Pages

Tuesday, March 19, 2013

ကားတင်သွင်းခွင့်ရ ကုမ္ပဏီ ၃၀ ခန့် အမည်ပျက်စာရင်း သွင်းမည်

နယ်စပ်ကနေ ကား ၆၈၃ စီးကို မူလအင်ဂျင်၊ ဖရိန်းနံပါတ် ပြင်ရိုက်ပြီး တင်သွင်းလာတဲ့ ကုမ္ပဏီတွေကို အမည်ပျက် စာရင်းသွင်းပြီး သတင်းစာကနေ ကြေညာသွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

‘ကားတင်သွင်းခွင့် မူဝါဒနဲ့တော့ ကိုက်တယ်၊ ဒါပေမဲ့ ချက်စီတွေ ပြန်ရိုက်ပြီး မော်ဒယ်လျှော့ချ လိုက်တဲ့အတွက် အခွန်တွေ လျော့သွားတယ်၊ ကုမ္ပဏီ ၂၀ ကျော်၊ ၃၀ ရှိတယ်’ ဟု အဲသည်တာဝန်ရှိသူ က ပြောပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း ‘ဘယ်ကုမ္ပဏီတွေဆိုတာ သတင်းစာထဲ မကြာခင် ကြော်ငြာထည့်မယ်၊ blacklist (အမည်ပျက်စာရင်း) မလုပ်ရင် ကြောက်မှာမဟုတ်ဘူး’ လို့ မန္တလေးမြို့ကို ယခုလ ၁၆ ရက်က ရောက်ရှိစဉ် ပြောကြားခဲ့ပါတယ်။ 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းတွေအရ ယခုအခါ ကားအစီးပေါင်း ၁၃၀,၀၀၀ ကျော် တင်သွင်းခွင့်ပြုထားပြီး ကားတင်သွင်းခွင့်ကိုလည်း ဆက်လက်ခွင့်ပြုနေမှာ ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်