Pages

Friday, February 15, 2013

ကချင် ပြည်နယ် စစ်ရေးပဋိပက္ခများ နှစ်ဖက် ရပ်ဆိုင်းရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားများ အစည်းအရုံး သဘောထား ထုတ်ပြန်


ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးနှစ်ဖက်ရပ်ဆိုင်း၍ ငြိမ်းချမ်းေ ရး ဒီမိုကရေစီအရေး ကြိုးပမ်းကြရန် ရည်ရွယ်၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား များ အစည်းအရုံးဗဟ အလုပ်အမှုဆောင် ကော်မတီမှ သဘောထား တိုက်တွန်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ သည်။ “ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး အေးချမ်းမှ နိုင်ငံတော်ရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး ပန်းတိုင်ကို လျင်လျင်မြန်မြန်နဲ့ ရောက်နိုင်မှာဖြစ်သလို ပဋိပက္ခအသွင်ဆောင်နေတဲ့ ကြားထဲမှာ အပြစ်မဲ့ပြည်သူတွေ စစ်ဘေးကြောင့်ဒုက္ခ တွေခံစားနေရာတာ မဖြစ်သင့်တော့ပါဘူး” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယအစည်းအဝေး ဒုတိယဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောကြားသည်။ 
 


သဘောထား ထုတ်ပြန်ချက်တွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခစစ်မီးသည် မြန်မာ့လူဦးရေ ၇၀ ရာနှုန်းကျော် နေထိုင်သော ကျေးလက်ဒေသများနှင့် တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များတွင် ပိုမိုပြင်းပြင်းထန်ထန် လောင်ကျွမ်းခဲ့ပါကြောင်း၊ လက်ရှိ ကချင်ပြည်နယ်တွင်လည်း လောင်ကျွမ်းဆဲဖြစ်ပြီး ယနေ့ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်လာခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး၏ အဝင်အထွက်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင် မရှုမလှ ခံလာခဲ့ရသော မြန်မာနိုင်ငံကို လွတ်လပ်ရေးရလာချိန်တွင် တစ်မျိုးသားလုံး သင့်မြတ်စည်းလုံးစွာ ပြန်လည်ထူထောင်ရမည့်အစား ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲများ၊ ပြည်ပသွေးထိုးမှုများကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲ၍  လက်နက်ကိုင်ပြည်တွင်း စစ်မီးဒဏ်ကို တစ်မျိုးသားလုံး ခံလာခဲ့ရကြောင်း၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လွတ်လပ်ရေး ရလာသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပြည်တွင်း စစ်ဖြစ်ပွားနေသော နိုင်ငံများမှာ ဆင်းရဲကျပ်တည်းမှုနှင့် ကြုံတွေ့လာခဲ့ရပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် သွားသော နိုင်ငံများသည် ခေတ်မီဖွံ့ဖြိုးလျက်ရှိကြောင်း။ လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခသည် ကျွဲနှစ်ကောင်ခတ် သည့်ကြားက ပြည်သူတို့ မြေစာပင်ပမာ ကြုံနေကြရပြီး တိုက်ခိုက်နေကြသော နှစ်ဖက် တိုင်းရင်းသားချင်း သွေးမြေကျလျက်ရှိနေပြီး ပြည်ထောင်စုကြီး၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေးဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အတားအဆီးသဖွယ်ဖြစ်နေကြောင်း၊ အမျိုးသားသင့်မြတ်စည်းလုံးရေး ဆိုသည်မှာလည်း ပြည်တွင်းတိုင်းရင်းသားချင်း၊ ညီညွတ်မှု တည်ဆောက်ရေး ဖြစ်ပါကြောင်း၊ အကောင်ဆုံးသော အတွေ့အကြုံ သင်ခန်းစာ များမှာလည်း ပြည်တွင်းမှာသာ ရှိနေပြီး ဒီမိုကရေစီနိုင်ငံ ထူထောင်ကူးပြောင်းနေချိန်တွင် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများအား အမြန်ဆုံး နှစ်ဖက် ရပ်ဆိုင်း၍ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများ ကြိုးပမ်းဆောင်ရွက် သွားစေလိုကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်