Pages

Tuesday, March 19, 2013

၂၀၁၃ ခုနှစ် အတာသင်္ကြန် ရက်များအတွင်း ရေပေးဝေမှု အစီအစဉ်

 
 
၂၀၁၃ ခုနှစ် အတာသင်္ကြန် ရက်များအတွင်း ပြည်သူများ ရေပြတ်လပ်မှု မရှိစေရေး အတွက် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန ( ရေနှင့် သန့်ရှင်းမှု ) က စီစဉ်ထားရာ ဧပြီလ ၁၃ ရက် ( သင်္ကြန် အကြိုနေ့ ) မှ ဧပြီလ ၁၆ ရက် ( သင်္ကြန် အကျနေ့ ) တို့တွင် ကျောက်တံတား ၊ ပန်းဘဲတန်း ၊ လသာ ၊ လမ်းမတော် ၊ ဗဟန်း နှင့် ဒဂုံ မြို့နယ် များသို့ နံနက် ၇ နာရီမှ ၁၁ နာရီ ၊ ညနေ ၃ နာရီမှ ၆ နာရီထိ ၂ကြိမ် ရေပေးဝေမည် ဖြစ်ကြောင်း ၊ အလုံ ၊ ကြည့်မြင်တိုင် နှင့် စမ်းချောင်း တို့အား နံနက် ၇ နာရီမှ ၁၀ နာရီထိ ရေပေးဝေ သွားမည် ဖြစ်ကြောင်း နှင့် ကျန်မြို့နယ် များကို မူလ ရေပေးဝေချိန် အတိုင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရေရရှိရေး အတွက် အကူအညီ တောင်းခံလို ပါက ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန ( ရေနှင့် သန့်ရှင်းမှု ) ဖုန်း ၀၁- ၂၄၉ ၆၅၅ ၊ ၀၁- ၂၄၃ ၅၅၀ ၊ ၀၁- ၃၈၂ ၉၈၉ ၊ ၀၁- ၃၈၂ ၉၉၀ ၊ ၀၁- ၆၆၀ ၃၄၀ တို့သို့ ဆက်သွယ် တောင်းခံ နိုင်ကြောင်း သိရှိရသည်။
 
PCT

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်