Pages

Tuesday, February 12, 2013

နိုင်ငံ တစ်နိုင်ငံ တည်ဆောက် ရာတွင် ပညာရေး ဖြင့်သာ တည်ဆောက်နိုင်၊ ဒီမိုကရေစီ စနစ် သည် ပြည်သူက အုပ်ချုပ်သည့် စနစ်ဖြစ်၍ ပြည်သူတိုင်း ပါဝင်ခွင့် ရှိရေး ပညာ တတ်ရန်လို

ပြည်ထောင်စု လွှတ်တော် နာယက  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သည်  မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ် သီလဝ ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ရမည်းသင်း မြို့နယ် ဆင်းရဲနွမ်းပါး  ပညာသင်ဆု ငွေပဒေသာပင် စိုက်ထူ လှူဒါန်းခြင်း အခမ်းအနားသို့  တက်ရောက် အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ဖိတ် ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်  ပြည်ထောင်စု လွှတ်တော် နာယက က အမှာစကား ပြောကြားရာ၌ မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး /ပြည်နယ်၊   နိုင်ငံ တစ်နိုင်ငံ တည်ဆောက် ရာတွင် ပညာရေးဖြင့်သာ တည်ဆော က် နိုင်ေ ကြာင်း၊ယခု ပညာသင်ဆု ငွေပဒေသာပင်ကို ရမည်းသင်း မြို့နယ်မှ ဆင်းရဲနွမ်း ပါးပြီး ကျော င်းမေ န နိုင်သည့် ကလေးများ ကျောင်းနေနိုင်ပြီး ပညာတတ်များ ဖြစ်စေရန် စိုက်ထူခြင်း ဖြစ်ကြောင်း၊ ယခု စိုက် ထူသည့် ပညာသင် ဆု ငွေပဒေသာ ပင်ကို စည်းကမ်း စနစ် တကျနှင့် သမာသမတ် ကျစွာဖြင့် အမှန်တကယ် လိုအပ် သူများကိုသာ စိစစ် ရွေးချယ် ထောက်ပံ့ရန် လိုကြောင်း၊ ယခုချိန်တွင် မိမိတို့ နိုင်ငံ၌ ဒီမိုကရေစီ စနစ်  ကျင့်သုံးနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်သည် ပြည်သူက အုပ်ချုပ်သည့် စနစ် ဖြစ်သောကြောင့် ယင်းအုပ်ချုပ် ရေးတွင် ပြည်သူတိုင်း ပါဝင်ခွင့် ရှိသည့် အတွက် ပညာတတ်ရန် လိုကြောင်း၊ ပညာတတ် မှသာလျှင် နိုင်ငံတော်၏ အာဏာ သုံးရပ်ကို ကျင့်သုံးနေသည့် ပုဂ္ဂိုလ်များအား မှန်ကန်စွာ ရွေးချယ် နိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် ပညာတတ်မှ သာလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေ့လာပြီး နားလည် နိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခု ဆင်းရဲ နွမ်းပါး ပညာသင်ဆု ငွေပဒေသာ ပင်ကို ရေရှည် တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်း ကြရန် လိုကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု လွှတ်တော် နာယကထံ ဆင်းရဲ နွမ်းပါး ပညာသင်ဆု ငွေပဒေသာပင် အတွက် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ဦးကျော်မင်းနိုင်က မတည်ငွေ ကျပ်သိန်း(၁ဝဝ)ကို ပေးအပ် လှူဒါန်းသည်။

 ယခု ပညာသင်ဆုကို ၂ဝ၁၃-၂ ဝ၁၄ ပညာသင် နှစ်မှ စ၍ ထောက်ပံ့ ပေးသွား မည် ဖြစ်ေ ကြာင်း၊ ငွေပဒေသာပင် အုပ်ချုပ်မှု အဖွဲ့ကို ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း၊ ထောက်ပံ့ေ ကြး များ ပေး အပ် ရမည့် ကျောင်းသား ကျောင်းသူ များအား အုပ်ချုပ်ရေး အဖွဲ့ဖြင့် ရွေးချယ် သွား မည် ဖြစ်ကြောင်း၊ ယင်းသို့ ရွေးချယ်ရာတွင် အလယ်တန်း၊ အထက်တန်း အဆင့်တွင် ပညာ သင်ကြား နေသူ ဖြစ်ရမည်၊ အစိုးရနှင့် အခြား ပညာသင် ထောက်ပံ့ကြေး ရရှိသူ မဖြစ်စေရ၊ မိဘမဲ့၊ မိမစုံ ဖမစုံများနှင့် မသန်စွမ်း သူများ ဦးစားပေး ရမည်၊ စာမေးပွဲ ကျရှုံးသူ မဖြစ်စေရ၊ ယခု ထောက်ပံ့မှု မရရှိပါက ပညာ သင်ကြားမှု ရပ်ဆိုင်း ရမည့် သူနှင့် ကျောင်းနေနိုင် သော်လည်း ချို့တဲ့လွန်းသူ စသည့် အချက်များဖြင့် ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။

MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်