Pages

Tuesday, February 12, 2013

ရန်ကုန်မြို့တွင်း ဘတ်စ်ကား စီး ခရီးသည်များ ကျေနပ်မှုမရှိပါက မထသ သို့ ဝက်ဘ်ဆိုက်မှ တဆင့် တိုင်ကြားနိုင်

 
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ဘတ်စ်ကား စီးနင်းမှုတွင် ခရီးသည်များဘက်မှ ကျေနပ်မှု မရှိပါ က မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (မ.ထ.သ) သို့ ဝက်ဘ်ဆိုက်မှ တဆင့် တိုင်ကြားနိုင်ကြောင်းသိရသည်။ယခင်က ဖုန်းဖြင့်သာ တိုင်ကြားနိုင်သော်လည်း ယခု kyawthiha.john@mhtcentral.org.mm သို့ တိုင်ကြားနိုင်ခြင်းဖြစ်ပြီး ၊ ဖြေရှင်းမှုများအား www.mhtcentral.org.mm ဝက်ဘ်ဆိုက်မှ တဆင့် လွှင့်တင်ပေးမည်ဖြစ်သည်။

“ဘတ်စ်ကားနဲ့ ပတ်သတ်တဲ့ ကိစ္စမှန်သမျှ အကုန်တိုင်လို့ရတယ် ” ဟု မ.ထ.သ အတွင်းရေးမှူး ဦးဘမြင့် ကပြောသည်။မ.ထ.သ လက်အောက်ရှိ ပြေးဆွဲ လျက်ရှိသော ဘတ်စ်ကားအများစုမှာ မှတ်တိုင်ေ ကျာ် ရပ်ခြင်း၊ သတ်မှတ်ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်း၊ လူပိုတင်ခြင်းအစရှိသည့် ကိစ္စရပ်များနှင့် ပတ်သက် ၍ ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်ခြင်းဖြစ်သည်။

သတ်မှတ်ခေါက်ရေအတိုင်း မဆွဲဘဲ ခေါက်တိုးပြေးဆွဲမှုမျိုးနှင့်ပတ်သက်၍ ကားနံပါတ်နှင့်အချိန်ကို မှတ် ထား၍ မထသ (ဗဟို) သို့ လိပ်မူပြီး တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလာသော စာများကို ဗဟိုသို့ တင်ပြ ကာ ဗဟိုမှ တာဝန်ယူ ဖြေရှင်း ပေးနေကြောင်း သိရသည်။

“တချို့ဘက်စ်ကား တွေမှာ ဖုန်းနံပါတ်က ပျက်နေပြီ မကျေနပ်တာရှိရင် ဘယ်ကိုတိုင်လို့တိုင်ရမှန်း မသိဘူး၊ အခုလို ဝက်ဘ်ဆိုက်မှာ တိုင်လို့ ရနိုင်မယ့်အပြင် ကားတွေပေါ်မှာ ဖုန်းနံပါတ် တွေကို သေသေချာ ချာပြန် ေ ရးေ ပးသင့်တယ် ”ဟု အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) ဝက်ဘ်ဆိုက်တွင် မထသနှ င့် ပတ် သက်၍ သတင်းများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

Myit Makha Mediagroup

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်