Pages

Saturday, March 16, 2013

နိုင်ငံတိုင်းသို့ မြန်မာလုပ်သားများ တရားဝင်ပို့ခွင့်ပြု

ပြည်ပနိုင်ငံ ငါးနိုင်ငံကိုသာ အလုပ်သမား တရားဝင် ခွင့်ပြုထားသော မြန်မာနိုင်ငံက အမျိုးသားလုပ်သားများ အတွက် အလုပ်ရှင်များ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ တာဝန်ယူလျှင် တရားဝင် ပို့ဆောင်ခွင့်ကို မတ်လဆန်းပိုင်းက စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ အပါအဝင် အခြားနိုင်ငံများသို့ အလုပ်သမား တရားဝင် ပို့ဆောင်ခွင့်ပြုထားခြင်း မရှိသော်လည်း ပို့ဆောင်နေကြပြီး အလုပ်သမားများ ပြဿနာ ပေါ်ပေါက်ပါက အစိုးရက တရားဝင် အကာအကွယ် မပေးနိုင်ဘဲ အခွင့်အရေးများ ဆုံးရှုံးနေရသဖြင့် ယင်းသို့ ထပ်မဖြစ်ရန် တရားဝင် ခွင့်ပြုရခြင်း ဖြစ်သည်။ 
 
လတ်တလောတွင် အလုပ်သမား ၁၆ ဦး မြန်မာနိုင်ငံသို့ ပြန်လာခွင့်မ ရရှိ ဘဲြ ပဿ နာ ဖြစ်ပွားနေေ သာ ဆော်ဒီနိုင်ငံကို လည်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။ ပြည်ပအလုပ်အကိုင် ရွာေ ဖြေ ရး အေဂျင်စီက တာဝန်ယူ ပို့ဆောင်ထားသော အလုပ် သမားများ ပြဿနာ ဖြစ်ပွား၍ မဖြေရှင်းနိုင်လျှင် တရားဝင် လုပ်ငန်းလိုင်စင် သိမ်းခြင်း၊ ပိုင်ဆိုင်မှုများ သိမ်းယူခြင်း၊ လုပ်ငန်းအာမခံ ကြိုသွင်းငွေ (Depsoit) သိမ်း ယူခြင်း ပြစ်ဒဏ်များကို ပေးနိုင်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“အလုပ်သမားတွေ နစ်နာမှုမရှိရအောင် စနစ်တကျ သေသေချာချာ လုပ်သွားမှာပါ” ဟု ကူဝိတ်နိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရန် လုပ်ဆောင်နေသော ထက်ဦး ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၁၆၁ ခုကို တရားဝင် လုပ်ကိုင်ခွင့် ပြုထားကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်