Pages

Friday, February 15, 2013

မရေရာ မသေချာမှုများနှင့်အတူ ထားဝယ် အထူး စီးပွားရေးဇုန် လုပ်ငန်းများ ရပ်တန့်နေကြောင်း ထိုင်းအစိုးရ ဝန်ကြီး ပြောကြား

ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးသည် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသူများနှင့် ပဋိပက္ခများ၊ စီမံကိန်းမရေရာမှုများကြောင့် ရပ်တန့်နေကြောင်း ထိုင်းပို့ဆောင်ရေးဝန်ကြီး ချဒ်ချက်ဆစ်တီပွန်က ဖေေ ဖ်ာဝါရီ ၁၁ ရက်တွင် ဝန်ခံသည်။ ထားဝယ်အထူးစီးပွားရေးဇုန် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး ဆိုင်ရာ ဆပ်ကော်မတီတစ်ခု၏ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဆစ်တီပွန်က ပို့ဆောင်ရေး၊ ယာဉ်အသွားအလာ မူဝါဒရေးရာနှင့် စီမံကိန်းရုံးသည် စီမံကိန်း၏ အဓိကအလားအလာများကို မလေ့လာရသေးေ ကြာင်း ပြော ကြားသည်။ 
 
မစ္စတာချဒ်ချက်က အဓိက ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ် ဂျပန်နိုင်ငံ ပါဝင်လာရေးအတွက် ကြိုးပမ်းရာတွင်လည်း အခက်အခဲများရှိကြောင်း၊ ဂျပန်အစိုးရက ထားဝယ်တွင် ထိုင်းအစိုးရ အဆိုပြုသည့် ဆိပ်ကမ်းေ နရာ များနှင့် ပတ်သက်ပြီး သဘောမတူကြောင်း ပြောကြားသည်။ ဂျပန်က ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်ရန် စက်မှုနှင့် ကွန်ုတိန်နာ ဆိပ်ကမ်းများကို သီးခြားစီထားရန် တောင်းဆိုလျက်ရှိသည်။ ထိုင်းနိုင်ငံတွင် စက်မှု ဆိပ်ကမ်းကို မက်တာဖွတ်တွင်ထားပြီး ကွန်တိန်နာ ဆိပ်ကမ်းကို လီအန်ချာဘန်၌ ထားရှိသည်။

မစ္စတာချဒ်ချက်က ထားဝယ်စီမံကိန်း၏ အလားအလားများစွာအပေါ် ထိုင်းနှင့် ဂျပန်အကြား သဘော ကွဲလွဲမြှုများသည် ဖွံ့ဖြိုးတိုးတက်မှု စတင်ရန် အဓိက အခက်အခဲဖြစ်နေကြောင်း၊ ဂျပန်အစိုးရသည် ရင်းနှီးမြှုပ်မှု ကတိကဝတ်တစ်ခုပေးရန် မနီးစပ်သေးကြောင်း ပြောကြားသည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းသည်။ မစ္စတာချဒ်ချက်က ဂျပန်အစိုးရသည် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ရပ်ချရန် အနည်းဆုံး အချိန်တစ်နှစ်ကြာမည်ဖြစ်ကြောင်းနှင့် စီမံကိန်းအတွက် ရှင်းလင်းပြတ်သားသော ရန်ပုံငွေ ရှာဖွေရေးအစီအစဉ် တစ်ရပ် မရှိကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်