Pages

Tuesday, March 19, 2013

ပြည်တွင်းဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းရန် နျူကလီးယား ဓာတ်ပေါင်းဖို ဂျော်ဒန်၌ တည်ဆောက်မည်



 ဂျော်ဒန်နိုင်ငံသည် လာမည့် မေလလယ်တွင် ပထမဆုံးနျူ ကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်နိုင်ရေး အတွက် နည်းပညာများ လေ့လာစုစည်းလျက် ရှိကြောင်း ဂျော် ဒန်နိုင်ငံပိုင် သတင်းဌာန ပီတရာက မတ် ၁၇ ရက်၌ ထုတ်ပြန်သည်။ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ေ ရး အ တွက် ထောက် ကူ ဖြည့်ဆည်းပေးနိုင် ရန် လေ့လာ မှုများ ပြုလုပ်လျက်ရှိကြောင်း ဂျော် ဒန် နျူကလီးယား စွမ်းအင် အေဂျင်စီ အကြီးအကဲ ခါလက်တူခန်က ပြောကြားသည်။ ထိုသို့ နျူကလီးယား ဓာတ်ပေါင်းဖို ပြုလုပ်ရန် ရုရှား၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့က ကုမ္ပဏီများကို ကူညီပေးလျက်ရှိကြောင်း၊ လာမည့်မေလလယ်တွင် လုပ်ငန်းစတင်နိုင်ရန် မျှော်မှန်းထားကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မည့်နေရာကို ယခုမတ်လကုန်၌ အပြီးသတ်ေ ရွး ချယ်မည်ဖြစ်ပြီး လောလော ဆယ်တွင် နေရာသုံးခုမှ တစ်နေရာကို ရွေးချယ်ရန် စီစဉ်ထားသည်။ ထိုသို့ မြေနေရာရွေးချယ်မှုကို ဂျော်ဒန်အစိုးရသို့ တင်ပြအတည်ပြုချက် ရယူမည်ဖြစ်ပြီး စွမ်းအင်လိုအပ်ချက် ၉၆ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသဖြင့် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ဆင်ဟွာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်