Pages

Saturday, March 16, 2013

တရုတ်သမ္မတအဖြစ် ရှီကျင့်ဖျင်အား ရွေးချယ်


တရုတ် ကွန်မြုနစ် ပါတီ (စီပီစီ) ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖျင်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် မတ် ၁၄ ရက်က ရွေးချယ်တင်မြှောက် လိုက်ပြီ ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။ (၁၂) ကြိမ်မြောက် အမျိုး သား ပြည်သူ့ ကွန်ဂရက် (အင်န်ပီစီ) ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး၌ ရှီကျင့်ဖျင် ကို ရွေးချယ် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ အမျိုးသား ပြည်သူ့ ကွန်ဂရက်၏ အမြဲ တမ်း ကော်မတီ ဥက္ကဋ္ဌအဖြစ် ကျန်ဒီကျင်းကိုလည်း ရွေးခြယ်ခဲ့ကြသည်။ တစ်ဖန် တရုတ်ပြည်သူ့ သမ္မတနိုင် ငံ ဒုတိယ သမ္မတအဖြစ်လည်း လီယွမ်ချောင်ကို ရွေးချယ် တင်မြှောက်ခဲ့သည်။ လစ်လပ် သွားသည့် တရုတ် ကွန်မြူနစ်ပါတီ (စီပီစီ) အမြဲတမ်း ကော်မတီ၏ အထွေထွေ အတွင်းရေး မှူး နေရာတွင် ၀မ်ချန်ကို တာဝန်ပေးရန်လည်း သဘောတူညီခဲ့ကြသည်။ ထို့အပြင် (၁၂) ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်း ကော်မတီ အဖွဲ့ဝင် ၁၆၁ ဦး ကိုလည်း ရွေးချယ် တင်မြှောက်ခဲ့ကြသည်။ 

ဆင်ဟွာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်