Pages

Friday, February 15, 2013

ပြည်ခိုင်ဖြိုး ပါတီ နေ့စဉ် သတင်းစာ ထုတ်ရန် စီစဉ်

 
ပြည်ထောင်စု လွှတ်တော်တွင် အင်အားအကြီးမားဆုံး ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီ က နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် စီစဉ်လျက်ရှိသည်ဟု အဆိုပါ ပါတီထိပ် တန်း ခေါင်းေ ဆာင် တစ်ဦးက ယခုလ ၅ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် တွင် ဖြေကြားသည်။

ယခုကဲ့သို့ ပါတီ၏ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေမည်ဟု ပြည်ခိုင်ဖြိုးပါတီက တရားဝင် ထုတ်ေ ဖာ် ပြော ကြားခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါ တီ ၏ အပတ်စဉ် ထုတ် ဒီလှိုင်းစာစောင်အား နေ့စဉ်ထုတ် အဖြစ် ထုတ်စေမည် ဟု ပြောကြား အပြီး နေ့ စဉ်ထုတ် သတင်းစာ ထုတ်ဝေမည့် ဒုတိယမြောက် နိုင်ငံရေး ပါတီ ဖြစ်လာ သည်။ နေ့စဉ်ထုတ် သတင်းစာ ထုတ်ရန်အတွက် များစွာပြင်ဆင်ရ မည် ဖြစ်သော်လည်း ဧပြီလ ၁ ရက်အမီ ထုတ်ဝေနိုင်ရန် ကြိုးစား သွားမည်ဟုလည်း ဦးဌေးဦးက ဖြည့်စွက်ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ယခုလ ၁ ရက်က နှစ်ပတ်တာ ကြာမြင့်ပြီး သင်တန်း သား သတင်းထောက် ၆၀ တက်ရောက်သည့် သတင်းစာ သတင်းထောက် သင်တန်း တစ်ရပ် ကို နေပြည်တော်ရှိ အဆိုပါ ပါတီ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်ဟု သိရသည်။ “ သင်တန်းပေး တယ် ဆိုတာ အခုမှ မဟုတ်ပါဘူး။ အရင် အသင်းဘဝကလည်း ပေးခဲ့ဖူးပါတယ်။ ကျွန်တော်တို့ သတင်းထော က်ေ တွေ တာင်မှ ခင်ဗျားတို့ ဂျာနယ်တိုက်တွေမှာ ရောက်နေတဲ့သူတွေ အများကြီးပဲ” ဟု ဟင်္သာတမြို့ နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဦးဌေးဦးက ပြောသည်။ ယခုအချိန်တွင် ရန်ကုန်အခြေစိုက် သတင်းသမား အချို့အား ခေါ်ယူစုဆောင်းမှုများ ရှိနေသည်ဟု ပြည်တွင်း အပတ်စဉ် ထုတ် စာစောင်တစ်စောင်မှ အယ်ဒီတာတစ်ဦးက ပြောကြားခဲ့သော်လည်း ဦးဌေးဦးက အတည်ပြုခဲ့ခြင်း မရှိပေ။

“သတင်းထောက်ဆိုရင် သုံးသိန်းခွဲနဲ့ အယ်ဒီတာ ငါးသိန်းဆိုတာတော့ ကြားတယ်” ဟု ၎င်းက ပြော သည်။ နေ့စဉ်ထုတ် စတင် ထုတ်ဝေပါက လောလောဆယ်တွင် ရန်ကုန်၌သာ အခြေစိုက်မည်ဖြ စ်ပြီး ပြည်သူများ အကျိုးရှိမည့် သတင်းများ၊ ပြည်သူများ သိသင့်သည့် အရာများကို ဖော်ပြ သွားမည် ဟု ပြောကြားသော်လည်း ပါတီ၏ မူဝါဒကို မည်မျှထင်ဟပ်မည် ဆိုသည်ကိုမူ ဦးဌေးဦးက ရှင်းရှင်းလင်း လင်း မပြောကြားခဲ့ပေ။ “ကျွန်တော့် အယူအဆပေါ့။ ပါတီဆိုတာ ပြည်သူပေါ်မှာ အခြေခံရတာ ။ ပြည်သူ အကျိုးရှိမယ့် အရာက ပါတီရဲ့ မူဝါဒပေါ့။ ဒါကြောင့် ပြည်သူ အကျိုးရှိတဲ့ အပေါ်မှာပဲ အခြေခံမယ်” ဟု နိုင်ငံ သားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးဌေးဦး က ပြောသည်။

ပါတီအနေဖြင့် အပတ်စဉ်ထုတ် စာစောင်လည်း ထုတ်ဝေရန် ကြိုးစားနေပြီး နေ့စဉ်ထုတ် သတင်းစာကို လည်း အဆင့်အတန်းမီ ထုတ်ဝေ သွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်