Pages

Friday, February 15, 2013

ထိုင်း တောင်ပိုင်းရှိ စစ်အခြေစိုက် စခန်းကို စစ်သွေးကြွများက စီးနင်းတိုက်ခိုက်

ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ပြည်နယ်ရှိ စစ်အခြေစိုက် စခန်းတစ်ခုကို သောင်းကျန်းသူများဟု သင်္ကာ မကင်းဖွယ်ရှိသော သေနတ်သမားများက ဖေဖော်ဝါရီ ၁၃ ရက်တွင် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သွေးကြွ ၁၆ ဦး သေဆုံးကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်း ထုတ်ပြန်သည်။

အေကေ- ၄၇ မောင်းပြန်ရိုင်ဖယ် သေနတ်များနှင့် အမ်-၁၆ တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ကိုင်ေ ဆာင် ထားသော စစ်သွေးကြွ ၁ဝဝ ခန့်သည် ဖေဖော်ဝါရီ ၁၃ ရက် နံနက် အစောပိုင်းက နာရာသီ ဝပ်ပြည် နယ်ရှိ စစ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကြီး ဆွမ်ကီယက်ဖိုပရာယွန်က ပြော ကြား သည်။ ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်သွေးကြွ ၁၆ ဦး သေဆုံးသည်ဟု အတည်ပြုနိုင်ေ ကြာင်း၊ တိုက်ခိုက်အပြီး ထွက်ပြေးသွားခဲ့ကြသော စစ်သွေးကြွ ၆ဝ မှ ၇ဝ ကို မိမိတို့၏ တပ်ဖွဲ့ဝင်များက လိုက် လံချေ မှုန်းလျက်ရှိကြောင်း ၄င်းက ပြောကြားသည်။

ထိုင်းနိုင်ငံရှိ မငြိမ်မသက်ဖြစ်နေသော နာရာသီဝပ်ပြည်နယ်၌ ရှစ်နှစ်ခန့်အတွင်း လူသေဆုံးမှု အများဆုံး တိုက် ခိုက် မှုတစ်ရပ် ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ချာလမ်းယူဘမ်ရွန်းက ဗန်ကောက်မြို့၌ သတင်းေ ထာက် များအား ပြောကြားသည်။ ထိုင်းနိုင်ငံတောင်ပိုင်း၌ ၂ဝဝ၄ ခုနှစ်မှစ၍ မငြိမ်မသက် ဖြစ်ခဲ့ရပြီး အကြမ်း ဖက် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၅၅ဝဝ ကျော် သေဆုံးခဲ့ရသည်။

ရိုက်တာသတင်းဌာန

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်