Pages

Saturday, March 16, 2013

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ် စေရန် နိုင်ငံ့ဝန်ထမ်း အားလုံး လစာနှစ်သောင်း တိုးမည်

လုပ်ခလစာ နည်းပါးမှုကြောင့် အခြားမလိုလားအပ်သော စာရိတ္တပိုင်းဆိုင်ရာ အားနည်းချက်များ ဖြစ်ပေါ်နေ သည့် နိုင်ငံ့ဝန်ထမ်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစ၍ လစာကျပ်နှစ်သောင်း တိုးမြှင့်ပေးမည်ဖြစ်ေ ကြာင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၁၅ ရက်နေ့က ကျင်း ပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ လစာတိုးရေးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ၏ ရသုံးမှန်းခြေ ငွေ စာရင်းဆိုင်ရာ ဥပဒေကြမ်းတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစိုးရဌာန ဆိုင်ရာများတွင် လုပ်ကိုင်နေသည့် နေ့စားဝန်ထမ်းများကို တစ်နေ့လျှင် ခုနစ်ရာကျပ် တိုးပေးမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများ အတွက်လည်း ပင်စင်လစာနှင့် ဆုကြေးငွေ တိုးပေးမည်ဖြစ်ကြောင်း ဦးဝင်းရှိန်က ဆိုသည်။ 
 
ဝန်ထမ်းလစာကို တိုးပေးသော်လည်း အခြေခံစားသောက် ကုန်စည်များကို ဈေးမတက်ရန် ထိန်းပေးသင့်ကြောင်း ရေနံချောင်း အထက(၂)မှ ဆရာမ ဒေါ်နန္ဒာမျိုးလှိုင်က အကြံပြုသည်။ “အရင်ကတိုင်း လစာတိုးမယ်လို့ အသံသဲ့သဲ့ ကြားတာနဲ့ ကုန်ဈေးက နည်းနည်းတက်လာတယ်” ဟု ၎င်းက ဆိုသည်။ နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးခြင်းဖြင့် ဝင်ငွေဖြန့်ဝေမှုကို ပိုမိုကောင်းမွန်စေကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

အခြေခံစားဝတ်နေရေးအတွက် လုံလောက်သော လစာငွေ မရရှိသည့် နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးခြင်းသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်ေ ကြာင်း ဟောင်ေ ကာင်တက္ကသိုလ်တွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို လေ့လာထား သည့် ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်က ဆိုသည်။ မြန်မာတစ်နိုင်ငံလုံးတွင် အမြဲတမ်း နိုင်ငံ့ဝန်ထမ်း ၁၂ သိန်း၊ နေ့စားဝန်ထမ်း ခုနစ်သောင်းလေးထောင်၊ အငြိမ်းစားဝန်ထမ်း ခုနစ်သိန်း ခြောက်သောင်းအတွက် လစာတိုးပေးရန် ပြည်ထောင်စုအစိုးရက ကျပ် ၃၈၂ ဒသမ ၆၈၂ ဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးနိုင်ရန် ပြည်ထောင်စု အစိုးရ၏ စီမံကိန်းအချို့ကို ဆိုင်းငံ့ခြင်းနှ င့် လျှော့ချခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် အမျိုးသားစီမံကိန်းနှင့် ကိုက်ညီ မည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်