Pages

Tuesday, February 12, 2013

( ၆၆) နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြု ဘားကပ်- ရသေ့ပျံ- ကော့ဂွန်း ကျေးရွာ ချင်းဆက် ကတ္တရာ လမ်းသစ်ဖွင့်

(၆၆)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် ကရင်ပြည်နယ် ဘားအံ မြို့၌ ဘားကပ်- ရသေ့ပျံ- ကော့ဂွန်း ကျေးရွာချင်းဆက် ကတ္တရာ လမ်းသစ်ဖွင့်ပွဲ အခမ်း အနားကို ဖေဖော်ဝါရီ ၉ ရက်က ကျင်းပရာ အခမ်း အနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ ဝန်ထမ်းများ၊ လူမှုရေး အသင်း အဖွဲ့ဝင် များနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက် ကြသည်။

အဆိုပါ လမ်းသစ်ဖွင့်ပွဲ အခမ်း အနား၌ ပြည်နယ် ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ ဘားအံမြို့ ဘားကပ်- ရသေ့ပျံ- ကော့ဂွန်း ကျေးရွာချင်းဆက် ကတ္တရာ လမ်းကို နိုင်ငံတော်က ဖွင့်လှစ် ပေးနိုင်ခဲ့သည့် အတွက် ဝမ်းသာမိ ပါကြောင်း၊ ကျန်ရှိနေသော လမ်းအရှည် ပေ ၇ဝဝ ကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည့် အပြင် ဖွင့်လှစ် ပေးခဲ့သော လမ်းများ ရေရှည်တည်တံ့ ကောင်းမွန်စေရန် အတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက် ကြရန်နှင့် ကျေးရွာနေ မိဘ ပြည်သူများ ဒေသထွက် သီးနှံများ လွယ်လင့်တကူ ရောင်းဝယ် သွားလာနိုင်သည့် အပြင် ကျောင်းသား၊ ကျောင်းသူများ အချိန်နှင့် တစ်ပြေးညီ လွယ်ကူစွာ သွားလာနိုင်ပြီ ဖြစ်၍ ဝမ်းသာ မိပါကြောင်း နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။

MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်