Pages

Friday, February 15, 2013

ကင်တားနား တချိန်တည်းတွင် ရခိုင်၊ ကုလား နှစ်မျိုးလုံးကို စစ်တွေ ဟိုတယ်တွင် တွေ့ဆုံ

ကင်တားနား ၊ Ashok Migan တို.နှင့် စစ်တွေမြို.မိမြို.ဖ (၁၆)ဦး ၊ ကုလားတစ်အုပ်စု တို. ယနေ. ၁၂-၂-၂၀၁၃ နေ.လည် ၁း၃၀ နာရီ မှ ၃း၀၀ နာရီထိ စစ်တွေဟိုတယ် ၌ တွေ.ဆုံ ။ ထိုတွေ.ဆုံမှု သည် ဒေ သ ခံရခိုင်များနှင့် ကင်တားနား တို.၏ ပထမဆုံး အကြိမ် တွေ.ဆုံမှုဖြစ်သည်။ ကင်တားနား သည် ထူးဆန်းစွာ ဘင်္ဂလီ ဟုသာ ဆက်တိုက် သုံးစွဲ ပြောဆိုသွား ။ သို.သော် ကုလား ဟုမသုံးစွဲ ကြရန် မေတ္တာရပ်ခံ။

ပဋိပက္ခအလွန် နှစ်ဘက်အုပ်စု ဆက်လက်မည်သို.မည်ပုံ နေထိုင်ရမည် ကို မိမိတို.အချင်းချင်းသာ ညှိနှိုင်း ဖြေရှင်းရမည့် ကိစ္စသာ ဖြစ်၍ ပြင်ပ ပုဂ္ဂိုလ် အဖွဲ.အစည်းများ ၀င်ရောက်ဖြေရှင်းပေး၍ မရနိုင်ကြော င်း ၊ မိမိသည် မည်သည့် လူ.အဖွဲ.အစည်း တွက်မဆို အခြေခံလူ.အခွင့်အရေး ကိုသာ လေ့လာ ဆန်းစစ်ပါကြောင်း ၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းမျာရှိ လူများ၏ အခြေအနေကို အလွန်အမင်းစိုးရိမ်မိ ဟုပြောကြားသည်။

UN ဋ္ဌာနေကိုယ်စားလှယ် Ashok Migan က ပြောကြားရာတွင် ရခိုင်လူမျိုး တို.၏ UNအဖွဲ.အစည်း များအပေါ် မယုံကြည်မှုကို မိမိနားလည်စာနာ ပါကြောင်း ၊ UN ၏ အလုပ်များသည် ပွင့်လင်းမြင်သာရမည် ၊လူသားချင်းစာနာဖို. နှင့် ညီမျှမှု ရှိဖို.လိုအပ်ပါကြောင်း ၊ UN နှင့် ရခိုင်လူမျိုးများ ကြားတွင် နားလည်မှု တည်ဆောက်ရန် လိုအပ်နေသေးကြောင်း ပြောကြားသည် ။

စစ်တွေမြို.မိမြို.ဖများကိုယ်စား ဦးသာပွင့် က လူ.အခွင့်အရေးသာမက တိုင်းရင်သားအခွင့်အရေးပါ အမှန်တ ကယ် ချိုးဖေါက်ခံနေရသူများမှာ မိမိတို. ရခိုင်လူမျိုးများသာဖြစ်ကြောင်း ၊ လူသားပုံမှန် မျိုးပွားနှူံးဖြင့် ရခိုင်ပြည်နယ်တွင် ဤမျှ ဘင်္ဂလီဦးရေများပြားလာနိုင်မှာမဟုတ်ကြောင်း ၊ တဖက်နိုင်ငံ သည်သာ လူ.အခွင့်အရေး ကျေညာစာတန်း အပိုဒ် ၁၃(၂) ကို ချိုးဖေါက်နေကြောင်း ၊ UN နှင့် နိုင်ငံ တကာအဖွဲ.အစည်းများ ပြင်ပနိုင်ငံများ က လည်း အိမ်ရှင် နှင့် ဓါးပြသူခိုး တို.ကို လူ.အခွင့်အရေးကို အကြော င်းပြပြီး တန်းတူထားဆက်ဆံရန်မသင့်ကြောင်း အကျယ်တ၀င့် ရှင်းလင်းတင်ပြသည်။ထိုနောက် ရခိုင်တို.ဘက်မှ ဦးကျော်ဦး ၊ဦးသာပွင့် နှင့် ဦးသန်းထွန်း တို. အပြန်အလှန် ဆွေးနွေးကြပြီး အခမ်းအနား ရုပ်သိမ်းကြသည် ။

ALP



No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်