Pages

Saturday, March 16, 2013

တရုတ်ကြောင့် ကချင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ခွင့်မရဟု UWSA ဆို

တရုတ်ပြည် ရွှေလီမြို့၌ မတ်လ ၁၁ ရက်မှ ၁၂ ရက်ထိ ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲကို မတက်ရော က်နိုင်ခဲ့ခြင်းမှာ တရုတ်ပြည် ဗျူရိုကရေစီ စနစ်၏ နှေးကွေးမှုကြောင့် ဖြစ်သည်ဟု UWSA ဘက် မှ ပြစ် တ င်ဝေဖန်လိုက်သည်။

ကျောက်ကျုံးတန်း (Photo:UWSA)

“တရုတ်ပြည်ရဲ့ ရုံးစနစ်က တဆင့်ပြီး တဆင့်သွားတယ်။ အချိန်ကြာပြီး နှေးကွေးတယ်။ အထက်အရာ ရှိနဲ့ လက်အောက်ဝန်ထမ်းတွေ ဆက်သွယ်တာလည်း နှေးတယ်။ နယ်စပ်မှာရှိတဲ့ မိုင်းငါ့က ဝန်ထမ်း တွေ မိုင်းလျမ်းကို အကြောင်းမကြားလို့ ဖြစ်မယ်။ ဒါကြောင့် နယ်စပ် ဖြတ်သန်းခွင့် အချိန်မီ မရတာ” ဟု UWSA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 KIA နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့၏ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် UWSA ဘက်မှ ကိုယ်စားလှယ်များ နယ်စပ်ဖြတ်သန်းခွင့် ကြိုတင်တောင်းထားသော်လည်း အချိန်မီ မကျလာ သည့်အတွက် ပျက်ကွက်ခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

လီကျူးလျဲ့ ခေါ် ဦးအောင်မြင့် (Photo:UWSA)
လီကျူးလျဲ့ ခေါ် ဦးအောင်မြင့် (Photo:UWSA)

“နယ်စပ်ဖြတ်ဖို့ ခွင့်တောင်းရင် ၁ ရက်တည်းနဲ့ရတာ ရှိသလို တခါတလေ ၃ ရက်ထိ ကြာတတ်တယ်။ ဒီတခေါက်တော့ အရမ်းကြာသွားတာတော့ အမှန်ဘဲ။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး” ဟု UWSA အရာရှိတစ်ဦးကလည်း ပြောသည်။

တဖက်၌လည်း မူးယစ်ဆေးဝါးကြောင့် နာမည်ကျော်ကြားနေသည့် အဖွဲ့မှ ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာပါက ဘေကျင်း(ပီကင်း)အတွက် မျက်နှာပူစရာဖြစ်မည် စိုးသည့်အတွက် တရုတ်ဘက်က နယ်စပ်ဖြတ်သန်းခွင့် မပေးခြင်းဖြစ်သည်ဟုလည်း တချို့က သုံးသပ် နေကြသည်။

ကျောက်ကော်အန်း (Photo:UWSA)

ကျောက်ကော်အန်း (Photo:UWSA)

UWSA ဘက်မှ ဒု-စစ်ဦးစီးချုပ် ကျောက်ကျုံးတန်း၊ ပြောရေးဆိုခွင့်ရှိသူ လီကျူးလျဲ့ ခေါ် ဦးအောင်မြင့် ၊ ပြည်ပဆက်သွယ်ရေးဌာနမှ ကျောက်ကော်အန်း တို့ကို ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရွေးချယ် ထားခဲ့ သည်။

 သျှမ်းသံတော်ဆင့်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်