Pages

Tuesday, March 19, 2013

အင်တာနက်လိုင်းမလိုဘဲ SMS မှတစ်ဆင့် Facebook Status များကို Update ပြုလုပ်နိုင်

Facebook Status များကို အင်တာနက် ကွန်နက်ရှင်မလိုဘဲ SMS မှတစ်ဆင့် Update ပြုလုပ်နိုင်မည့် အစီအစဉ်တစ်ရပ်ကို စတင်လိုက်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်မှာ MM Status (Myanmar Status) ဟု ခေါ်ဆိုနိုင်ပြီး M188 Mobile Application Services မှ မတ်လ ၁၂ ရက်နေ့မှစတင်ကာ ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ မိမိတို့၏ Facebook Account များတွင် တင်လိုသော Status များကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို တင်နိုင်မည်ဖြစ်ကြောင်း SMS (18880) သို့ မိမိတင်လိုသော စာသားကို ပေးပို့ပြီး အလွယ်တကူ Update ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

“SMS ပို့ပြီး Facebook Status ပေါ်မှာ တင်တဲ့အခါ SMS Server အနေနဲ့ ပေးပို့သူတွေရဲ့ Password ကို သိမ်းထားမှာ မဟုတ်ပါဘူး။ သိမ်းထားလို့လည်း မရဘူး။ ဒီစနစ် အသုံးပြုဖို့အတွက် Smart ဖုန်း ဖြစ်စရာလည်း မလိုပါဘူး။ ဘယ်ဖုန်းမဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု M188 မှ Assistand Manager ကိုရဲမြတ်အောင်က ပြောသည်။ Notification များကိုလည်း SMS ဖြင့် အခမဲ့ ပြန်လည်ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ MM Status ဝန်ဆောင်မှုကို အသုံးပြုလိုသူများ အနေဖြင့် တစ်ရက်လျှင် ၃၅ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အဆိုပါစနစ်ကို အခမဲ့တစ်လ အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။ MM Status နှင့် ပတ်သက်၍ http://www.facebook.com/mmfstatus, http://www.mmstatus.com နှင့် ဖုန်း-၀၁-၂၃၉၉၁၈၈ တို့တွင် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ Facebook ပေါ်တွင် Status များအား Update ပြုလုပ်ရာတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် မိမိတင်လိုသော Status ကို ကနဦး ပေးပို့ရကြောင်း MMstatus Server (18880) မှ မိမိ၏ SMS ကို လက်ခံရယူကာ Facebook သို့ Update တင်ပေးခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်