြ၊ ကျုံပျော်၊ ကျောင်းကုန်း၊ ဓနုဖြူ၊ ၀ါးခယ်မ၊ ညောင်တုန်း၊ မအူပင်မြို့နယ်များမှ ကျေးရွာ၊ မြို့နယ် အုပ်ချုပ်ရေး မှူးများနှင့် ဒေသခံများလည်း တက်ရောက်ခဲ့ကြသည်။

ကေအိုင်စီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်