Pages

Saturday, March 16, 2013

Google ဥက္ကဋ္ဌ မတ်လ ၂၂ ရက် လာမည်

ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော Google ကုမ္ပဏီဥက္ကဋ္ဌ EricSchmidt မတ်လ ၂၂ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အတွင်းရေး မှူး ဦးဇော်မင်းဦးက ပြောကြားသည်။ ၎င်း၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တွင် လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ကိုယ်ထူကိုယ်ထ စွန့်ဦးတီထွင် လူငယ် ပညာရှင် များနှင့် လည်း တွေ့ဆုံသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် Mr.EricSchmidt သည် လှိုင်မြို့နယ် MICT ခန်းမတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်းနှင့် ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်ကိုမူ သိရှိထားခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။ “ဘာအတွက် လာတာလဲတော့ မသိသေးဘူး။ ဖြစ်နိုင်ရင် အကူအညီ ပေးမယ်ဆိုရင် ကျေးလက်ဒေသ နည်းပညာဖွံ့ဖြိုးရေး အထောက်အပံ့တွေကို ဦးစားပေး တောင်းဆိုသွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ အမေရိကန်အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် Google ကပေးသည့် အချို့သော နည်းပညာဝန်ဆောင်မှု များ မြန် မာနိုင်ငံတွင် အသုံးပြုနိုင်ခြင်း မရှိသဖြင့် ယင်းဝန်ဆောင်မှု များ ပြန်လည် ဖွင့်ပေးရ န်နှင့် ကျောင်းများတွင် နည်းပညာ အထောက်အပံ့များ ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ကြောင်း Solveware Solution မှ ကွန်ပျူတာ လုပ်ငန်းရှင် ဦးငွေထွန်းက သုံးသပ်ပြောကြားသည်။

ယင်းသို့ အထောက်အပံ့များ ပေးနိုင်ရန်အတွက်လည်း မိမိတို့ဘက်မှ ဖြစ်နိုင်ခြေရှိသော လိုအပ်ချက်များနှင့် အခြေအနေ အရပ်ရပ်ကို တစ်စုတစ်စည်းတည်း ရှင်းပေးနိုင်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ အမေရိကန် နည်းပညာလောကတွင် အင်အားကြီးအုပ်စု တစ်ခုဖြစ်သော Google ကို ၁၉၉၆ ခုနှစ် မတ်လတွင် အမေရိကန်ပြည်ထောင်စု Stanford တက္ကသိုလ်မှ Ph.D ကျောင်းသားများဖြစ်သော LarryPage နှင့် SergeyBrin တို့ ပူးပေါင်းစတင်ခဲ့ကြခြင်းဖြစ်ပြီး နည်းပညာ ကုမ္ပဏီတစ်ခုအဖြစ် တရားဝင် သတ်မှတ်ကာ ၂၀၀၁ ခုနှစ် မတ်လတွင် Mr.EricSchmidt ကို ပထမဦဆုံး အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့ကြကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်