Pages

Friday, February 15, 2013

နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအ၀င် အစိုးရ အဖွဲ့ ခေါင်းဆောင် များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံပြီး ငြိမ်းချမ်းရေးစာချုပ်တွင် လုပ်ဆောင် ရန် ကျန်ရှိသည့် အချက်များအား ပူးပေါင်းဆောင်ရွက် ရန် ဆွေးနွေးခဲ့ေ ကြာင်း မြန်မာ့ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောကြားခဲ့သည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တက်ရောက်လာစဉ် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ''အဓိကကတော့ ငြိမ်းချမ်းရေး စာချုပ်ထဲမှာ အကောင်အထည်ဖော်ရမယ့် အချက်တွေရှိတယ်။ အဲဒါတွေကို ပိုပြီးတော့ ရုပ်လုံးပေါ်လာအောင် နီးနီးကပ်ကပ် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်အောင်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ခေါင်းဆောင်တွေ သက်ဆိုင်ရာ ၀န်ကြီးဌာနက ၀န်ကြီးတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဆွေးနွေးခဲ့ကြပါတယ်။ သမိုင်းမှာ ပြန်ကြည့်ရင် ဒီလိုမျိုး မရှိခဲ့ဘူး။ အစိုးရက တိုင်းရင်းသား အဖွဲ့တွေနဲ့ လက်တွဲပြီး ငြိမ်းချမ်းရေးကို ရအောင် လုပ်သွားမယ်ဆိုတဲ့ Message ကို ပေးတာပါ'' ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ ရက်က KIO အဖွဲ့၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒေါက်တာမင်းဇော်ဦးက ''ကျွန်တော်တို့ ရွှေလီမှာ ဆွေးနွေးကြတုန်းက နိုင်ငံတော် သမ္မတကြီးက သူကိုယ်တိုင် လက်မှတ်ထိုးပေးလိုက်တဲ့စာ KIO အဖွဲ့ခေါင်းဆောင်တွေကို ပေးလိုက်တယ်။ ဒီစာအပေါ်မှာပါတဲ့ အချက်အလက်အတိုင်း KIO တုံ့ပြန်တာ ဒါဟာ အပြုသဘော ဆောင်တယ် ငြိမ်းချမ်းရေးကို အမြန်ဆုံး ရရှိအောင် လုပ်ဆောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့ ပြောလို့ရတယ်'' ဟု ပြောကြားခဲ့သည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN)၊ ချင်းအမျိုးသား တပ်ဦး(CNF) စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တက်ရောက်ခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်