Pages

Friday, February 15, 2013

ဗုံးခွံစစ်ဆေးချက် အဖြေ ဝက်ဘ်ဆိုက် မှာ ကြည့်နိုင်ဟုဆို

လက်ပံတောင်းတောင်အရေး သပိတ်စခန်း ဖြိုခွင်းမှုနဲ့ ပက်သတ်တဲ့ စုံစမ်းလေ့လာ တွေ့ရှိချက် အပြည့်အစုံကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပေးပို့ထားတယ်လို့ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို ရှေ့နေများကွန်ရက်အဖွဲ့နဲ့ Justice Trust တို့က အရှေ့တောင်အာရှမှာ နာမည်ကြီးတဲ့ ဓါတ်ခွဲခန်း (ANS) ကို ပေးပို့ထားတာ ဖြစ်ပါတယ်။ အဲသည်က ထွက်လာတဲ့ အဖြေကို www.justice-trust.org ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ရင် အပြည့်အစုံ သိနိုင်တယ်လို့ ဆိုပါတယ်။ 
 
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ အမေရိကန်နိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပရော်ဖက်ဆာ Roger Normand (Justice Trust) တို့ရဲ့ စုံစမ်းစစ်ဆေးထားတဲ့ အချက်အလက်ေ တွ ဖြစ်ပါတယ်။ အဲသည် အချက်အလက်တွေမှာ ဥပဒေရှုထောင့်ဘက်က တွေ့ရှိမှု၊ အသုံးပြုထားတဲ့ လက် နက် ပစ္စည်းခွံ လေ့လာစုံစမ်း တွေ့ရှိမှုတွေ၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ လျော်ကြေးကိစ္စတွေ အစုံပါဝင်တယ်လို့ ဆိုပါတယ်။

 ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “အားလုံးပူးပေါင်း ပါဝင်ဖို့ ဒေါ်အောင် ဆန်း စု ကြည်က ခဏခဏ ပြောထားတာ ရှိပါတယ်။ အဲဒီအတွက် ရှေ့နေများကွန်ရက်က လေ့လာ စုံစမ်းတယ်။ တွေ့ရှိချက်ကို ကော်မရှင်ကို ပို့ထားတယ်၊ ဒီတွေ့ရှိချက်ကို ဘယ်လိုရည်ရွယ်ချက်နဲ့မှ မဟုတ်ဘဲ ရှင်းလင်းတင်ပြထားတာ ဖြစ်တယ်ဟု ဇန်နဝါရီ ၂၈ ရက်နေ့က အင်န်အယ်လ်ဒီ အီးမေးလ်နဲ့ ပို့တယ်၊ ဖေဖော်ဝါရီ ၄ ရက်မှာ တရားဝင်စာနဲ့ ပို့ပါတယ်” လို့ ပြောပါတယ်။ လက်ပံတောင်းတောင် အရေးမှာ လေ့လာတွေ့ရှိတဲ့ အချက်အလက် အပြည့်အစုံကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကိုလည်း တင်ပြထားတယ်လို့ ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်