Pages

Tuesday, February 12, 2013

ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးရဲထွဋ်လည်း State Sponsored attacked သတိပေးစာ ရရှိခဲ့

 
ပြည်သူများ အထင်အမြင် လွဲမှားစေခဲ့သည့် Eleven ၏ သတင်းဖော်ပြချက်နှင့် ကွန်မန့်များ
Eleven မီဒီယာမှ ၄င်းတို့အား Google ကနေ State Sponsored attacked သတိပေးစာများ ပေးပို့ ခဲ့ကြောင်း၊ အစိုးရမှ ထောက်ပံ့ပေးသယောင် ရေးသားခဲ့သည်။ အဆိုပါ Eleven ၏ ရေးသားချက်ကြောင့် Myanmar Express မှလည်း ၄င်းတို့လည်း ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
 
 
 အလဲဗင်းမှ ဖော်ပြသည့် ပုံစံ
 
 Myanmar Express မှ ရရှိသည့် ပုံစံ
 
 
ဦးရဲထွဋ်မှ ရရှိသည့် ပုံစံ
 
 
Eleven ၏ ဖော်ပြချက်ကြောင့် နယူးယောက်တိုင်းမ် စာမျက်နှာတွင် ရေးသားမှု

ဦးရဲထွဋ်၏ ပြောပြချက်

မနက်ထဲက Google ကနေ State Sponsored attacked သတိပေးစာနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်ဖြေ ခဲ့ရတယ်။ 
ကျွန်တော်က ဒီလိုတိုက်ခိုက်တာမျိုးဟာ အစိုးရရဲ့ မူဝါဒမဟုတ်ဘူး။ အခု သတိပေးချက်ဟာ အရင် Google ကပို့ဖူးတဲ့ မေးလ် သတိပေးချက်နဲ့ ပုံစံ ကွာတယ်။ တကယ်လို့ Google ကပို့တယ်ဆိုရင်လည်း ဘယ်နိုင်ငံ အစိုးရ၊ ဘယ်အဖွဲ့အစည်းလည်းဆိုတာ တိတိကျကျ ပြောဖို့ ကောင်းတယ်၊ ဒီ လို ယေ ဘူယျရေးတာဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပုံရိပ်ကို ထိခိုက်စေတယ် လို့ ဖြေ ကြား ခဲ့ပါတယ်။ 
အခု ညနေ လေးနာရီ ဆယ့်ငါးမိနစ်မှာတော့ ကျွန်တော်လည်း အတိုက်ခံရ နိုင်ကြောင်း အခုလို သတိပေးချက်လက်ခံရရှိပါတယ်။ ဒီတော့ မြန်မာအစိုးရက attacked လုပ်တာဆိုတာ မဟုတ်တာတော့ သေချာပါတယ်လို့ပဲ ပြောချင်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်