Pages

Saturday, March 16, 2013

လက်ပံတောင်းတောင်အနောက်ကလူ




 နေပူဖုံထူသော ချင်းတွင်း အနောက်ခြမ်း၊ မတ်လအတွင်း တစ်ရက်။ ဆန္ဒပြနည်းပေါင်းစုံဖြင့် နာမည်ကျော်သော ဆည်တည်းရွာအနီး အိမ်တစ်အိမ်သည် မိုဘိုင်းလ်များ၊ တက်ဘလက်များ၊ ကင်မရာများဖြင့် အလုပ်များလျက် ရှိသည်။ ထိုတိုက်ခံ နှစ်ထပ်အိမ်အနောက်ဘက်တွင် Sky Net ဂြိုလ်တုလိုင်းကို တပ်ဆင်ထားရာ တစ်ကမ္ဘာလုံးနှင့် တိုက်ရိုက်ချိတ်ဆက် ထားသကဲ့သို့ဖြစ်သည်။ ထိုရွာ သည် လက်ပံတောင်း အနီးတစ်ဝိုက်တွင် ရှားရှားပါးပါး လျှပ်စစ်မီးရသော ကျေး ရွာဖြစ်ပြီး ဒေါ်ေ အာင် ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် မုံရွာမြို့ မရောက် မီ နှစ်နာရီခန့် အလိုတွင် ထိုအိမ်အောက်ထပ်မှ လူတစ်ဦး ဖုန်းတစ်လုံးဖြင့် အောက်ပါအတိုင်း ခပ်သွက်သွက် ညွှန် ကြားလျက်ရှိသည်။

"ဦးသိန်းကိုပြောထား။ ဒေသခံက အော်သင့်ရင် အော်ပေးလိုက်။ တောင်ပေါ် မှာ ဖုန်းဘယ်သူ ကိုင်ထားလဲ။ ဆိုင်းဘုတ်တွေ ပြီးသွားပြီလား တကယ်လို့ အဲဒီဘက်ကို ဒေါ်စုလမ်းကြောင်း မတော်တဆ ဖြတ်ရင် လူထုကိုကြွေးကြော်သံ တင်ပေးလိုက်၊ ပုဒ်မ ၁၄၄ ရုပ်ဖို့၊ သံဃာတွေကို မီးလောင်ဗုံး တရား ခံဖော်ထုတ်ဖို့၊ ကော်မရှင်အလို မရှိ၊ စီမံကိန်းရုပ်သိမ်းရေး .... ဒါပဲ တင်ပေးလိုက်" "ရွှေညဝါကို ဆည် တည်းကို ရွှေ့ထား"၊ "အဖြူ လေးယောက်ကို တောင်ပေါ်က ပြန်ဆွဲ ချခဲ့တော့" စသည်တို့ဖြစ်သည်။ ယင်း ကဲ့သို့ဖုန်းဖြင့် ညွှန်ကြား နေသူသည် ထိုဒေသဇာတိ မဟုတ်ဘဲ ရန်ကုန်မှလာသူ တစ်ဦးဖြစ်ပြီး ၄င်းနှင့် အတူ အနည်းဆုံးငါးဦးမှ ၁၀ ဦးခန့် ပါလာကြကာ ထိုဒေသတစ်ဝိုက်တွင် ယမန် နှစ် အတွင်းက ပင် ရောက် ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆည်တည်းရွာ ဒေသခံ တစ်ဦးက ပြောပြသည်။
 
လက်ပံတောင်းတောင် ဒေသခံ များ၏ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော် မှုမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် စတင်ခဲ့ပြီး ထိုစဉ်က တောင်းဆိုမှုများ ကို တရုတ်ကုမ္ပဏီ ဝမ်ပေါင်ရုံးဝင်း၏ ဝင်ပေါက်တွင် ဝက်မှေးရွာမှ ဦးဆောင် ၍ ဒေသခံတောင်သူ ၁၀၀ ခန့်ဖြင့်စတင် ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သူ အားလုံး မှာ အမျိုးသမီးများသာ ဖြစ်ကြသည်။

ထိုအချိန်က ဒေသခံများ၏ လက်ထဲတွင် ဆိုင်းဘုတ်များ၊ ဗီနိုင်းများ မပါရှိသေးပေ။ ၄င်းတို့ခံစား နေရသည့် လယ်ယာမြေများပေါ်တွင် စွန့်ပစ်မြေများ လာမပစ်ရေး၊ ယာမြေ များပေါ်တွင် စက်ရုံ၊ အလုပ်ရုံ အဆောက် အအုံများ မဆောက်ရေး၊ ဝက်မှေးရွာ ဟောင်းမှ ချိတ်ပိတ်ထားသော ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်း ပြန်ဖွင့်ပေးရေး၊ ယင်းသို့ညှိနှိုင်းစဉ် အချိန် အတွင်း စီမံကိန်း ရပ်ဆိုင်းထားရေး စသည့်အချက် များသာဖြစ်ကြသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက် နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်များကို တုံ့ပြန်သည့်အနေနှင့် ကျေးရွာပိုင် ယာမြေများပေါ်၌ မကျူးကျော်ရ ဆိုသည့် လှုပ်ရှားမှုတွင် ကြေးနီစီမံကိန်း ဒေသခံများ အပြင် ရန်ကုန်မှကွန်ရက် အဖွဲ့ဝင်များပါ လက်ပံတောင်း အရေးတွင် ပါဝင်လာကြသည်။

ယင်းနောက် ၂၀၁၂ စက်တင် ဘာလ ၁၀ ရက်နေ့တွင် မုံရွာမြို့ရှိ ဆုတောင်းပြည့်ဘုရားသို့ ဆုတောင်း ရန် ရောက်ရှိလာသည့် လက်ပံတောင်းတောင် ဒေသခံအမျိုးသမီး ၁၂ ဦး သုံးရက်ကြာ မုံရွာမြို့ပေါ်တွင် မုံရွာ အာဏာပိုင်များက ဖမ်းဆီးလိုက်ကြသည်။

ရက်သတ္တပတ် အနည်းငယ် အကြာတွင် ဝမ်ပေါင်ကုမ္ပဏီ အနီး အခေါင်းသုံးလုံး မီးရှို့ဆန္ဒပြမှု၊ေ အာက် တိုဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ဆည်တည်းကျေးရွာ သုသာန် တွင် သေဆုံးပြီးသူ များမှ ပြန် လည် နိုးထလာသည့် ပါဖော့မာန့်များ ပြုလုပ်ခဲ့ကြသည်။ အောက်တိုဘာလ အတွင်း ပင် မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဒေသခံ များ ဆားလင်းကြီး ရဲစခန်းတွင် အပြန် အလှန် အမှုဖွင့်ခဲ့ပြီး ဦးပိုင်က အခေါင်း မီးရှို့မှုတွင် ပါဝင်သူ ၁၆ ဦးကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ခဲ့ကြသည်။

ထို့နောက် ချင်းတွင်းမြစ်အတွင်း မီးမျှောပွဲများ၊ ဆည်တည်းရွာ ပြည်သူ့ ညီလာခံ စသည့် ဆန္ဒထုတ်ဖော်ပွဲ များကို ရန်ကုန်ကွန်ရက် အဖွဲ့ဝင်များ၏ ဦးဆောင်မှုများဖြင့် ပြုလုပ်ခဲ့ကြသည်။ယင်းကဲ့သို့ ဆန္ဒပြမှုများအပြင် ယခုနှစ်အတွင်း နိုင်ငံရေးအရ တိုက်ခိုက်မှုများဖြစ်သည့် သမ္မတကို တရားစွဲ ဆိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို ဆန္ဒပြခြင်းတို့ အထိ လက်ပံတောင်း တောင် ၏ နောက် ကွယ် မှ ပေါ်ထွက် လာခဲ့ရာ ထိုပြဿနာသည် လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ထွန်းသစ်စ စီးပွားေ ရး ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ခြိမ်းခြောက်လာ ဖွယ်ရှိလာသည်။

စီမံကိန်း ဆက်လုပ်သင့်သည်ဟု ၂၀၁၃ မတ်လ ၁၄ ရက်တွင် အကြံပြုခဲ့သည့် ကော်မ ရှင်ဥက္ကဋ္ဌ ဒေါ်ေ အာင် ဆန်းစုကြည် က လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး အတွက် အဓိကကန့်ကွက် နေသော တုံရွာ သပိတ် စ ခန်းသို့ ဝင်ရောက်ကာ အောက်ပါအတိုင်း ရှင်းပြခဲ့ သည်။"စီမံကိန်းကို ရပ်လိုက်မယ်ဆိုရင် အကျိုး ဆက်က ဘာဖြစ်မယ်ဆိုတာ သေသေချာချာ ဂဃဏန ထောက်မပြ ပါဘူး။ အကျိုးဆက်ကတော့ ပျက်စီးတဲ့ မြေကတော့ ပျက်စီးတဲ့အတိုင်း ဖြစ်မှာပါ။ လယ်ယာမြေမရှိတဲ့သူက မရှိတဲ့အတိုင်းဖြစ်မှာပါ။ တခြားဘာမှ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ယုံကြည်မှု အများကြီး ကျသွားမှာပါ။ ကမ္ဘာမှာ ဆိုလို့ရှိရင် ဒီနိုင်ငံဟာ စီးပွားရေးအရ စာချုပ်ချုပ်ပြီး အလုပ်လုပ်သင့်တဲ့ နိုင်ငံ မဟုတ်ဘူးလို့ အများကဒီလိုပဲ သုံးသပ်မှာပါ။ ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့ အိမ်နီးချင်းနိုင်ငံတွေ နဲ့တောင် အဆင်ပြေအောင် မနေတတ်တဲ့နို င် ငံ ဖြစ်သွားမှာပါ။ ကျွန်မတို့အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ အပြုသဘော ဆောင်တဲ့ ဘက်က ကိုင်တွယ်ပါတယ်။ အပြစ်ရှာဖို့လည်း မဟုတ်ပါဘူး။ အပြစ် ဖို့ဖို့လည်း မဟုတ်ပါဘူး။ တရားခံ ရှာဖို့လည်း မဟုတ်ပါဘူး။ ဒီကိစ္စဟာ နောင်ကျလို့ရှိရင် ကျွန်မတို့ အတွက် ဘယ်လိုအကျိုးဖြစ်အောင် လုပ်ရမလဲ။ ဆိုတဲ့အမြင်နဲ့ လုပ်တာ" ဟု တုံရွာ သပိတ်စခန်း တွင် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ကော်မရှင်၏အစီရင်ခံစာကို တင်းတင်းမာမာ တုံ့ပြန်ကာ စီမံကိန်းရပ် ဆိုင်းရန်သာ ပြောဆိုနေကြသည့် သပိတ် စခန်းကို ဦးဆောင်နေသူမှာ ဒေသခံတစ်ဦး မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြနေခြင်းကိုပင် လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ကြတော့သည်။

ယခု ကန့်ကွက်မှုများသည် ရန်ကုန်မှ လာရောက်သူတစ်စုက အမာခံဖြစ်ပြီး ထိုသူတို့နှင့် အတူ ရုပ်သံမီဒီယာသမား တစ်ဦးသည်လည်း ထိုရွာတွင် လပေါင်းများစွာ နေထိုင်လျက်ရှိကာ ၂၀၁၃ ခုနှစ် မတ်လ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ထွက်လာချိန်တွင် အချိန်ကိုက်လှုပ်ရှား မှုများကို စတင်သည်ဟု ဒေ သခံ များက ဆိုသည်။

လက်ပံတောင်း တင်းမာမှုများ၏ နောက်ကွယ်တွင် ရန်ကုန်အခြေစိုက် ကွန်ရက်တစ်ခု၊ ရွာခံအချို့နှ င့် ပြည်တွင်း တွင် နေရာမရသည့် ပြည်ပ နေသူအချို့ ပါဝင်သည်ဟုလည်း Online သတင်းများက မှတ် ချက်ပြု ကြ သည်။ ထိုလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် ၏ အောက်ပါစကားဖြင့် ချိန်ထိုး ကြည့် စေချင်ပါသည်။

"နိုင်ငံရေးလုပ်တယ်ဆိုတာ လူကြိုက်များအောင် လုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်တယ် ဆိုတာ နိုင်ငံ့ အတွက် ကောင်းစေချင်လို့ လုပ်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်တာမျိုး ဖြစ်ရမယ်။ နိုင်ငံ့ အတွက် ကောင်းစေချင်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်တယ်ဆိုရင် အမုန်းခံ ရဲရမယ်။ တချို့ကိစ္စတွေက အား လုံး သဘောတူမှာ မဟုတ်ဘူး။"

ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင် စီမံကိန်းအတွင်း မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ နှစ်ရက်ခန့် အစီရင်ခံစာနှင့် ပတ်သက်၍ ရွာ ၁၀ ရွာကျော်ခန့်ရှိ ဒေသခံများကို တစ်နေ့ကုန် လိုက်ရှင်းပြခဲ့သည်။ အများစုမှာ ကော်မရှင်၏ အစီရင်ခံစာ ကို မဖတ်မိကြဘဲ စီမံကိန်းဆက် လုပ် မည်၊ မြေသိမ်းလိမ့်မည်ဟု နားလည်ကာ ကန့်ကွက်နေကြခြင်း ဖြစ်သည်။

ထိုကန့်ကွက်မှုနှင့် ပတ်သတ်၍ နေပြည်တော်တွင် The Voice Weekly က ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် မေးမြန်းရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် ဆန္ဒပြကန့်ကွက်သူ များ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများရှိကြောင်း မှတ်ချက်ပေးခဲ့သည်။

"နိုင်ငံရဲ့ အနာဂတ်အတွက် အကောင်းဆုံးအဖြေကို ရှာပြီး လုပ်ခဲ့တာပါ။ အများကြိုက်မှာ၊ မကြိုက်မှာ သြဘာပေးမှာ မပေးမှာကို မစဉ်စား ပါဘူး။ သဘော မတူမယ့်သူတွေ ရှိမယ်ဆိုတာ အစကတည်းက သိပါတယ်။ မီးလောင်ဗုံး ဆိုတာလည်းမဟုတ်ဘူး။ Smoke ဗုံး၊ မီးခိုးဗုံးကို မီးလောင်ဗုံးလို့ ပြောရမယ်ဆိုရင် အမေမ ပြောနိုင်ဘူး။ အမေဒါကို ကိုယ်တိုင်ထုတ်တဲ့ စက်ရုံမှာ သွားစမ်းပြီးသွားပြီ" ဟု ဒေါ်အောင် ဆန်း စုကြည်က မုံရွာခရီးစဉ် တွင်မှ အပြန်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂ နှစ်က စွန့်ပစ် မြေဇာများ ယာမြေများပေါ်တွင် မပုံရေးမှ စတင်ခဲ့သော လက်ပံတောင်း ပဋိပက္ခသည် ယခုအခါတွင် ကော်မရှင် က စီမံကိန်းဆက်လုပ်၍ မြေယာ လျော်ကြေးများကို ကာ လပေါက်ဈေး ဖြင့် ပေးပါမည် ဆိုသောအခါတွင်လည်း တောင်ကြီးကိုပဲ လိုချင်သည့် စီမံကိန်း ကို ရပ်ပါ ဟူ သည်အထိ ပြဿနာကို လက်ပံတောင်းတောင်အနောက်က လူများက ပြောင်းထားလိုက်ပြီ ဖြစ်သည်။

မတ်လ ၁၃ ရက် နေ့က ဖြေရှင်း ပေးရန်ရောက်လာသော ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကို အော်ဟစ်ရှုံ့ချသည်။ ဆဲဆိုသည်။ ပြီးခဲ့ သည့် ရက်ပိုင်းအတွင်းက သမ္မတကို တရားစွဲသည်။ ထို မတိုင်မီ မုံရွာမြို့ကြီး တွင်ပင် မမြင်ဘူး၊ မကြားဘူးသော သင်္ချိုင်းအတွင်း သရုပ်ပြ ဆန္ဒပြမှုတွေ အထိ ဆက်တိုက် ဆောင်ရွက်ခဲ့ကြသည်။ ထိုသူတို့သည် လွန်ခဲ့သော နှစ် ၅၀ ကျော်က အယူဝါဒ မှိုင်းမိသကဲ့သို့ တစ်ဖက်ပိတ်လမ်း၏ အန္တရာယ်ပိုင်း သို့ပင် ရောက်လုနီးပါး ဖြစ်ခဲ့သည်။ ပညာအခြေခံအားဖြင့် အားနည်းသူ များကို ထိုသို့ဖြစ်လာစေရန် လုပ်နေသူမှာ အများအပြားမဟုတ်။ အရေအတွက် အနည်းငယ်သော စည်းရုံးလှုံ့ဆော် နေသူများက အဓိကဖြစ်သည်။

ထိုသူတို့သည် မြန်မာ တစ်နိုင်ငံလုံးက သိချင်နေကြသည့် လက်ပံတောင်းတောင် ပဋိပက္ခနောက်ကွယ်က ဇာတ်လိုက်များ ဖြစ်သည်။ ထိုသူတို့သည် ထိုဒေသအတွက် မည်မျှ အကျိုးဆောင်နိုင်မည်ကို မသိသော်လည်း သန်း ၆၀ သော မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူတို့ ၏ ထွန်းသစ်စ အနာဂတ်ကိုပါ မှုန်မှိုင်း မှိန်ဖျော့သွားစေခြင်းငှာ မလုပ်သင့်။ ထိုသူတို့သည် ....။

THE VOICE


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်