Pages

Saturday, March 16, 2013

ခွင့်ပြုချက်မတောင်းပဲ ဆန္ဒပြသူများကို အရေးယူမည်ဖြစ်ကြောင်း ဒေါ်စုပြောပြီး နာရီပိုင်းအတွင်း ခွင့်ပြုချက်မတောင်းပဲ ဆန္ဒပြခဲ့သူများကို တရားစွဲ

 
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အလိုမရှိကြောင်း ရန်ကုန် တွင် ဆန္ဒ ထုတ်ဖော် ပြခဲ့သော ဦးဆောင် ဆန္ဒပြသူအချို့ကို မြို့နယ် ၃ မြို့နယ်မှပုဒ်မ ၁၈ ဖြင့် အရေး ယူထားကြောင်း ဦးဆောင်ဆန္ဒပြသူ ကိုလှိုင်မင်းဦးက ပြောကြားသည်။

အဆိုပါ ဆန္ဒပြရာတွင် ဦးဆောင် ဆန္ဒပြခဲ့သော လက်ပံတောင်းအရေးနှင့် လယ်ယာမြေအရေး တက်ကြွ လှုပ်ရှားသူ မနော်အုန်းလှ အပါအဝင် ကိုလှိုင်မင်းဦးနှင့် အခြားပုဂ္ဂိုလ်များကိုလည်း မရမ်းကုန်းမြို့နယ်  ၊ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့မှ အမှုဖွင့် အရေးယူ ထားကြောင်း ကိုလှိုင်မင်းဦးထံမှ သိရသည်။ “ဒီလို နိုင်ငံသား အခွင့်အရေးအရ ဆန္ဒပြတာကို အရေးယူတဲ့ ကိစ္စကတော့ ဒီမိုကရေစီမှာ မဖြစ်သင့်ဘူး” ဟု ဒေါ်နော်အုန်းလှကပြောကြားသည်။
 
၎င်းတို့အနေဖြင့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံကို ကန့်ကွက်ကြောင်း ကြေညာချက်ကိုယမန်နေ့က ထုတ် ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင်လည်း သက် ဆိုင်ရာ အာဏာပိုင်များမှ လက်ပံတောင်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ခဲ့သည် တရားခံကို အရေးယူ မပေးသည့်အပြင် ဆန္ဒပြသူများကို တရားစွဲဆိုသဖြင့် အဆိုပါ ကိစ္စရပ်များကို ထပ်မံဆန္ဒပြ သွားမည် ဖြစ်ကြောင်း ပါရှိသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ဆန္ဒပြသူများအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်းကို "သက်ဆိုင်ရာမှာ စာမတင်တဲ့အတွက် ဥပဒေအရနေ့ချင်းကို အရေးယူမှာ ပါ" ဟုမရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကံဝင်းက ပြောကြားသည်။

လက်ရှိ အခြေအနေတွင် ၎င်းတို့အား အရေးယူထားမှုနှင့်ဆက်လျဉ်းပြီး “ကျွန်တော်တို့က နိုင်ငံသား အခွင့်အရေးအရဆန္ဒပြတာ ဒါကို သက်ဆိုင်ရာက အရေးယူမယ်ဆိုလည်း အရေးယူပါ။ ကျွန်တော်တို့ က ပြည်သူတွေ ဆန္ဒ မရပ်မချင်းဆန္ဒပြ သွားမှာပါ” ဟုပြောကြားသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထွက်ရှိပြီးနောက် လုပ်ဆောင်ရန် လုပ်ငန်းကော်မတီကို အစိုးရအဖွဲ့မှ ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီတွင် တရုတ်ကုမ္ပဏီက အဖွဲ့ဝင်အဖြစ် ပါဝင်ပြီးဒေသခံ ကိုယ်စားလှယ် မပါဝင်ခြင်းကိုလည်း ဒေသခံများနှင့် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ကြသည်။


မောင်ကာဠု(လူထု)

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်