Pages

Tuesday, February 12, 2013

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း မှ စကော့တလန် မခွဲထွက်ရန် တောင်းဆို

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် စကော့တလန်အား သီးခြား နိုင်ငံ တစ်ခုအဖြစ် ခွဲထွက်စေမည့် ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကို မပြုလုပ်ရန် တောင်းဆို ခဲ့ကြောင်း သိရှိရ ပါသည်။

ဗြိတိန် နိုင်ငံသည် နှစ်ပေါင်း ၃ဝ၆ နှစ်တိုင် ပေါင်းစည်း ခဲ့သည့် အနေ အထားမှ စကော့တလန်၏ ခွဲထွက်ရေး ဆောင်ရွက်မှုအား စွန့်လွှတ်ရေး အတွက် နောက်ဆုံး ကြိုးပမ်းမှု တစ်ခု အနေဖြင့် အဆိုပါ ကဲ့သို့ တောင်းဆို ခဲ့ခြင်း ဖြစ်ကြောင်း ဒေးဗစ် ကင်မရွန်းက ပြောကြား ခဲ့ပါသည်။ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ လတွင် ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲတွင် စကော့တလန် သားများမှ ထောက်ခံမဲ ပေးခဲ့ပါက ၂ဝ၁၆ ခုနှစ် မတ်လတွင် စကော့ တလန် နိုင်ငံအား သီးခြား လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာနိုင်မှာ ဖြစ်ကြောင်း စကော့ အမျိုးသား ပါတီ (SNP) က ပြောကြား ခဲ့ပါသည်။ UK နိုင်ငံမှ ခွဲထွက်ရေး အတွက် လိုအပ်သော အသေးစိတ် လုပ်ငန်း လမ်းညွှန်ချက် များကို ပထမ ဒုတိယ ဝန်ကြီး နီကိုလာ စတာဂျီယွန်မှ ထုတ်ပြန် ခဲ့ကြောင်း သိရှိ ရပါသည်။

မြ၀တီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်